မူဆယ် နယ်စပ်စီးပွားရေးဇုန် အကောင်အထည်ဖော်ဖို့အစီအစဉ်စတင် - Property News in Myanmar from iMyanmarHouse.com
1189 Views
မူဆယ် နယ်စပ်စီးပွားရေးဇုန် အကောင်အထည်ဖော်ဖို့အစီအစဉ်စတင်
[Unicode]
မြန်မာ-တရုတ်နယ်စပ် မူဆယ်တွင် နယ်စပ်စီးပွားရေးဇုန် စီမံကိန်း ပြန်လည်စတင်ရန်ဒေသအဆင့် ဆွေးနွေးညှိနှိုင်းမှုများ ပြန်လည်လုပ်ဆောင်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။
COVID-19 ရောဂါကြောင့်နယ်စပ်စီးပွားရေးဇုန် စီမံကိန်း အကောင်အထည်ဖော်ရေး ဆွေး နွေးမှုများ ရပ်ဆိုင်းထားခဲ့သည်ဟု ၎င်းကဆိုသည်။
‘‘နှစ်နိုင်ငံစလုံးမှာ ဖွဲ့ထားတဲ့ အကောင်အထည်ဖော်ရေး ဒေသဆိုင်ရာအဆင့် အဖွဲ့အစည်းတွေ ဆွေးနွေးမှု ပြန်စတင်မှာပါ’’ ဟု ဦးခင်မောင်လွင်က ပြောသည်။
မေလ ၂၀ ရက်တွင် မြန်မာ၊ တရုတ် နှစ်နိုင်ငံသမ္မတများ ဆွေးနွေးပြီး နောက်ဆက်တွဲအဖြစ် နယ်စပ်စီးပွားရေးဇုန် စီမံကိန်း ဆွေးနွေးပွဲများ ပြန်လည်စတင်ရန်စီစဉ်ခြင်းဖြစ်သည်။ နှစ်နိုင်ငံ သမ္မတများ ဆွေးနွေးမှုတွင် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကလြမ်း စီမံကိန်းများ ပါဝင်သည်။
မူဆယ်နှင့် ရွှေလီနယ်စပ်တွင် မြန်မာ-တရုတ် ပူးပေါင်းအကောင်အထည်ဖော်မည့် စီး ပွားရေးဇုန် စီမံကိန်းသည် စီးပွားရေးစင်္ကလြမ်းစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ကီလိုမီတာ ၁,၉၀၀ ကျော် ရှည်လျား သော မြန်မာ-တရုတ် နယ်စပ်တစ်လျှောက်တွင် စီးပွားရေးဇုန်စီ မံကိန်း သုံးခု အကောင်အထည် ဖော်ရန် နှစ်နိုင်ငံခေါင်းဆောင် များက သဘောတူထားသည်။
မြန်မာနိုင်ငံဘက်ခြမ်းတွင် မူဆယ်၊ ချင်းရွှေဟော်နှင့် ကန် ပိုက်တီ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအနီးတွင် စီးပွားရေးဇုန်များ အကောင်အထည်ဖော်မည်ဖြစ်သည်။ နှစ်နိုင်ငံနယ်စပ် တွင် စီးပွားရေးဇုန်များ အကောင်အထည်ဖော်မည့် အစီအစဉ်တွင် တရုတ်အစိုးရက မူဆယ်နယ်စပ်ကို ဦးစားပေး အကောင်အထည် ဖော်ရန် တိုက်တွန်းထားကြောင်း စီးပွားကူးသန်း ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောထားသည်။
နှစ်နိုင်ငံ နယ်စပ်စီးပွားရေးဇုန်များ ထူထောင်ခြင်းက ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံပြီး ကုန်ထုတ်လုပ်မှုတိုးတက်စေရေးတို့ အတွက် အကောင်အထည်ဖော် ခြင်းဖြစ်သည်။ စီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံမည်ဆိုပါက အခွန်ကင်းလွတ်ခွင့်၊ စီးပွားရေး ဇုန်မှာ သက်ဆိုင်ရာနိုင်ငံများ တင်ပို့မည်ဆိုပါက အခွန်သက်သာခွင့် စသည့် အခွင့်အရေးများ လည်းပါဝင်နေသည်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
Upcoming Property Events
From 23 Aug To 24 Aug
Mingalar Market
From 23 Aug To 24 Aug
INNO CITY
From 14 Aug To 31 Aug
THADAR CONDOMINIUM
From 27 Sep To 28 Sep
18th Property and Car Expo
Mingalar Market
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service