၂၀၂၀ ခုနှစ် ပထမသုံးလအတွင်း ပြုလုပ်ခဲ့သည့် အိမ်ခြံမြေအရောင်းပြပွဲများမှ ကျပ် ၂၇ ဘီလီယံ ကျော်ဖိုး ရောင်းချခဲ့ဟုဆို - Property News in Myanmar from iMyanmarHouse.com
836 Views

၂၀၂၀ ခုနှစ် ပထမသုံးလအတွင်း ပြုလုပ်ခဲ့သည့် အိမ်ခြံမြေအရောင်းပြပွဲများမှ ကျပ် ၂၇ ဘီလီယံ ကျော်ဖိုး ရောင်းချခဲ့ဟုဆို

[Unicode]

iMyanmarHouse.com မှ ၂၀၂၀ ခုနှစ် ပထမသုံးလအတွင်း ပြုလုပ်သည့် အိမ်ခြံမြေ အရောင်းပြပွဲများမှ မြန်မာကျပ်ငွေ ၂၇ ဒသမ ၈ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၉ သန်း ကျော်) ရောင်းချခဲ့ကြောင်း မေလ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာသည်။

အဆိုပါ ပထမ သုံးလအတွင်း iMyanmarHouse.com သည် အိမ်ခြံမြေအရောင်းပြပွဲကြီး နှစ်ပွဲနှင့် သီးသန့် အိမ်ခြံမြေ အရောင်းပြပွဲပေါင်း ၂၆ ပွဲကို ကျင်းပ ပြုလုပ်နိုင်ခဲ့ရာ ထိုအရောင်းပြပွဲများအတွင်း အိမ်ခြံမြေစုစုပေါင်း ၇၃၀ ကျော် ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။

“၂၀၂၀ ဟာ ကျွန်တော်တို့အတွက် တာထွက်ကောင်းတဲ့ နှစ်ပါ။ ၂၀၁၉ နဲ့ ပထမ သုံးလပတ်ချင်း ယှဉ်မယ်ဆိုရင် ရောင်းအားက ၆၀ ရာခိုင်နှုန်းကျော် တက်လာပါတယ်။ ပထမ သုံးလပတ်အပြီး ဧပရယ်လမှာ ကမ္ဘာ့ကပ်ရောဂါနဲ့ ကြုံခဲ့ရလို့ အရောင်းပြပွဲတွေ ရက်ရွေ့ဆိုင်း ထားရပေမယ့် ကျွန်တော်တို့က အွန်လိုင်းကနေ အရောင်းအဝယ် ဆက်လုပ်လို့ရအောင် ဝန်ဆောင်မှု ပေးလျက်ရှိပါတယ် ” ဟု iMyanmarHouse.com ၏ မန်နေဂျင်း ဒါရိုက်တာ ဦးနေမင်းသူက ပြောသည်။

Covid-19 ကြောင့် Lockdown ကာလများတွင် အွန်လိုင်းသုံးစွဲသူ ပိုမိုများပြားလာရာ iMyanmarHouse.com ဝဘ်ဆိုက်အား ဝင်ရောက်ကြည့်ရှု့နှုန်း စုစုပေါင်း ၅ သန်းကျော် ရှိခဲ့ပြီး ပုံမှန်ထက် ၃၅ ရာခိုင်နှုန်းကျော် များပြား ခဲ့သည့်အပြင် အချို့ရက်များတွင် ပုံမှန်ထက် နှစ်ဆနီးပါး လူဝင်ကြည့်နှုန်းများခဲ့ကြောင်း အွန်လိုင်းဒေတာ အချက်အလက်များအရ သိရသည်။

ထို့ပြင် Covid အလွန် ကာလတွင် မြန်မာနိုင်ငံ၏ စီပွားရေးလောက ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိရန် လအနည်းငယ် အချိန်ယူရမည်ဟု ခန့်မှန်းထားသော်လည်း iMyanmarHouse.com အနေဖြင့် အိမ်ခြံမြေကဏ္ဍ မြန်ဆန်စွာ ပြန်လည်တိုးတက် ကောင်းမွန်အောင် နည်းပညာပိုင်းအပြင် ဝန်ဆောင်မှုပိုင်းကိုပါ ပိုမိုအားထည့်၍ ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]












Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service