WESTIN ဟိုတယ် ၂၀၂၁ နှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်မည် - Property News in Myanmar from iMyanmarHouse.com
876 Views

WESTIN ဟိုတယ် ၂၀၂၁ နှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်မည်

[Unicode]

လက်ရှိ ကမ္ဘာအနှံ့ ဟိုတယ်လုပ်ငန်းများ၌ ဆယ်နှစ်ကျော်ကြာ ဦးဆောင်နေသည့် Westin Yangon ဟိုတယ်ကို ယခု ၂၀၂၁ နှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း Marriott International Inc (NASDAQ:MAR) မှ သိရသည်။

အထပ်ပေါင်း ၂၆ ထပ် ပါဝင်မည့် အဆိုပါဟိုတယ်ကို မြန်မာနိုင်ရှိ Yoma Central စီမံကိန်းတွင် ပါဝင် တည်ဆောက်သွားမည်ဖြစ်ပြီး သဘောတူညီမှုအရ ယင်းဟိုတယ်တွင် ဟိုတယ်ခန်းနှင့် Suites အခန်းပေါင်း ၂၈၁ ခန်း၊ ဝန်ဆောင်မှု အပြည့်ပါ ငှားရမ်းနိုင်သော လူနေအိမ်ပေါင်း ၉၀ ပါရှိမည် ဖြစ်ကြောင်း သိရသည်။

“ကမ္ဘာ့အဆင့်မီ ဟိုတယ်ဝန်ဆောင်မှုကိုနှစ်သက်တဲ့ စီးပွားရေးနဲ့ အပျော်ခရီးသွားတွေအတွက် Westin Yangon က အထူးသင့်တော်တဲ့ နေရာကောင်းတစ်ခု ဖြစ်လာမှာပါ။ Marriott International နဲ့ ပူးပေါင်းပြီး Westin Hotels and Resorts အမှတ်တံဆိပ်ကို မြန်မာနိုင်ငံကို ခေါ်ဆောင်လာနိုင်တဲ့အတွက် ဂုဏ်ယူမိပါတယ်” ဟု Yoma Land ၏ ဦးဆောင်သူဖြစ်သူ Mr. Stephen Purvis က ပြောသည်။

Yoma Central စီမံကိန်းသည် ရန်ကုန်မြို့၏ သက်တမ်းအရင့်ဆုံး ကိုလိုနီခေတ် အထင်ကရ အဆောက်အအုံတစ်ခု ဖြစ်သည့် ယခင်မီးရထားရုံးချုပ် အဆောက်အအုံဟောင်းကို ပြန်လည် ပြုပြင်မွမ်းမံ တည်ဆောက်နေခြင်း ဖြစ်ပြီး Westin Yangon ဟိုတယ်သည် စီမံကိန်း၏ တစ်စိတ်တစ်ဒေသအဖြစ် ပါဝင်မည်ဖြစ်သည်။

စီမံကိန်း ရာနှုန်းပြည့် ပြီးစီးပါက အဆင့်မြင့် ဇိမ်ခံလူနေအိမ်ခန်းများ၊ Grade A အဆင့်ရှိ ရုံးခန်းတာဝါနှစ်ခုနှင့် ဈေးဝယ်စင်တာတို့ကို ချိတ်ဆက် ဆောင်ရွက်ထားမည် ဖြစ်သည်။

အဆိုပါ Yoma Central စီမံကိန်းကို နာမည်ကျော် ဗိသုကာပညာရှင် Cecil Balmond OBE မှ ဒီဇိုင်း ရေးဆွဲပေးထားပြီး Yoma Strategic က ၄၈ ရာခိုင်နှုန်း၊ First Myanmar Investment Public Company Limited က ၁၂ ရာခိုင်နှုန်း၊ Mitsubishi ကုမ္ပဏီက ၃၀ ရာခိုင်နှုန်း၊ International Finance Corporation နှင့် Asian Development Bank တို့က ၅ ရာခိုင်နှုန်းစီ ရှယ်ယာ ပါဝင်ထားကြသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

WESTIN ဟိုတယ္ ၂၀၂၁ ႏွစ္ကုန္ပိုင္းတြင္ ဖြင့္လွစ္မည္

လက္ရွိ ကမာၻအႏွံ႔ ဟိုတယ္လုပ္ငန္းမ်ား၌ ဆယ္ႏွစ္ေက်ာ္ၾကာ ဦးေဆာင္ေနသည့္ Westin Yangon ဟိုတယ္ကို ယခု ၂၀၂၁ ႏွစ္ကုန္ပိုင္းတြင္ ဖြင့္လွစ္သြားမည္ ျဖစ္ေၾကာင္း Marriott International Inc (NASDAQ:MAR) မွ သိရသည္။

အထပ္ေပါင္း ၂၆ ထပ္ ပါဝင္မည့္ အဆိုပါဟိုတယ္ကို ျမန္မာႏိုင္ရွိ Yoma Central စီမံကိန္းတြင္ ပါဝင္ တည္ေဆာက္သြားမည္ျဖစ္ၿပီး သေဘာတူညီမႈအရ ယင္းဟိုတယ္တြင္ ဟိုတယ္ခန္းႏွင့္ Suites အခန္းေပါင္း ၂၈၁ ခန္း၊ ဝန္ေဆာင္မႈ အျပည့္ပါ ငွားရမ္းႏိုင္ေသာ လူေနအိမ္ေပါင္း ၉၀ ပါရွိမည္ ျဖစ္ေၾကာင္း သိရသည္။

“ကမာၻ႔အဆင့္မီ ဟိုတယ္ဝန္ေဆာင္မႈကိုႏွစ္သက္တဲ့ စီးပြားေရးနဲ႔ အေပ်ာ္ခရီးသြားေတြအတြက္ Westin Yangon က အထူးသင့္ေတာ္တဲ့ ေနရာေကာင္းတစ္ခု ျဖစ္လာမွာပါ။ Marriott International နဲ႔ ပူးေပါင္းၿပီး Westin Hotels and Resorts အမွတ္တံဆိပ္ကို ျမန္မာႏိုင္ငံကို ေခၚေဆာင္လာႏိုင္တဲ့အတြက္ ဂုဏ္ယူမိပါတယ္” ဟု Yoma Land ၏ ဦးေဆာင္သူျဖစ္သူ Mr. Stephen Purvis က ေျပာသည္။

Yoma Central စီမံကိန္းသည္ ရန္ကုန္ၿမိဳ႕၏ သက္တမ္းအရင့္ဆုံး ကိုလိုနီေခတ္ အထင္ကရ အေဆာက္အအုံတစ္ခု ျဖစ္သည့္ ယခင္မီးရထား႐ုံးခ်ဳပ္ အေဆာက္အအုံေဟာင္းကို ျပန္လည္ ျပဳျပင္မြမ္းမံ တည္ေဆာက္ေနျခင္း ျဖစ္ၿပီး Westin Yangon ဟိုတယ္သည္ စီမံကိန္း၏ တစ္စိတ္တစ္ေဒသအျဖစ္ ပါဝင္မည္ျဖစ္သည္။

စီမံကိန္း ရာႏႈန္းျပည့္ ၿပီးစီးပါက အဆင့္ျမင့္ ဇိမ္ခံလူေနအိမ္ခန္းမ်ား၊ Grade A အဆင့္ရွိ ႐ုံးခန္းတာဝါႏွစ္ခုႏွင့္ ေဈးဝယ္စင္တာတို႔ကို ခ်ိတ္ဆက္ ေဆာင္႐ြက္ထားမည္ ျဖစ္သည္။

အဆိုပါ Yoma Central စီမံကိန္းကို နာမည္ေက်ာ္ ဗိသုကာပညာရွင္ Cecil Balmond OBE မွ ဒီဇိုင္း ေရးဆြဲေပးထားၿပီး Yoma Strategic က ၄၈ ရာခိုင္ႏႈန္း၊ First Myanmar Investment Public Company Limited က ၁၂ ရာခိုင္ႏႈန္း၊ Mitsubishi ကုမၸဏီက ၃၀ ရာခိုင္ႏႈန္း၊ International Finance Corporation ႏွင့္ Asian Development Bank တို႔က ၅ ရာခိုင္ႏႈန္းစီ ရွယ္ယာ ပါဝင္ထားၾကသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service