ဟဲဟိုးလေဆိပ်ကို တရုတ်နှင့်ထိုင်းလေယာဉ်များ တိုက်ရိုက်ဆင်းနိုင်ရန် လုပ်ဆောင်နေ - Property News in Myanmar from iMyanmarHouse.com
3544 Views

ဟဲဟိုးလေဆိပ်ကို တရုတ်နှင့်ထိုင်းလေယာဉ်များ တိုက်ရိုက်ဆင်းနိုင်ရန် လုပ်ဆောင်နေ

[Unicode]

ရှမ်းပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရန် ဟဲဟိုးလေဆိပ်သို့ တရုတ်နိုင်ငံ၊လန်ချန်းမြို့ နှင့်ထိုင်းနိုင်ငံ၊ချင်းရိုင်မြို့တိုမှ တိုက်ရိုက်လေကြောင်းပျံသန်းရန် ဆောင်ရွက်နေကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကပြောသည်။

ဟဲဟိုးလေဆိပ်သည် အစိုးရက အဆင့်မြှင့်တင်နေသည့် ပြည်တွင်းလေဆိပ် သုံးခုအနက်မှ တစ်ခုဖြစ်ပြီး ကမ္ဘောဇကုမ္ပဏီအုပ်စုနှင့် ဂျပန်ကုမ္ပဏီတစ်ခုတို့က လုပ်ကိုင်ခွင့်ရထားခြင်းဖြစ်သည်။

“ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ပြည်နယ်ခရီးသွားကဏ္ဍ တိုးမြှင့်နိုင်ဖို့အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ်လန်ချန်မှ ဟဲဟိုးနဲ့ ထိုင်းနိုင်ငံ ချင်းရိုင်မှ ဟဲဟိုးသို့ လေကြောင်းလိုင်း တိုက်ရိုက်ပြေးဆွဲနိုင်ဖို့ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်”ဟု ဝန်ကြီးချုပ်ကဆိုသည်။

ဟဲဟိုး၊မော်လမြိုင်နှင့်ကော့သောင်း လေဆိပ်များကို အဆင့်မြှင့်တင်ရန် စီစဉ်နေပြီး ဟဲဟိုးလေဆိပ်ကို ကမ္ဘောဇကုမ္ပဏီနှင့်ဂျပန်ကုမ္ပဏီက ဖက်စပ်ဆောင်ရွက်မည်ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်ကပြောထားသည်။

ဟဲဟိုးလေဆိပ်ကို အဆင့်မြှင့်တင်ရန် အစိုးရက ဒေါ်လာသန်း ၄၀ ဖြင့် ပထမအဆင့်စတင်မည်ဖြစ်သည်။

ထိုစီမံကိန်းကို KBZ Group က ၆၅ ရာခိုင်နှုန်း၊ ဂျပန်ကုမ္ပဏီ Toyota Tsusho ကုမ္ပဏီက ၃၅ ရာခိုင်နှုန်းဖြင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။

ထိုင်းဘန်ကောက်အဲဝေး လေကြောင်းလိုင်းက ပုဂံ၊ ဟဲဟိုး၊ မြိတ်တို့သို့ လည်း တိုက်ရိုက်ပြေးဆွဲရန် စိတ်ဝင်စားနေကြောင်း လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန နှင့် အဆိုပါ လေကြောင်းလိုင်းကပြောကြားထားသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]











Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service