လေကြောင်းခရီးစဉ်များ ဇွန်လအတွင်း ပြန်ဆွဲတော့မည် - Property News in Myanmar from iMyanmarHouse.com
20355 Views

လေကြောင်းခရီးစဉ်များ ဇွန်လအတွင်း ပြန်ဆွဲတော့မည်

[Unicode]

COVID-19 ကြောင့် ရပ်နားထားသော မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) အပါအဝင် ထိုင်း၊ ကိုရီးယား၊ စင်ကာပူ၊ ဗီယက်နမ်နှင့် Cathay Pacific လေကြောင်းလိုင်းတို့က ရန်ကုန်မြို့နှင့် ချိတ်ဆက်ပြေးဆွဲ သည့် ခရီးစဉ်များကို ပြန်လည် ပြေးဆွဲတော့မည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ကိုရီးယား လေကြောင်းလိုင်းက ဇွန်လ ၁ ရက်တွင်လည်းကောင်း၊ Cathay Pacific၊ ထိုင်း အဲဝေး၊ စင်ကာပူအဲလိုင်းနှင့် ဗီယက်နမ်အဲလိုင်းတို့က ဇူလိုင် ၁ ရက်တွင်လည်းကောင်း ခရီးစဉ်များ ပြန်လည်ပြေးဆွဲမည်ဖြစ် ကြောင်း ကြေညာထားသည်။

‘‘မြန်မာ အမျိုးသားလေကြောင်းလိုင်း(MNA) ကတော့ ဇွန်လ ၁၅ ရက်မှာ ပြန်လည်ပြေး ဆွဲမယ်လို့ သတင်းရတယ်။ မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းကတော့ ကြေညာထားတာ မရှိသေးဘူး။ကယ်ဆယ်ရေး လေယာဉ်တွေပဲ သံရုံးနဲ့ ချိတ်ပျံနေတယ်’’ ဟု ကိုလံဘတ်စ် လေယာဉ်လက်မှတ်အရောင်း ဌာနတာဝန်ခံက ပြောသည်။

လက်ရှိတွင် လေယာဉ် လက်မှတ်စုံစမ်းသူ အချို့ရှိ ကြောင်း ၎င်းကပြောသည်။

‘‘အဲဒါက အမေရိကန်နိုင်ငံသား ခံယူထားပြီး အမေရိကန် ပတ်စ်ပို့ကိုင်ထားတဲ့ မြန်မာလူ မျိုးတွေ။ သူတို့ အလည်လာရင်း ဒီမှာ ပိတ်မိသွားတယ်။ သူတို့ တွေလောက်ပဲ စုံစမ်းတာ ရှိသေးတယ်’’ဟု ကိုလံဘတ်စ်လေယာဉ် လက်မှတ်အရောင်းဌာနတာဝန် ခံက ပြောသည်။

လေကြောင်းလိုင်းအချို့က ၎င်းတို့ပြန်လည် ပြေးဆွဲမည့် နေ့ ရက်များကို အသိပေးထုတ်ပြန် ခဲ့သော်လည်း လက်ရှိအချိန်တွင် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနကစီးပွားဖြစ် လေကြောင်းပျံသန်းခွင့်ကို မေလ ၁၅ ရက်အထိ တားမြစ်ထားသည်။

‘‘သက်တမ်းတိုးမယ်၊ မတိုးဘူးဆိုတာ မသိရသေးဘူး။ ကြေညာပေးပါ့မယ်’’ဟု ယင်းဌာနမှ တာဝန်ရှိသူက မေလ ၁၃ ရက် တွင် ပြောသည်။

လေကြောင်းလိုင်းအချို့က ၎င်းတို့ပြန်လည် ပြေးဆွဲမည့်နေ့ ရက်ကို ထုတ်ပြန်ထားသော်လည်း ကြားကာလ၌ အပြောင်းအလဲများ ရှိနိုင်ကြောင်း အမှန်တကယ်ပြန်လည်ပြေးဆွဲရာတွင်လည်း ခရီးစဉ်အခေါက်ရေ လျော့ကျဖွယ်ရှိ ကြောင်း ကိုလံဘတ်စ်လေယာဉ် လက်မှတ်အရောင်းဌာနတာဝန်ခံက ပြောသည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

 

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ေလေၾကာင္းခရီးစဥ္မ်ား ဇြန္လအတြင္း ျပန္ဆြဲေတာ့မည္

COVID-19 ေၾကာင့္ ရပ္နားထားေသာ ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း (MNA) အပါအဝင္ ထိုင္း၊ ကိုရီးယား၊ စင္ကာပူ၊ ဗီယက္နမ္ႏွင့္ Cathay Pacific ေလေၾကာင္းလိုင္းတို႔က ရန္ကုန္ၿမိဳ႕ႏွင့္ ခ်ိတ္ဆက္ေျပးဆြဲ သည့္ ခရီးစဥ္မ်ားကို ျပန္လည္ ေျပးဆြဲေတာ့မည္ျဖစ္ေၾကာင္း ထုတ္ျပန္သည္။

ကိုရီးယား ေလေၾကာင္းလိုင္းက ဇြန္လ ၁ ရက္တြင္လည္းေကာင္း၊ Cathay Pacific၊ ထိုင္း အဲေဝး၊ စင္ကာပူအဲလိုင္းႏွင့္ ဗီယက္နမ္အဲလိုင္းတို႔က ဇူလိုင္ ၁ ရက္တြင္လည္းေကာင္း ခရီးစဥ္မ်ား ျပန္လည္ေျပးဆြဲမည္ျဖစ္ ေၾကာင္း ေၾကညာထားသည္။

‘‘ျမန္မာ အမ်ိဳးသားေလေၾကာင္းလိုင္း(MNA) ကေတာ့ ဇြန္လ ၁၅ ရက္မွာ ျပန္လည္ေျပး ဆြဲမယ္လို႔ သတင္းရတယ္။ ျမန္မာအျပည္ျပည္ဆိုင္ရာ ေလေၾကာင္းလိုင္းကေတာ့ ေၾကညာထားတာ မရွိေသးဘူး။ကယ္ဆယ္ေရး ေလယာဥ္ေတြပဲ သံ႐ုံးနဲ႔ ခ်ိတ္ပ်ံေနတယ္’’ ဟု ကိုလံဘတ္စ္ ေလယာဥ္လက္မွတ္အေရာင္း ဌာနတာဝန္ခံက ေျပာသည္။

လက္ရွိတြင္ ေလယာဥ္ လက္မွတ္စုံစမ္းသူ အခ်ိဳ႕ရွိ ေၾကာင္း ၎ကေျပာသည္။

‘‘အဲဒါက အေမရိကန္ႏိုင္ငံသား ခံယူထားၿပီး အေမရိကန္ ပတ္စ္ပို႔ကိုင္ထားတဲ့ ျမန္မာလူ မ်ိဳးေတြ။ သူတို႔ အလည္လာရင္း ဒီမွာ ပိတ္မိသြားတယ္။ သူတို႔ ေတြေလာက္ပဲ စုံစမ္းတာ ရွိေသးတယ္’’ဟု ကိုလံဘတ္စ္ေလယာဥ္ လက္မွတ္အေရာင္းဌာနတာဝန္ ခံက ေျပာသည္။

ေလေၾကာင္းလိုင္းအခ်ိဳ႕က ၎တို႔ျပန္လည္ ေျပးဆြဲမည့္ ေန႔ ရက္မ်ားကို အသိေပးထုတ္ျပန္ ခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္ ေလေၾကာင္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာနကစီးပြားျဖစ္ ေလေၾကာင္းပ်ံသန္းခြင့္ကို ေမလ ၁၅ ရက္အထိ တားျမစ္ထားသည္။

‘‘သက္တမ္းတိုးမယ္၊ မတိုးဘူးဆိုတာ မသိရေသးဘူး။ ေၾကညာေပးပါ့မယ္’’ဟု ယင္းဌာနမွ တာဝန္ရွိသူက ေမလ ၁၃ ရက္ တြင္ ေျပာသည္။

ေလေၾကာင္းလိုင္းအခ်ိဳ႕က ၎တို႔ျပန္လည္ ေျပးဆြဲမည့္ေန႔ ရက္ကို ထုတ္ျပန္ထားေသာ္လည္း ၾကားကာလ၌ အေျပာင္းအလဲမ်ား ရွိႏိုင္ေၾကာင္း အမွန္တကယ္ျပန္လည္ေျပးဆြဲရာတြင္လည္း ခရီးစဥ္အေခါက္ေရ ေလ်ာ့က်ဖြယ္ရွိ ေၾကာင္း ကိုလံဘတ္စ္ေလယာဥ္ လက္မွတ္အေရာင္းဌာနတာဝန္ခံက ေျပာသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

ေနးရွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်

Upcoming Property Events

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service