ယခုဘဏ္ဍာနှစ်အတွက် ဘတ်ဂျတ်လိုငွေဖြည့်တင်းရန် အစိုးရက ဗဟိုဘဏ်ထံမှ ကျပ် ၁၃၀၀ ဘီလီယံ ချေး - Property News in Myanmar from iMyanmarHouse.com
769 Views

ယခုဘဏ္ဍာနှစ်အတွက် ဘတ်ဂျတ်လိုငွေဖြည့်တင်းရန် အစိုးရက ဗဟိုဘဏ်ထံမှ ကျပ် ၁၃၀၀ ဘီလီယံ ချေး

[Unicode]

COVID-19 ကပ်ရောဂါဖြစ်နေသည့် ယခုဘဏ္ဍာနှစ် ၂၀၁၉-၂၀ အတွက် ပြည်ထောင်စု အစိုးရအဖွဲ့၏ ဘတ်ဂျတ်လိုငွေကို ဖြည့်တင်းရန် ဗဟိုဘဏ်ထံမှ ကျပ် ၁၃၀၀ ဘီလီယံကျော်ချေးယူမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက မေ ၂၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ပြောသည်။

ဘတ်ဂျတ်လိုငွေအတွက် အစိုးရက ဗဟိုဘဏ်တွင်ဖွင့်လှစ်ထားသည့် ငွေစာရင်းကို ဖြည့်တင်းနိုင်ရန် အတွက်ဖြစ်သည်ဟု ဒုဝန်ကြီးကဆိုသည်။

နှစ်စဉ် ဘတ်ဂျတ်လိုငွေအတွက် အစိုးရ အာမခံ ငွေတိုက်စာချုပ်များ၊ ငွေတိုက် လက်မှတ်များကို လေလံဖြင့်‌ရောင်းချခြင်း၊ ပြည်တွင်း၊ ပြည်ပမှ ချေးငွေများဖြင့် ဖြည့်တင်းခြင်းတို့ဆောင်ရွက်လျက်ရှိသည်။

အစိုးရဘတ်ဂျတ်လိုငွေကို ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များရောင်းချခြင်းဖြင့် ဖြည့်တင်းရန် ဦးစားပေးဆောင်ရွက်နေပြီး ဗဟိုဘဏ်မှ ချေးယူခြင်းကို လျော့ချလာခြင်းဖြစ်သည်။

၂ဝ၁၅-၂ဝ၁၆ ခုနှစ်တွင် ဗဟိုဘဏ်မှ ချေးငွေရယူမှုသည် ၈၄ ရာခိုင်နှုန်း၊၂ဝ၁၆-၁၇ ခုနှစ်တွင် ၅၃ ရာခိုင်နှုန်း၊၂ဝ၁၇-၁၈ ခုနှစ်တွင် ၂၅ ၊ ၂ဝ၁၈-၁၉ တွင် ၂၇ ရာခိုင်နှုန်းနှင့် ၂ဝ၁၉-၂ဝ ခုနှစ် တွင် ၂ဝ ရာခိုင်နှုန်း လျာထားခြင်း ဖြစ်သည်။

ယခုဘဏ္ဍာနှစ်ဘတ်ဂျတ်လိုငွေကိုဖြည့်တင်းရန် ချေးငွေ ဘီလျံ ၉ဝဝဝ ယူရမည် ဖြစ်ပြီး အစိုးရက ပြည်ပမှ ငွေချေးငွေ ကျပ် ၂၄၄၄ ဘီလျံကျော်နှင့် ပြည်တွင်းမှ ကျပ် ၆၅၅၅ ဘီလျံကျော် ငွေချေးယူရန် လျာထား ရှိသည်။

ပြည်တွင်းမှ ချေးယူမည့် ငွေကြေး၏ ၈၀ ရာခိုင်နှုန်းကို ငွေတိုက်စာချုပ်နှင့် ငွေတိုက် လက်မှတ်များကို ရောင်းချခြင်းဖြင့် ဖြည့်တင်းရန် ဗဟိုဘဏ်က စီစဉ်ထားသည်။ ကျန် ၂၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်က ချေးယူရန် စီစဉ်ထားခြင်းဖြစ်သည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]














Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service