COVID-19 ကပ်ရောဂါအတွက် ကိုရီးယားဘဏ်မှာ အရေးပေါ်ချေးငွေ သန်း ၃၀ ယူရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
857 Views

COVID-19 ကပ်ရောဂါအတွက် ကိုရီးယားဘဏ်မှာ အရေးပေါ်ချေးငွေ သန်း ၃၀ ယူရန် စီစဉ်

[Unicode]

COVID-19 ကပ်ရောဂါ အတွက် တောင်ကိုရီးယား ပို့ကုန်သွင်းကုန်ဘဏ် ( EXIM Bank) မှ အရေးပေါ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၃၀ ချေးယူရန်အစိုးရက စီစဉ်နေသည်။

ကိုရီးယား EXIM ဘဏ်သည် ကိုရီးယားနိုင်ငံပို့ကုန်ခရစ်ဒစ် အေဂျင်စီ ဘဏ်ဖြစ်ပြီး ကိုရီးယား-မြန်မာ စက်မူဇုန်စီမံကိန်း(KMIC) အတွက်လည်း မြန်မာအစိုးရက ချေးငွေယူထားသည်။

ကိုရီးယား EXIM ဘဏ်သည် မြန်မာနိုင်ငံတွင် ၂၀၁၃ တွင် ဘဏ်ကိုယ်စားလှယ်ရုံးခွဲဖွင့်လှစ်ထားသည်။ ထိုဘဏ်က KMIC ကို ချေးငွေတွင် အတိုးနှုန်းမှာ ၀ ဒသမ ၁ ရာခိုင်နှုန်းဖြစ်ပြီး ချေးငွေသက်တမ်းမှာ နှစ် ၄၀ ဖြစ်သည်။

ထိုသို့ချေးငွေရယူရန် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ဌာန၊ ပြည်ထောာင်စုဝန်ကြီး ဦးကျော်တင်နှင့် ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးတို့ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ဆွေးနွေးစဉ် အထက်ပါ အရေးပေါ်ချေးငွေကိစ္စ အပါအဝင် နှစ်နိုင်ငံအကြား အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မြန်မာ-ကိုရီးယား စက်မှုဇုန်စီမံကိန်း (KMIC)မှ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကိစ္စနှင့် မြန်မာ-ကိုရီး ယား ချစ်ကြည်ရေးတံတား (ဒလ) စီမံကိန်း ဆက်လက်အကောင်အထည်ဖော်ရေး ကိစ္စရပ်များကို ထည့်သွင်းပြောကြားခဲ့သည်။

တောင်ကိုရီးယားသည် မြန်မာအစိုးရ၏ COVID-19 ရောဂါ တိုက်ဖျက်ရေးလုပ်ငန်း များအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းကိရိယာများ၊ အ ထောက်အကူပြုပစ္စည်းများ လှူဒါန်းပေးအပ်မှုကိစ္စများ၊ ပြည်ပ ရောက်မြန်မာနိုင်ငံသားများကို Relief Flight များဖြင့် ပြန်လည်ခေါ်ယူနေမှု အခြေအနေများကိုလည်း ထည့်သွင်းဆွေးနွေးသည် ဟု ဆက်လက်ဖော်ပြသည်။

ကိုရီးယားအနေဖြင့် New Southern Policy အရ မြန်မာ အပါအဝင် အာဆီယံနိုင်ငံများနှင့် ပိုမိုထိတွေ့ဆောင်ရွက်သွားရန်ရှိ သည့် ကိစ္စရပ်များကိုလည်း ဆွေး နွေးခဲ့သည်ဟု ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

 

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

COVID-19 ကပ္ေရာဂါအတြက္ ကိုရီးယားဘဏ္မွာ အေရးေပၚေခ်းေငြ သန္း ၃၀ ယူရန္ စီစဥ္

COVID-19 ကပ္ေရာဂါ အတြက္ ေတာင္ကိုရီးယား ပို႔ကုန္သြင္းကုန္ဘဏ္ ( EXIM Bank) မွ အေရးေပၚေခ်းေငြ အေမရိကန္ေဒၚလာ သန္း ၃၀ ေခ်းယူရန္အစိုးရက စီစဥ္ေနသည္။

ကိုရီးယား EXIM ဘဏ္သည္ ကိုရီးယားႏိုင္ငံပို႔ကုန္ခရစ္ဒစ္ ေအဂ်င္စီ ဘဏ္ျဖစ္ၿပီး ကိုရီးယား-ျမန္မာ စက္မူဇုန္စီမံကိန္း(KMIC) အတြက္လည္း ျမန္မာအစိုးရက ေခ်းေငြယူထားသည္။

ကိုရီးယား EXIM ဘဏ္သည္ ျမန္မာႏိုင္ငံတြင္ ၂၀၁၃ တြင္ ဘဏ္ကိုယ္စားလွယ္႐ုံးခြဲဖြင့္လွစ္ထားသည္။ ထိုဘဏ္က KMIC ကို ေခ်းေငြတြင္ အတိုးႏႈန္းမွာ ၀ ဒသမ ၁ ရာခိုင္ႏႈန္းျဖစ္ၿပီး ေခ်းေငြသက္တမ္းမွာ ႏွစ္ ၄၀ ျဖစ္သည္။

ထိုသို႔ေခ်းေငြရယူရန္ အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးဝန္ဌာန၊ ျပည္ေထာာင္စုဝန္ႀကီး ဦးေက်ာ္တင္ႏွင့္ ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီးတို႔ ေဆြးေႏြးခဲ့ျခင္းျဖစ္သည္။

ယင္းသို႔ ေဆြးေႏြးစဥ္ အထက္ပါ အေရးေပၚေခ်းေငြကိစၥ အပါအဝင္ ႏွစ္ႏိုင္ငံအၾကား အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနသည့္ ျမန္မာ-ကိုရီးယား စက္မႈဇုန္စီမံကိန္း (KMIC)မွ အလုပ္အကိုင္အခြင့္အလမ္းမ်ား ဖန္တီးေပးေရးကိစၥႏွင့္ ျမန္မာ-ကိုရီး ယား ခ်စ္ၾကည္ေရးတံတား (ဒလ) စီမံကိန္း ဆက္လက္အေကာင္အထည္ေဖာ္ေရး ကိစၥရပ္မ်ားကို ထည့္သြင္းေျပာၾကားခဲ့သည္။

ေတာင္ကိုရီးယားသည္ ျမန္မာအစိုးရ၏ COVID-19 ေရာဂါ တိုက္ဖ်က္ေရးလုပ္ငန္း မ်ားအတြက္ လိုအပ္ေသာေဆးႏွင့္ ေဆးပစၥည္းကိရိယာမ်ား၊ အ ေထာက္အကူျပဳပစၥည္းမ်ား လႉဒါန္းေပးအပ္မႈကိစၥမ်ား၊ ျပည္ပ ေရာက္ျမန္မာႏိုင္ငံသားမ်ားကို Relief Flight မ်ားျဖင့္ ျပန္လည္ေခၚယူေနမႈ အေျခအေနမ်ားကိုလည္း ထည့္သြင္းေဆြးေႏြးသည္ ဟု ဆက္လက္ေဖာ္ျပသည္။

ကိုရီးယားအေနျဖင့္ New Southern Policy အရ ျမန္မာ အပါအဝင္ အာဆီယံႏိုင္ငံမ်ားႏွင့္ ပိုမိုထိေတြ႕ေဆာင္႐ြက္သြားရန္ရွိ သည့္ ကိစၥရပ္မ်ားကိုလည္း ေဆြး ေႏြးခဲ့သည္ဟု ဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service