ရန်ကုန်မြို့ပြင်မြို့ပတ်လမ်းကို ရန်ကုန်-မန္တလေး အမြန်လမ်းမှ သီလဝါအထူးစီးပွားရေးဇုန်နှင့် ဒလ အထိ ဖောက်လုပ်မည်ဟု ဝန်ကြီးဌာနကထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
2739 Views

ရန်ကုန်မြို့ပြင်မြို့ပတ်လမ်းကို ရန်ကုန်-မန္တလေး အမြန်လမ်းမှ သီလဝါအထူးစီးပွားရေးဇုန်နှင့် ဒလ အထိ ဖောက်လုပ်မည်ဟု ဝန်ကြီးဌာနကထုတ်ပြန်

[Unicode]

ရန်ကုန်မြို့ ကို အပြင်ပတ်လမ်း ဖောက်လုပ်မည့် အမြန်လမ်းကို ရန်ကုန်-မန္တလေးအမြန်လမ်းမှ သီလဝါ အထူးစီးပွားရေးဇုန်ကိုဖြတ်သန်း၍ ဒလ အထိ ဖောက်လုပ်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

၎င်းသည် ရန်ကုန်မြို့ပြင်မြို့ပတ်လမ်းဟု အမည်ပေးထားသည့် စီမံကိန်း၏ အရှေ့ဘက်ခြမ်းအပိုင်းဖြစ်သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထိုစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက တင်သွင်းပြီး ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က ချေးငွေထုတ်ပေးရန် စီစဉ်ထားခြင်းဖြစ်သည်ဟု ဝန်ကြီးဌာနက မေ ၁၈ ရက်တွင်ထုတ်ပြန်သော ရန်ကုန်မြို့တော် အပြင်ပတ်လမ်း စီမံကိန်း၏ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။

ထိုစီမံကိန်းသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ပူးပေါင်းဆောင်ရွက်နေသည့် မဟာရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေးစီမံကိန်း၏ အစိပ်အပိုင်းဖြစ်သည်။

ထိုစီမံကိန်း၏ ပထမပိုင်းကို ရန်ကုန်-မန္တလေးအမြန်လမ်းမှ သီလဝါအထူးစီးပွားရေးဇုန်အထိ ဖောက်လုပ်ရန်ဖြစ်သည်။ ထိုနောက် သီလဝါအထူးစီးပွားရေးဇုန်မှ ဒလ အထိ ချိတ်ဆက်ရန်ဖြစ်သည်ဟု ဝန်ကြီးဌာနကဆိုသည်။ ထိုစီမံကိန်းသည် ခြောက်လမ်းသွား အမြန်လမ်းတစ်ခုဖြစ်ပြီး စုစုပေါင်း ၆၅ ကီလိုမီတာ(မိုင်၄၀ကျော်)ရှိသည်ဟု ဝန်ကြီးဌာနကဆိုသည်။

စီမံကိန်းပထမပိုင်းတွင် အမြန်လမ်း-သီလဝါအထူးစီးပွားရေးဇုန်အပိုင်းကို ၂၀၂၅တွင် အပြီးတည်ဆောက်မည်ဖြစ်ပြီး လှည်းကူး၊ ဒဂုံမြို့သစ်(အရှေ့)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) ၊ သန်လျင်နှင့် ကျောက်တန်းမြို့နယ်တို့ပါဝင်မည်ဖြစ်သည်။ ထိုလမ်းပိုင်းတွင် ၁ဒသမ ၄ ကီလိုမီတာ(ပေ ၄၅၀၀ကျော်) ရှည်သည် ပဲခူးမြစ်ကူးတံတားတစ်စင်းလည်း ပါဝင်မည် ဖြစ်သည်။

သီလဝါအထူးစီးပွားရေးဇုန်-ဒလ အပိုင်းကို ၂၀၃၅ တွင် အပြီးသတ်ဆောင်ရွက်မည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။ ထိုစီမံကိန်းတွင် လယ်ကွင်းများတွင် အဓိက ဖြတ်သန်းဆောက်လုပ်မည်ဖြစ်ပြီး မြေယာသိမ်းယူခြင်းများဖြစ်ပေါ်လာနိုင်သည်ဟုလည်း အစီရင်ခံစာကဆိုထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ရန္ကုန္ၿမိဳ႕ျပင္ၿမိဳ႕ပတ္လမ္းကို ရန္ကုန္-မႏၲေလး အျမန္လမ္းမွ သီလဝါအထူးစီးပြားေရးဇုန္ႏွင့္ ဒလ အထိ ေဖာက္လုပ္မည္ဟု ဝန္ႀကီးဌာနကထုတ္ျပန္

ရန္ကုန္ၿမိဳ႕ ကို အျပင္ပတ္လမ္း ေဖာက္လုပ္မည့္ အျမန္လမ္းကို ရန္ကုန္-မႏၲေလးအျမန္လမ္းမွ သီလဝါ အထူးစီးပြားေရးဇုန္ကိုျဖတ္သန္း၍ ဒလ အထိ ေဖာက္လုပ္ရန္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္သည္။

၎သည္ ရန္ကုန္ၿမိဳ႕ျပင္ၿမိဳ႕ပတ္လမ္းဟု အမည္ေပးထားသည့္ စီမံကိန္း၏ အေရွ႕ဘက္ျခမ္းအပိုင္းျဖစ္သည္ဟု ဝန္ႀကီးဌာနက ထုတ္ျပန္သည္။

ထိုစီမံကိန္းကို ေဆာက္လုပ္ေရးဝန္ႀကီးဌာနက တင္သြင္းၿပီး ဂ်ပန္အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရး ေအဂ်င္စီ (JICA) က ေခ်းေငြထုတ္ေပးရန္ စီစဥ္ထားျခင္းျဖစ္သည္ဟု ဝန္ႀကီးဌာနက ေမ ၁၈ ရက္တြင္ထုတ္ျပန္ေသာ ရန္ကုန္ၿမိဳ႕ေတာ္ အျပင္ပတ္လမ္း စီမံကိန္း၏ ပတ္ဝန္းက်င္ ထိခိုက္မႈ ဆန္းစစ္ျခင္း အစီရင္ခံစာတြင္ေဖာ္ျပထားသည္။

ထိုစီမံကိန္းသည္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီႏွင့္ ဂ်ပန္အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး ေအဂ်င္စီ (JICA) တို႔ပူးေပါင္းေဆာင္႐ြက္ေနသည့္ မဟာရန္ကုန္ၿမိဳ႕ျပ သယ္ယူပို႔ေဆာင္ေရးစီမံကိန္း၏ အစိပ္အပိုင္းျဖစ္သည္။

ထိုစီမံကိန္း၏ ပထမပိုင္းကို ရန္ကုန္-မႏၲေလးအျမန္လမ္းမွ သီလဝါအထူးစီးပြားေရးဇုန္အထိ ေဖာက္လုပ္ရန္ျဖစ္သည္။ ထိုေနာက္ သီလဝါအထူးစီးပြားေရးဇုန္မွ ဒလ အထိ ခ်ိတ္ဆက္ရန္ျဖစ္သည္ဟု ဝန္ႀကီးဌာနကဆိုသည္။ ထိုစီမံကိန္းသည္ ေျခာက္လမ္းသြား အျမန္လမ္းတစ္ခုျဖစ္ၿပီး စုစုေပါင္း ၆၅ ကီလိုမီတာ(မိုင္၄၀ေက်ာ္)ရွိသည္ဟု ဝန္ႀကီးဌာနကဆိုသည္။

စီမံကိန္းပထမပိုင္းတြင္ အျမန္လမ္း-သီလဝါအထူးစီးပြားေရးဇုန္အပိုင္းကို ၂၀၂၅တြင္ အၿပီးတည္ေဆာက္မည္ျဖစ္ၿပီး လွည္းကူး၊ ဒဂုံၿမိဳ႕သစ္(အေရွ႕)၊ ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္း) ၊ သန္လ်င္ႏွင့္ ေက်ာက္တန္းၿမိဳ႕နယ္တို႔ပါဝင္မည္ျဖစ္သည္။ ထိုလမ္းပိုင္းတြင္ ၁ဒသမ ၄ ကီလိုမီတာ(ေပ ၄၅၀၀ေက်ာ္) ရွည္သည္ ပဲခူးျမစ္ကူးတံတားတစ္စင္းလည္း ပါဝင္မည္ ျဖစ္သည္။

သီလဝါအထူးစီးပြားေရးဇုန္-ဒလ အပိုင္းကို ၂၀၃၅ တြင္ အၿပီးသတ္ေဆာင္႐ြက္မည္ဟု ဝန္ႀကီးဌာနက ထုတ္ျပန္သည္။ ထိုစီမံကိန္းတြင္ လယ္ကြင္းမ်ားတြင္ အဓိက ျဖတ္သန္းေဆာက္လုပ္မည္ျဖစ္ၿပီး ေျမယာသိမ္းယူျခင္းမ်ားျဖစ္ေပၚလာႏိုင္သည္ဟုလည္း အစီရင္ခံစာကဆိုထားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service