မြရည်နန္ဒာတန်ဖိုးမျှတိုက်ခန်းဝယ်ယူခွင့်ရထားသူများအနက်မှ စပေါ်ငွေပေးသွင်းထားသူများကို ဇွန်လ ပထမရက်များတွင် မဲနှိုက်ခွင့်ပြုသွားမည် - Property News in Myanmar from iMyanmarHouse.com
1290 Views

မြရည်နန္ဒာတန်ဖိုးမျှတိုက်ခန်းဝယ်ယူခွင့်ရထားသူများအနက်မှ စပေါ်ငွေပေးသွင်းထားသူများကို ဇွန်လ ပထမရက်များတွင် မဲနှိုက်ခွင့်ပြုသွားမည်

[Unicode]

မြရည်နန္ဒာ တန်ဖိုးမျှတိုက်ခန်းဝယ်ယူခွင့်ရထားသူများအနက်မှ စပေါ်ငွေပေးသွင်းထားသူများကို ဇွန်လ ပထမရက်များတွင် မဲနှိုက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာတန်ဖိုးမျှတိုက်ခန်း ဝယ်ယူခွင့်အတွက် မဲနှိုက်ချထားပေးခဲ့ရာ ဝယ်ယူ ခွင့်ရရှိသူ ၅၈၆ ဦးရှိပြီး စပေါ်ငွေ ပေးသွင်းသူများအား လာမည့် ဇွန်လ ၁ ရက်မှ ၄ ရက်နေ့တွင် ပြုလုပ်မည့် တိုက်ခန်းနေရာ မဲနှိုက်ခွင့်ပြုမည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာမှ သိရသည်။ဝယ်ယူခွင့်ရသူများသည် စပေါ်ငွေကျပ်သိန်း ၂၀ ပေးသွင်းရမည်ဖြစ်သော်လည်း အချို့မှာ ပေးသွင်းရန် ကျန်ရှိ နေသေးကြောင်း သိရသည်။

“ ပုံမှန်အစီအစဉ်အတိုင်းပဲ ဆက်လုပ်ဖြစ်ပါတယ်။မဲလည်း ဒီ လေးရက်မှာ ဆက်နှိုက်ဖြစ်မှာပါ။စပေါ်ငွေကလည်း တော်တော်များများသွင်းပြီးသွားပါပြီ။ကျန်တဲ့သူ သိပ်မရှိတော့ပါဘူး။”ဟု မြို့တော် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးကျော်ဆန်းမင်း က ပြောသည်။

တိုက်ခန်းနေရာမဲနှိုက်ရန် နိုင်ငံဝန်ထမ်းများကို ဇွန် ၁ ရက်နေ့၊ ပင်စင်စားများကို၂ ရက်နေ့၊ ပြည်သူများကို ၃ ရက် နေ့ ၊ ကုမ္ပဏီဝန်ထမ်းများကို ၄ ရက်နေ့ဖြစ်ပြီး မြို့တော်စည်ပင်သာယာခန်းမ၌ စနစ်တကျစီစဉ်ထားကြောင်းလည်း သိရသည်။ တိုက်ခန်းဈေးနုန်းများမှာ ကုန်သွယ်လုပ်ငန်းခွန်အပါအဝင် မြေညီထပ်၂၈၈ သိန်းကျော်၊ပထမထပ် ၂၅၇ သိန်း ကျော်၊ဒုတိယထပ်၂၃၁ သိန်းကျော်၊တတိယထပ်၂၁၁ သိန်းကျော်၊စတုတ္ထထပ်၁၉၅ သိန်းကျော်နှင့်ပဉ္စမထပ် သိန်း ၁၈၀ ကျော်ဖြစ်ကြောင်းသိရသည်။

နှစ်နှစ်ခွဲကာလအတွင်း ပြည်သူ့အိမ်ရာနှင့် ဝန်ထမ်းအိမ်ရာများကို PPP စနစ်ဖြင့် အခန်း ၄ဝဝဝ ကျော်၊ ကုမ္ပဏီများမှ အခန်း ၆ဝဝဝ ကျော်ဖြင့် အခန်းပေါင်း ၁၀,၀၀၀ ကျော် တည်ဆောက်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှသိရသည်။မြို့ပြနှင့်အိမ်ရာများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် လာမည့် သုံးနှစ်အတွင်း ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများတွင် မြို့ပြစီမံကိန်းနှင့် စက်မှုမြို့တော်များ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းလည်းသိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ျမရည္နႏၵာတန္ဖိုးမွ်တိုက္ခန္းဝယ္ယူခြင့္ရထားသူမ်ားအနက္မွ စေပၚေငြေပးသြင္းထားသူမ်ားကို ဇြန္လ ပထမရက္မ်ားတြင္ မဲႏႈိက္ခြင့္ျပဳသြားမည္

ျမရည္နႏၵာ တန္ဖိုးမွ်တိုက္ခန္းဝယ္ယူခြင့္ရထားသူမ်ားအနက္မွ စေပၚေငြေပးသြင္းထားသူမ်ားကို ဇြန္လ ပထမရက္မ်ားတြင္ မဲႏႈိက္ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီမွ သိရသည္။

မႏၲေလး ခ်မ္းျမသာစည္ၿမိဳ႕နယ္ ျမရည္နႏၵာတန္ဖိုးမွ်တိုက္ခန္း ဝယ္ယူခြင့္အတြက္ မဲႏႈိက္ခ်ထားေပးခဲ့ရာ ဝယ္ယူ ခြင့္ရရွိသူ ၅၈၆ ဦးရွိၿပီး စေပၚေငြ ေပးသြင္းသူမ်ားအား လာမည့္ ဇြန္လ ၁ ရက္မွ ၄ ရက္ေန႔တြင္ ျပဳလုပ္မည့္ တိုက္ခန္းေနရာ မဲႏႈိက္ခြင့္ျပဳမည္ျဖစ္ေၾကာင္း ၿမိဳ႕ေတာ္စည္ပင္သာယာမွ သိရသည္။ဝယ္ယူခြင့္ရသူမ်ားသည္ စေပၚေငြက်ပ္သိန္း ၂၀ ေပးသြင္းရမည္ျဖစ္ေသာ္လည္း အခ်ိဳ႕မွာ ေပးသြင္းရန္ က်န္ရွိ ေနေသးေၾကာင္း သိရသည္။

“ ပုံမွန္အစီအစဥ္အတိုင္းပဲ ဆက္လုပ္ျဖစ္ပါတယ္။မဲလည္း ဒီ ေလးရက္မွာ ဆက္ႏႈိက္ျဖစ္မွာပါ။စေပၚေငြကလည္း ေတာ္ေတာ္မ်ားမ်ားသြင္းၿပီးသြားပါၿပီ။က်န္တဲ့သူ သိပ္မရွိေတာ့ပါဘူး။”ဟု ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီအဖြဲ႕ဝင္ ဦးေက်ာ္ဆန္းမင္း က ေျပာသည္။

တိုက္ခန္းေနရာမဲႏႈိက္ရန္ ႏိုင္ငံဝန္ထမ္းမ်ားကို ဇြန္ ၁ ရက္ေန႔၊ ပင္စင္စားမ်ားကို၂ ရက္ေန႔၊ ျပည္သူမ်ားကို ၃ ရက္ ေန႔ ၊ ကုမၸဏီဝန္ထမ္းမ်ားကို ၄ ရက္ေန႔ျဖစ္ၿပီး ၿမိဳ႕ေတာ္စည္ပင္သာယာခန္းမ၌ စနစ္တက်စီစဥ္ထားေၾကာင္းလည္း သိရသည္။ တိုက္ခန္းေဈးႏုန္းမ်ားမွာ ကုန္သြယ္လုပ္ငန္းခြန္အပါအဝင္ ေျမညီထပ္၂၈၈ သိန္းေက်ာ္၊ပထမထပ္ ၂၅၇ သိန္း ေက်ာ္၊ဒုတိယထပ္၂၃၁ သိန္းေက်ာ္၊တတိယထပ္၂၁၁ သိန္းေက်ာ္၊စတုတၳထပ္၁၉၅ သိန္းေက်ာ္ႏွင့္ပၪၥမထပ္ သိန္း ၁၈၀ ေက်ာ္ျဖစ္ေၾကာင္းသိရသည္။

ႏွစ္ႏွစ္ခြဲကာလအတြင္း ျပည္သူ႔အိမ္ရာႏွင့္ ဝန္ထမ္းအိမ္ရာမ်ားကို PPP စနစ္ျဖင့္ အခန္း ၄ဝဝဝ ေက်ာ္၊ ကုမၸဏီမ်ားမွ အခန္း ၆ဝဝဝ ေက်ာ္ျဖင့္ အခန္းေပါင္း ၁၀,၀၀၀ ေက်ာ္ တည္ေဆာက္မည္ ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွသိရသည္။ၿမိဳ႕ျပႏွင့္အိမ္ရာမ်ား စနစ္တက် ဖြံ႕ၿဖိဳးတိုးတက္ႏိုင္ေရးအတြက္ လာမည့္ သုံးႏွစ္အတြင္း ရန္ကုန္၊ မႏၲေလး စသည့္ ၿမိဳ႕ႀကီးမ်ားတြင္ ၿမိဳ႕ျပစီမံကိန္းႏွင့္ စက္မႈၿမိဳ႕ေတာ္မ်ား အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္းသိရသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service