ဂျပန်က ထားဝယ်တွင် ရေနက်ဆိပ်ကမ်းတစ်ခုဆောက်ရန် အစိုးရထံ ကမ်းလှမ်း - Property News in Myanmar from iMyanmarHouse.com
12288 Views

ဂျပန်က ထားဝယ်တွင် ရေနက်ဆိပ်ကမ်းတစ်ခုဆောက်ရန် အစိုးရထံ ကမ်းလှမ်း

[Unicode]

ဂျပန် JICA က ထားဝယ်  တွင် ရေနက်ဆိပ်ကမ်းကို တစ်ခုတည်ဆောက်ရေး စီမံကိန်းဖြစ်နိုင်ချေရှိမရှိ လေ့လာရန် မေ ၁၉ ရက်က လာ‌ရောက်အဆိုပြုကြောင်း ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီ၊ ဒုတိယဥက္ကဌဒေါက်တာမြင့်ဆန်းက ပြောသည်။

ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က ထားဝယ်အထူးစီးပွားရေးဇုန်အတွက် အချက်အလက်ကောက်ယူပြီးနောက် စီမံကိန်းဖြစ်နိုင်ခြေရှိမရှိကိုလေ့လာရန်တင်ပြလာခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုလေ့လာမည့် ရေနက်ဆိပ်ကမ်းသည် ထားဝယ်အထူးစီးပွားဇုန် ပင်မစီမံကိန်း၏ အစိပ်အပိုင်းဖြစ်သည်ဟု ဒေါက်တာမြင့်ဆန်းကဆိုသည်။

ရေနက်ဆိပ်ကမ်းလေ့လာမှုကို လာမည့်နွေရာသီတွင် စတင်လေ့လာနိုင်ရန် တင်ပြခြင်းခြင်းဖြစ်သည်ဟု ဒေါက်တာမြင့်ဆန်းကဆိုသည်။

ဂျပန်နိုင်ငံက အရှေ့တောင်အာရှရှိ မဲခေါင်ဒေသနိုင်ငံများကို ဖြတ်သန်းမည့် စီးပွားရေးစင်္ကြန်နှစ်ခု အကောင်အထည်ဖော်နေပြီး ၎င်းတို့အနက်တောင်ပိုင်းစင်္ကနြ့်သည် ထားဝယ်အထူးစီးပွားရေးဇုန်မှ စတင်ရန်ဖြစ်သည်။ ၎င်းသည် အာဆီယံနိုင်ငံများကို အိန္ဒိယသမုဒ္ဒရာသို့ အချိန်တိုတွင်း ထွက်ပေါက်လည်း ရရှိရန်ဖြစ်သည်။

ထားဝယ်အထူးစီးပွားရေးဇုန်ကို ကနဦးစီမံကိန်းနှင့်ပင်မစီမံကိန်းဟူ၍ အပိုင်းနှစ်ပိုင်း ရှိပြီး ကနဦး စီမံကိန်းသည် မြေဧက ၆,၆၀၀ ကျော် နှင့် ပင်မစီမံကိန်းသည် မြေဧက ၄၈,၀၀၀ ကျော်ရှိသည်။

ထားဝယ်အထူးစီးပွားရေးဇုန်ကို ၂၀၀၈ ကစတင်ပြီး လုပ်ငန်းလုပ်ကိုင်နိုင်ခြင်း မရှိ၍ စီမံကိန်းရပ်ဆိုင်းခဲ့သည်။

၂၀၁၅ ဇူလိုင်တွင် စီမံကိန်းပြန်လည်စတင်ရန် မြန်မာ-ထိုင်း-ဂျပန်သုံးနိုင်ငံ အစိုးရချင်း ဆွေးနွေးပြီး ဂျပန်အစိုးရက စီးပွားရေးဇုန်အပါအဝင် ထားဝယ်ဒေသဖွံ့ဖြိုးရေး ဒေါ်လာသန်း ၈၀၀ ကျော် ထုတ်ချေးရန် သဘောတူခဲ့သည်။

လက်ရှိတွင် ဇုန်စီမံကိန်း စတင်နိုင်ရန် ထိုင်းနယ်စပ်မှ အထူးစီးပွားရေးဇုန်သို့ သွားသည့် နှစ်လမ်းသွားလမ်းမကို အီတာ လျံ- ထိုင်း ကုမ္ပဏီအား ဖော်ဆောင်ခွင့်ပေးထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ဂ်ပန္က ထားဝယ္တြင္ ေရနက္ဆိပ္ကမ္းတစ္ခုေဆာက္ရန္ အစိုးရထံ ကမ္းလွမ္း

ဂ်ပန္ JICA က ထားဝယ္တြင္ ေရနက္ဆိပ္ကမ္းကို တစ္ခုတည္ေဆာက္ေရး စီမံကိန္းျဖစ္ႏိုင္ေခ်ရွိမရွိ ေလ့လာရန္ ေမ ၁၉ ရက္က လာ‌ေရာက္အဆိုျပဳေၾကာင္း ထားဝယ္ အထူးစီးပြားေရးဇုန္ စီမံခန႔္ခြဲေရးေကာ္မတီ၊ ဒုတိယဥကၠဌေဒါက္တာျမင့္ဆန္းက ေျပာသည္။

ဂ်ပန္အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးေအဂ်င္စီ (JICA) က ထားဝယ္အထူးစီးပြားေရးဇုန္အတြက္ အခ်က္အလက္ေကာက္ယူၿပီးေနာက္ စီမံကိန္းျဖစ္ႏိုင္ေျခရွိမရွိကိုေလ့လာရန္တင္ျပလာျခင္းျဖစ္သည္ဟု ဆိုသည္။

ယခုေလ့လာမည့္ ေရနက္ဆိပ္ကမ္းသည္ ထားဝယ္အထူးစီးပြားဇုန္ ပင္မစီမံကိန္း၏ အစိပ္အပိုင္းျဖစ္သည္ဟု ေဒါက္တာျမင့္ဆန္းကဆိုသည္။

ေရနက္ဆိပ္ကမ္းေလ့လာမႈကို လာမည့္ေႏြရာသီတြင္ စတင္ေလ့လာႏိုင္ရန္ တင္ျပျခင္းျခင္းျဖစ္သည္ဟု ေဒါက္တာျမင့္ဆန္းကဆိုသည္။

ဂ်ပန္ႏိုင္ငံက အေရွ႕ေတာင္အာရွရွိ မဲေခါင္ေဒသႏိုင္ငံမ်ားကို ျဖတ္သန္းမည့္ စီးပြားေရးစၾကၤန္ႏွစ္ခု အေကာင္အထည္ေဖာ္ေနၿပီး ၎တို႔အနက္ေတာင္ပိုင္းစၾကၤန႔္သည္ ထားဝယ္အထူးစီးပြားေရးဇုန္မွ စတင္ရန္ျဖစ္သည္။ ၎သည္ အာဆီယံႏိုင္ငံမ်ားကို အိႏၵိယသမုဒၵရာသို႔ အခ်ိန္တိုတြင္း ထြက္ေပါက္လည္း ရရွိရန္ျဖစ္သည္။

ထားဝယ္အထူးစီးပြားေရးဇုန္ကို ကနဦးစီမံကိန္းႏွင့္ပင္မစီမံကိန္းဟူ၍ အပိုင္းႏွစ္ပိုင္း ရွိၿပီး ကနဦး စီမံကိန္းသည္ ေျမဧက ၆,၆၀၀ ေက်ာ္ ႏွင့္ ပင္မစီမံကိန္းသည္ ေျမဧက ၄၈,၀၀၀ ေက်ာ္ရွိသည္။

ထားဝယ္အထူးစီးပြားေရးဇုန္ကို ၂၀၀၈ ကစတင္ၿပီး လုပ္ငန္းလုပ္ကိုင္ႏိုင္ျခင္း မရွိ၍ စီမံကိန္းရပ္ဆိုင္းခဲ့သည္။

၂၀၁၅ ဇူလိုင္တြင္ စီမံကိန္းျပန္လည္စတင္ရန္ ျမန္မာ-ထိုင္း-ဂ်ပန္သုံးႏိုင္ငံ အစိုးရခ်င္း ေဆြးေႏြးၿပီး ဂ်ပန္အစိုးရက စီးပြားေရးဇုန္အပါအဝင္ ထားဝယ္ေဒသဖြံ႕ၿဖိဳးေရး ေဒၚလာသန္း ၈၀၀ ေက်ာ္ ထုတ္ေခ်းရန္ သေဘာတူခဲ့သည္။

လက္ရွိတြင္ ဇုန္စီမံကိန္း စတင္ႏိုင္ရန္ ထိုင္းနယ္စပ္မွ အထူးစီးပြားေရးဇုန္သို႔ သြားသည့္ ႏွစ္လမ္းသြားလမ္းမကို အီတာ လ်ံ- ထိုင္း ကုမၸဏီအား ေဖာ္ေဆာင္ခြင့္ေပးထားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service