ဘဏ်တိုးနှုန်းများ ထပ်မံ လျှော့ချပေးခြင်းအပါအဝင် အကြောင်းအရာ အချို့ကြောင့် ကပ်ရာဂါ အလွန်တွင် အိမ်ခြံမြေ ဈေးကွက်ပြန်လည် သက်ဝင်လှုပ်ရှားမည် - Property News in Myanmar from iMyanmarHouse.com
10065 Views

ဘဏ်တိုးနှုန်းများ ထပ်မံ လျှော့ချပေးခြင်းအပါအဝင် အကြောင်းအရာ အချို့ကြောင့် ကပ်ရာဂါ အလွန်တွင် အိမ်ခြံမြေ ဈေးကွက်ပြန်လည် သက်ဝင်လှုပ်ရှားမည်

[Unicode]

ဘဏ်တိုးနှုန်းများ ထပ်မံ လျှော့ချပေးခြင်း အပါအဝင် အကြောင်းအရာအချို့ကြောင့် ကပ်ရာဂါ အလွန်တွင် အိမ်ခြံမြေ ဈေးကွက်ပြန်လည် သက်ဝင်လှုပ်ရှားမည်ဖြစ်ကြောင်း ဝါရင့်အိမ်ခြံမြေအကျိုးဆောင်များက သုံးသပ်ပြောဆိုသည်။

မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်မှာ၂၀၂၀ နှစ်ဆန်းကာလများတွင် သွက်လက်ခဲ့သော်လည်း Covid-19 ရောဂါကြောင့် အိမ်၊ ဆိုင် အရောင်းအဝယ် အားနည်းခဲ့ရသည်။ ကပ်ရောဂါအလွန်တွင် ပြန်လည်သက်ဝင်လှုပ်ရှားမှုမှာ အခြားနိုင်ငံများထက် မြန်ဆန်လာနိုင်ကြောင်း အကျိုးဆောင်များက သုံးသပ်ခြင်းဖြစ်သည်။ထိုကဲ့သို့ သုံးသပ်ရခြင်းမှာ ဘဏ်တိုးနှုန်းများ ထပ်မံ လျှော့ချပေးခြင်း အပါအဝင်အခြားအကြောင်းအရာများကြောင့်ဖြစ်ကြောင်းလည်း သိရသည်။

“တကယ်ဆိုရင် ကုမ္ပဏီတွေ၊ ရောင်းချင်တဲ့သူတွေ ဘက်ကလည်း အရောင်းအဝယ် ဖြစ်နိုင်တဲ့ ‌ဈေးတန်းမျိုး ဖြစ်သင့်ပါတယ်။ ဥပမာ ဆိုင်ခန်းတစ်ခုကို တကယ်တမ်း အရောင်းအဝယ် ဖြစ်နိုင်မယ့် ဈေးတန်းနဲ့ ဆိုရင် လိုအပ်သူကလည်း ချက်ချင်းဝယ်ယူမှာပဲပေါ့။နောက်ပြီး အခုကာလကိုကျော်လွန်ရင် ကမ္ဘာ့နိုင်ငံတွေနဲ့ အိမ်ခြံမြေလုပ်ငန်းပိုင်းမှာဆိုရင် ကိုယ်တွေဆီက ကြားကာလမှာလျှော့ချပေးထားတဲ့ ဘဏ်အတိုးနှုန်းတွေကလည်းရှိတော့ သက်ဝင်လှုပ်ရှားတာ မြန်ဆန်လာမှာပါ။”””ဟု ဒဂုံလေးမြို့နယ်အခြေစိုက် ဝါရင့်အကျိုးဆောင်တစ်ဦးကပြောသည်။

လက်ရှိ Covid-19 ကပ်ရောဂါ ကာလအတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဘဏ်တိုးနှုန်းများကို အပ်ငွေနှင့် ချေးငွေများ အပေါ်တွင် အတိုးနှုန်းများ ထပ်မံ လျှော့ချပေးခဲ့ရာ ဘဏ်အပ်ငွေများသည် ရွှေဈေးကွက်နှင့် အိမ်ခြံမြေ ဈေးကွက်သို့ ပြန်လည် စီးဝင်လာမည့် အနေအထား ဖြစ်လာသည့်အပြင် မြန်မာ့ရွှေဈေးသည်လည်း ကမ္ဘာ့ရွှေဈေးနှင့်အတူ ပြန်လည် မြင့်တက်လာမည် ဖြစ်သောကြောင့် ဒေါ်လာဈေးများလည်း ပြန်တက်လာမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]











Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service