COVID-19 ကပ်ရောဂါဖြစ်နေသော်လည်း ယခုဘဏ္ဍာနှစ် ၈ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံဖိုးဝင်ရောက်ထား - Property News in Myanmar from iMyanmarHouse.com
548 Views

COVID-19 ကပ်ရောဂါဖြစ်နေသော်လည်း ယခုဘဏ္ဍာနှစ် ၈ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံဖိုးဝင်ရောက်ထား

[Unicode]

COVID-19 ကပ်ရောဂါကာလအတွင်း ဒေါ်လာ သန်း ၆၈၀ ကျော်တန် ရင်းနှီးမြှုပ်နှံမှု ၉ ခု ကို ခွင့်ပြုပေးခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်သည်။

ထိုသို့ခွင့်ပြုလိုက်ခြင်းကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရှစ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုသည် ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံအထိ ရှိလာပြီဖြစ်သည်။

ကော်မရှင်က မေ ၂၂ရက်တွင် ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံမှု ၉ ခုကို ခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏသည် ဒေါ်လာ သန်း ၆၈၀ နှင့် ကျပ် ၉ ဒသမ ၆ ဘီလီယံကျော်ဖိုးဖြစ်သည်။

ခွင့်ပြုခဲ့သည့် လုပ်ငန်းများတွင် စက်မှုကဏ္ဍ၊ ဟိုတယ်ကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ နှင့် ဝန်ဆောင်ကဏ္ဍတို့မှ ဖြစ်သည်ဟု ကော်မရှင်က ထုတ်ပြန်ထားသည်။

“ဒီခွင့်ပြုတဲ့ လုပ်ငန်းတွေထဲမှာ LNG ကနေ လျှပ်စစ်ထုတ်တဲ့ စီမံကိန်းတွေပါပါတယ်"ဟု ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဌဦးသောင်းထွန်းက သူ၏ ဘူမူကွန်ယက်စာမျက်နှာ twitter တွင်ရေးသားထားသည်။

ယခုဘဏ္ဍာနှစ်တွင် ယခင်ဘဏ္ဍာနှစ်ထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက်ထားကြောင်း ဝန်ကြီးဦးသောင်းထွန်းက ဆိုသည်။

ယခုခွင့်ပြုမှုတွင် ပြည်တွင်းရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများက ရင်းနှီးမြှုပ်နှံမှုပမာဏတိုးမြှင့်ခြင်းတို့လည်း ပါဝင်သည်ဟု ကော်မရှင်ကဆိုထားသည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံဝင်ရောက်ခဲ့သည်ဟု ကော်မရှင်က ထုတ်ပြန်ထားသည်။ ကော်မရှင်က ယခုဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ၅ ဒသမ ၈ ဘီလီယံဝင်ရောက်ရန် ခန့်မှန်းထားသည်။

နိုင်ငံခြားကုမ္ပဏီ ၂၇ ခု သည် ဒေါ်လာ ၁ ဒသမ ၃၅ ဘီလီ ယံ ရင်းနှီးမြှုပ်နှံရန် အဆိုပြုထားသည်ဟု ၎င်းကဆိုထားသည်။ မြန်မာနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများဆုံးလုပ်ကိုင်သည့် နိုင်ငံမှ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။

နိုင်ငံအတွင်း နိုင်ငံပေါင်း (၅၁) နိုင်ငံက စီးပွားရေးကဏ္ဍ (၁၂) ခုတွင်ရင်းနှီးမြှုပ်နှံထားသည်ဟု ကော်မရှင်ကထုတ်ပြန်ထားသည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

COVID-19 ကပ္ေရာဂါျဖစ္ေနေသာ္လည္း ယခုဘ႑ာႏွစ္ ၈ လအတြင္း ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ေဒၚလာ ၄ ဒသမ ၁ ဘီလီယံဖိုးဝင္္ေရာက္ထား

COVID-19 ကပ္ေရာဂါကာလအတြင္း ေဒၚလာ သန္း ၆၈၀ ေက်ာ္တန္ ရင္းႏွီးျမႇဳပ္ႏွံမႈ ၉ ခု ကို ခြင့္ျပဳေပးခဲ့ေၾကာင္း ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္က ထုတ္ျပန္သည္။

ထိုသို႔ခြင့္ျပဳလိုက္ျခင္းေၾကာင့္ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ ရွစ္လအတြင္း ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈဝင္ေရာက္မႈသည္ ေဒၚလာ ၄ ဒသမ ၁ ဘီလီယံအထိ ရွိလာၿပီျဖစ္သည္။

ေကာ္မရွင္က ေမ ၂၂ရက္တြင္ ျပည္တြင္း၊ျပည္ပ ရင္းႏွီးျမႇဳပ္ႏွံမႈ ၉ ခုကို ခြင့္ျပဳခဲ့ၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏသည္ ေဒၚလာ သန္း ၆၈၀ ႏွင့္ က်ပ္ ၉ ဒသမ ၆ ဘီလီယံေက်ာ္ဖိုးျဖစ္သည္။

ခြင့္ျပဳခဲ့သည့္ လုပ္ငန္းမ်ားတြင္ စက္မႈက႑၊ ဟိုတယ္က႑၊ လွ်ပ္စစ္က႑ ႏွင့္ ဝန္ေဆာင္က႑တို႔မွ ျဖစ္သည္ဟု ေကာ္မရွင္က ထုတ္ျပန္ထားသည္။

“ဒီခြင့္ျပဳတဲ့ လုပ္ငန္းေတြထဲမွာ LNG ကေန လွ်ပ္စစ္ထုတ္တဲ့ စီမံကိန္းေတြပါပါတယ္"ဟု ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ဥကၠဌဦးေသာင္းထြန္းက သူ၏ ဘူမူကြန္ယက္စာမ်က္ႏွာ twitter တြင္ေရးသားထားသည္။

ယခုဘ႑ာႏွစ္တြင္ ယခင္ဘ႑ာႏွစ္ထက္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ပိုမိုဝင္ေရာက္ထားေၾကာင္း ဝန္ႀကီးဦးေသာင္းထြန္းက ဆိုသည္။

ယခုခြင့္ျပဳမႈတြင္ ျပည္တြင္းရွိ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ားက ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏတိုးျမႇင့္ျခင္းတို႔လည္း ပါဝင္သည္ဟု ေကာ္မရွင္ကဆိုထားသည္။

ၿပီးခဲ့သည့္ဘ႑ာႏွစ္တြင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈကို ေဒၚလာ ၄ ဒသမ ၅ ဘီလီယံဝင္ေရာက္ခဲ့သည္ဟု ေကာ္မရွင္က ထုတ္ျပန္ထားသည္။ ေကာ္မရွင္က ယခုဘ႑ာႏွစ္အတြက္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈကို ၅ ဒသမ ၈ ဘီလီယံဝင္ေရာက္ရန္ ခန႔္မွန္းထားသည္။

ႏိုင္ငံျခားကုမၸဏီ ၂၇ ခု သည္ ေဒၚလာ ၁ ဒသမ ၃၅ ဘီလီ ယံ ရင္းႏွီးျမႇဳပ္ႏွံရန္ အဆိုျပဳထားသည္ဟု ၎ကဆိုထားသည္။ ျမန္မာႏိုင္ငံ၌ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈအမ်ားဆုံးလုပ္ကိုင္သည့္ ႏိုင္ငံမွ စင္ကာပူႏိုင္ငံ၊ တ႐ုတ္ႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံတို႔ ျဖစ္သည္။

ႏိုင္ငံအတြင္း ႏိုင္ငံေပါင္း (၅၁) ႏိုင္ငံက စီးပြားေရးက႑ (၁၂) ခုတြင္ရင္းႏွီးျမႇဳပ္ႏွံထားသည္ဟု ေကာ္မရွင္ကထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service