ဆောက်လုပ်ရေးအာမခံအပါအဝင်အာမခံအမျိုးအစားအသစ် သုံးခုကို ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
700 Views

ဆောက်လုပ်ရေးအာမခံအပါအဝင်အာမခံအမျိုးအစားအသစ် သုံးခုကို ခွင့်ပြု

[Unicode]

အာမခံ ကုမ္ပဏီ ရှစ်ခုနဲ့ မြန်မာအာမခံ လုပ်ငန်းတို့အတွက် အာမခံအမျိုးအစားအသစ် သုံးခုကို အာမခံ ကြီးကြပ်ရေးအဖွဲ့ က ခွင့်ပြုပေးလိုက်ပါပြီ။

ဒီအာမခံအမျိုးအစား သုံးခုကတော့ စက်မှုလုပ်ငန်းဆိုင်ရာအထွေထွေအာမခံ၊ ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ အထွေထွေအာမခံနဲ့ Baliee’s Liability Insurance တို့ဖြစ်ပါတယ်။

Baliee’s Liability Insurance အမျိုးအစားကတော့ ဘယ်လုပ်ငန်းမှာမဆို Baliee’s Liability Insurance ကိုအလုပ်ရှင်က ဝယ်ယူထားမယ်ဆိုရင် လုပ်ငန်းခွင်အလုပ်သမားဖြစ်စေ၊ အခြားသူဖြစ်စေ လုပ်ငန်းခွင်ကြောင့် ထိခိုက်မှုတွေရှိလာပါက သက်ဆိုင်ရာအာမခံကုမ္ပဏီက အာမခံလျော်ကြေးပေးဆောင်တာကို ဆိုလိုတာပါ။

ဒီအာမခံလုပ်ငန်း အမျိုးအစားသုံးခုဟာ ယခင်ကတော့ သီလဝါအထူးစီးပွားရေးဇုန်မှာသာ လုပ်ကိုင်ခွင့်ပြုခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ တစ်နိုင်ငံလုံးမှာ အလုပ်လက်ခံဆောင်ရွက် ခွင့်ပြုလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အာမခံလုပ်ငန်းဆောင်ရွက်ဖို့ အသက်အာမခံနဲ့ အထွေထွေအာမခံဆိုပြီး အမျိုးစားနှစ်မျိုး ခွဲခြားသတ်မှတ်ထားတာပါ။

ဒီထဲကမှ မြန်မာ့အာမခံလုပ်ငန်းက အာမခံအမျိုးအစား ၃၆ ခု လုပ်ကိုင်ဆောင်ရွက်ပြီး ပုဂ္ဂလိကအာမခံကုမ္ပဏီတွေက အာမခံအမျိုးအစား ၁၄ ခု လုပ်ကိုင်နေတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့အတွင်းကတော့ နိုင်ငံခြား အသက်အာမခံကုမ္ပဏီ ငါးခုနဲ့ အသက်အာမခံအပါအဝင် အထွေထွေအာမခံဖက်စပ်ကုမ္ပဏီခြောက်ခုကို ပြည်တွင်းမှာ လုပ်ကိုင်ခွင့်ပြုပေးခဲ့ပါသေးတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]











Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service