Local Property News | Posted by Si Thu Aung
[Unicode]
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်း SCG ၏ စုစုပေါင်းဝင်ငွေ ကျဆင်းခဲ့သော်လည်း မြန်မာနိုင်ငံ ဈေးကွက်အတွင်းမှ ဝင်ငွေအမြတ်မှာ ယခင် ၂၀၁၈ ခုနှစ်ထက် ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း SCG ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး ကုမ္ပဏီမှ သိရသည်။
ဝင်ငွေအမြတ်သည် ၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် မြန်မာကျပ်ငွေ ၁၀၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၁ မီလီယံ) ရှိခဲ့ခြင်းဖြစ်ပြီး အဓိကအားဖြင့် ဘိလပ်မြေ ဆောက်လုပ်ရေး လုပ်ငန်းမှ ၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ခြင်း ဖြစ်ကြောင်း SCG ၏ ဥက္ကဋ္ဌနှင့် စီအီးအိုဖြစ်သူ Mr. Roongrote Rangsiyopash က ပြောသည်။
အဆိုပါ နှစ်အတွင်း လုပ်ငန်းဆောင်ရွက်မှု ရလဒ်များအရ အာဆီယံ ဒေသတွင်း SCG လုပ်ငန်း လုပ်ဆောင်နေသော ဒေသများ (ထိုင်းနိုင်ငံမပါ) အတွင်း ရရှိခဲ့သော အရောင်းဝင်ငွေမှာ ၂၀၁၈ ခုနှစ်ထက် တည်ငြိမ်နေခဲ့ပြီး စုစုပေါင်း အရောင်းဝင်ငွေ၏ ၂၇ ရာခိုင်နှုန်းခန့် ရှိကာ မြန်မာကျပ်ငွေ ၁၅၂၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀၀၆ မီလီယံ) ခန့် ရရှိခဲ့ကြောင်း သိရသည်။
“ဒီရလဒ်တွေဟာ အာဆီယံဒေသ ဈေးကွက်တစ်ခုချင်းစီရဲ့ ပြည်တွင်းလုပ်ငန်း ဆောင်ရွက်ချက်တွေနဲ့ ထိုင်းနိုင်ငံအတွင်း လုပ်ငန်း ဆောင်ရွက်ခြင်းက တင်ပို့မှု နှစ်ခုလုံးကနေ ရောင်းချခြင်းတို့ ပါဝင်တယ်” ဟု Mr. Roongrote Rangsiyopash က ပြောသည်။
၂၀၁၉ ခုနှစ်၊ ဘဏ္ဍာရေးနှစ် လုပ်ငန်းရလဒ်များကို ကြေငြာခဲ့ရာတွက် ဓာတုဈေးနှုန်းများ ကျဆင်းမှုကြောင့် ရောင်းရငွေမှ စာရင်းသွင်းခဲ့သော စုစုပေါင်းဝင်ငွေမှာ ယခင်နှစ်ထက် ၈ ရာခိုင်နှုန်း လျော့နည်းခဲ့ပြီး မြန်မာကျပ်ငွေ စုစုပေါင်း ၂၁၄၇၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၄၁၀၈ မီလီယံ ရရှိခဲ့ကြောင်း သိရသည်။
SCG အနေဖြင့် ၂၀၁၉ ခုနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှုများကို ကြေငြာခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ထိန်းချုပ်၍ မရနိုင်သော အကြောင်းအရင်းများကြောင့် ဖြစ်ပေါ်လာသော အနှောင့်အယှက်များကို ကျော်လွှားရန်အတွက် စီးပွားရေး မဟာဗျူဟာများကို မိတ်ဆက်ခဲ့သည်။
အာဆီယံ ဒေသတွင်းရှိ ဝယ်ယူသူများ၏ ချစ်ခင်မှုကို ရရှိစေရန်နှင့် ရေရှည်တည်တံ့သော စီးပွားရေး တိုးတက်မှုကို ထိန်းသိမ်းရန် ရည်ရွယ်၍ SCG အနေဖြင့် အဓိက စီးပွားရေး လုပ်ငန်းသုံးခုကို ပြုပြင်မွမ်းမံသွားမည် ဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကို ကုန်ထုတ်လုပ်ငန်း တစ်ခုမှနေ၍ Solution & Service Provider အဖြစ်သို့ ထိထိရောက်ရောက် ပြောင်းလဲခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
အက္စ္စီဂ်ီ၏ စုစုေပါင္းဝင္ေငြ က်ဆင္းခဲ့ေသာ္လည္း ျမန္မာႏိုင္ငံ ေဈးကြက္အတြင္းမွ ဝင္ေငြအျမတ္ တိုးတက္ခဲ့ဟုဆို
ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္အတြင္း SCG ၏ စုစုေပါင္းဝင္ေငြ က်ဆင္းခဲ့ေသာ္လည္း ျမန္မာႏိုင္ငံ ေဈးကြက္အတြင္းမွ ဝင္ေငြအျမတ္မွာ ယခင္ ၂၀၁၈ ခုႏွစ္ထက္ ၅ ရာခိုင္ႏႈန္း တိုးတက္ခဲ့ေၾကာင္း SCG ဘိလပ္ေျမႏွင့္ အိမ္ေဆာက္ပစၥည္း ေရာင္းဝယ္ေရး ကုမၸဏီမွ သိရသည္။
ဝင္ေငြအျမတ္သည္ ၂၀၁၉ ခုႏွစ္၊ ႏွစ္ကုန္ပိုင္းတြင္ ျမန္မာက်ပ္ေငြ ၁၀၇ ဘီလီယံ (အေမရိကန္ေဒၚလာ ၇၁ မီလီယံ) ရွိခဲ့ျခင္းျဖစ္ၿပီး အဓိကအားျဖင့္ ဘိလပ္ေျမ ေဆာက္လုပ္ေရး လုပ္ငန္းမွ ၅ ရာခိုင္ႏႈန္း တိုးတက္လာခဲ့ျခင္း ျဖစ္ေၾကာင္း SCG ၏ ဥကၠ႒ႏွင့္ စီအီးအိုျဖစ္သူ Mr. Roongrote Rangsiyopash က ေျပာသည္။
အဆိုပါ ႏွစ္အတြင္း လုပ္ငန္းေဆာင္႐ြက္မႈ ရလဒ္မ်ားအရ အာဆီယံ ေဒသတြင္း SCG လုပ္ငန္း လုပ္္ေဆာင္ေနေသာ ေဒသမ်ား (ထိုင္းႏိုင္ငံမပါ) အတြင္း ရရွိခဲ့ေသာ အေရာင္းဝင္ေငြမွာ ၂၀၁၈ ခုႏွစ္ထက္ တည္ၿငိမ္ေနခဲ့ၿပီး စုစုေပါင္း အေရာင္းဝင္ေငြ၏ ၂၇ ရာခိုင္ႏႈန္းခန႔္ ရွိကာ ျမန္မာက်ပ္ေငြ ၁၅၂၃ ဘီလီယံ (အေမရိကန္ေဒၚလာ ၁၀၀၆ မီလီယံ) ခန႔္ ရရွိခဲ့ေၾကာင္း သိရသည္။
“ဒီရလဒ္ေတြဟာ အာဆီယံေဒသ ေဈးကြက္တစ္ခုခ်င္းစီရဲ႕ ျပည္တြင္းလုပ္ငန္း ေဆာင္႐ြက္ခ်က္ေတြနဲ႔ ထိုင္းႏိုင္ငံအတြင္း လုပ္ငန္း ေဆာင္႐ြက္ျခင္းက တင္ပို႔မႈ ႏွစ္ခုလုံးကေန ေရာင္းခ်ျခင္းတို႔ ပါဝင္တယ္” ဟု Mr. Roongrote Rangsiyopash က ေျပာသည္။
၂၀၁၉ ခုႏွစ္၊ ဘ႑ာေရးႏွစ္ လုပ္ငန္းရလဒ္မ်ားကို ေၾကျငာခဲ့ရာတြက္ ဓာတုေဈးႏႈန္းမ်ား က်ဆင္းမႈေၾကာင့္ ေရာင္းရေငြမွ စာရင္းသြင္းခဲ့ေသာ စုစုေပါင္းဝင္ေငြမွာ ယခင္ႏွစ္ထက္ ၈ ရာခိုင္ႏႈန္း ေလ်ာ့နည္းခဲ့ၿပီး ျမန္မာက်ပ္ေငြ စုစုေပါင္း ၂၁၄၇၀ ဘီလီယံ (အေမရိကန္ေဒၚလာ ၁၄၁၀၈ မီလီယံ ရရွိခဲ့ေၾကာင္း သိရသည္။
SCG အေနျဖင့္ ၂၀၁၉ ခုႏွစ္အတြက္ လုပ္ငန္းေဆာင္႐ြက္မႈမ်ားကို ေၾကျငာခဲ့ၿပီး ၂၀၂၀ ခုႏွစ္တြင္ ထိန္းခ်ဳပ္၍ မရႏိုင္ေသာ အေၾကာင္းအရင္းမ်ားေၾကာင့္ ျဖစ္ေပၚလာေသာ အေႏွာင့္အယွက္မ်ားကို ေက်ာ္လႊားရန္အတြက္ စီးပြားေရး မဟာဗ်ဴဟာမ်ားကို မိတ္ဆက္ခဲ့သည္။
အာဆီယံ ေဒသတြင္းရွိ ဝယ္ယူသူမ်ား၏ ခ်စ္ခင္မႈကို ရရွိေစရန္ႏွင့္ ေရရွည္တည္တံ့ေသာ စီးပြားေရး တိုးတက္မႈကို ထိန္းသိမ္းရန္ ရည္႐ြယ္၍ SCG အေနျဖင့္ အဓိက စီးပြားေရး လုပ္ငန္းသုံးခုကို ျပဳျပင္မြမ္းမံသြားမည္ ျဖစ္ၿပီး လူ႔စြမ္းအားအရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္မႈကို ကုန္ထုတ္လုပ္ငန္း တစ္ခုမွေန၍ Solution & Service Provider အျဖစ္သို႔ ထိထိေရာက္ေရာက္ ေျပာင္းလဲျခင္း လုပ္ငန္းမ်ားကိုလည္း ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။
မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com