COVID-19 တိုက်ဖျက်ရေးတွင်အမေရိကန်၏ ခွဲခန်းသုံးဝတ်စုံလိုအပ်ချက်ကို မြန်မာက ထောက်ပံ့ပေးမည်ဟု ဝန်ကြီးဆို - Property News in Myanmar from iMyanmarHouse.com
2354 Views

COVID-19 တိုက်ဖျက်ရေးတွင်အမေရိကန်၏ ခွဲခန်းသုံးဝတ်စုံလိုအပ်ချက်ကို မြန်မာက ထောက်ပံ့ပေးမည်ဟု ဝန်ကြီးဆို

[Unicode]

COVID-19 တိုက်ဖျက်ရေးတွင် အမေရိကန်နိုင်ငံ၌ ဆေးဘက်ဆိုင်ရာအထောက်အကူပြုပစ္စည်းများ မပြတ်တောက်စေရေးအတွက် မြန်မာနိုင်ငံက ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်ဆံရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းက ၎င်း၏ လူမှုကွန်ယက် twitterတွင် ‌ရေးသားခဲ့သည်။

Harmonized code 6210(HS-6210) ဟု ကုတ်နံပတ်သတ်မှတ်ထားသည် ခွဲခန်းသုံးဝတ်စုံများကို မြန်မာနိုင်ငံက အမေရိကန်ကို တင်ပို့ရာတွင် တရုတ်၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့အတူ ထိပ်ဆုံး ငါးနိုင်ငံစာရင်းတွင် ပါဝင်နေသည်ဟု ဝန်ကြီးကဆိုသည်။

COVID-19 ကပ်ရောဂါဖြစ်ပွားနေသည်အချိန်တွင် အမေရိကန်နိုင်ငံအတွက် ထောက်ပံ့ရေးကွင်းဆက်ကို မပြတ်တောက်သွားစေဖို့ ကတိကဝတ်ပြုသည်ဟု ဝန်ကြီးဦးသောင်းထွန်းကဆိုသည်။

HS-6210 ခွဲခန်းသုံးဝတ်စုံများကို မြန်မာနိုင်ငံက အမေရိကန်နိုင်ငံကို ၂၀၂၀ ဇန်နဝါရီတွင် ကီလိုဂရမ် ၂သောင်းခန့်တင်ပို့ရခဲ့သည်ဟုဆိုသည်။ ၎င်းပမာဏသည် ၂၀၁၉ ဇန်နဝါရီလထက် နှိုင်းယှဉ်ပါက နှစ်ဆဖြစ်သည်ဟုဆိုသည်။

ထိုသို့တင်ပို့နိုင်ခြင်းကြောင့် မြန်မာနိုင်ငံက အမေရိကန်သို့ ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းတင်ပို့မူ အများဆုံးနိုင်ငံစာရင်းတွင် တတိယဖြစ်လာသည်။ ၂၀၁၉တွင် ပဉ္စမမြောက်နေရာတွင်ရှိခဲ့သည်။ ယခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နှင့် အင်ဒိုနီးရှားကို ကျော်လွန်ခဲ့ခြင်းဖြစ်သည်။

COVID-19 ကပ်ရောဂါအတွင်း အမေရိကန်နိုင်ငံတွင် ဆေးဝါးအထောက်အကူပစ္စည်းများ ပြတ်လပ်တော့မည်ဖြစ်ကြောင်း Logis TIcs ဈေးကွက်သုသေသနအဖွဲ့က ထုတ်ပြန်ခဲ့သည်။

အမေရိကန်နိုင်ငံအတွက် ဆေးဝါးအထောက်အကူပစ္စည်းများကို တရုတ်နိုင်ငံက အဓိက တင်သွင်းနေခြင်း ဖြစ်သည်။ ယခုကပ်ရောဂါကာလကြောင့် တရုတ်နိုင်ငံက ပြည်တွင်း၌ သာရောင်းချပြီး အမေရိကန်နိုင်ငံသို့ မတင်ပို့နိုင်သောကြောင်းနှင့် ကိုရီးယား၊ အိန္ဒိယနှင့်ထိုင်ဝမ်နိုင်ငံတို့ကလည်း ၎င်းတို့၏ နိုင်ငံသားများကို ကာကွယ်ရေးအတွက် ပြည်ပတင်ပို့မူကို ပိတ်ပင်ခဲ့သည်ဟုဆိုသည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

COVID-19 တိုက္ဖ်က္ေရးတြင္အေမရိကန္၏ ခြဲခန္းသုံးဝတ္စုံလိုအပ္ခ်က္ကို ျမန္မာက ေထာက္ပံ့ေပးမည္ဟု ဝန္ႀကီးဆို

COVID-19 တိုက္ဖ်က္ေရးတြင္ အေမရိကန္ႏိုင္ငံ၌ ေဆးဘက္ဆိုင္ရာအေထာက္အကူျပဳပစၥည္းမ်ား မျပတ္ေတာက္ေစေရးအတြက္ ျမန္မာႏိုင္ငံက ဆက္လက္ေထာက္ပံ့ေပးသြားမည္ျဖစ္ေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခား စီးပြားဆက္ဆံေရး ဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီးဦးေသာင္းထြန္းက ၎၏ လူမႈကြန္ယက္ twitterတြင္ ‌ေရးသားခဲ့သည္။

Harmonized code 6210(HS-6210) ဟု ကုတ္နံပတ္သတ္မွတ္ထားသည္ ခြဲခန္းသုံးဝတ္စုံမ်ားကို ျမန္မာႏိုင္ငံက အေမရိကန္ကို တင္ပို႔ရာတြင္ တ႐ုတ္၊ ဗီယက္နမ္၊ ဘဂၤလားေဒ့ရွ္ႏွင့္ အင္ဒိုနီးရွားႏိုင္ငံတို႔အတူ ထိပ္ဆုံး ငါးႏိုင္ငံစာရင္းတြင္ ပါဝင္ေနသည္ဟု ဝန္ႀကီးကဆိုသည္။

COVID-19 ကပ္ေရာဂါျဖစ္ပြားေနသည္အခ်ိန္တြင္ အေမရိကန္ႏိုင္ငံအတြက္ ေထာက္ပံ့ေရးကြင္းဆက္ကို မျပတ္ေတာက္သြားေစဖို႔ ကတိကဝတ္ျပဳသည္ဟု ဝန္ႀကီးဦးေသာင္းထြန္းကဆိုသည္။

HS-6210 ခြဲခန္းသုံးဝတ္စုံမ်ားကို ျမန္မာႏိုင္ငံက အေမရိကန္ႏိုင္ငံကို ၂၀၂၀ ဇန္နဝါရီတြင္ ကီလိုဂရမ္ ၂ေသာင္းခန႔္တင္ပို႔ရခဲ့သည္ဟုဆိုသည္။ ၎ပမာဏသည္ ၂၀၁၉ ဇန္နဝါရီလထက္ ႏႈိင္းယွဥ္ပါက ႏွစ္ဆျဖစ္သည္ဟုဆိုသည္။

ထိုသို႔တင္ပို႔ႏိုင္ျခင္းေၾကာင့္ ျမန္မာႏိုင္ငံက အေမရိကန္သို႔ ေဆးဘက္ဆိုင္ရာ အေထာက္အကူျပဳပစၥည္းတင္ပို႔မူ အမ်ားဆုံးႏိုင္ငံစာရင္းတြင္ တတိယျဖစ္လာသည္။ ၂၀၁၉တြင္ ပၪၥမေျမာက္ေနရာတြင္ရွိခဲ့သည္။ ယခုႏွစ္တြင္ ဘဂၤလားေဒ့ရွ္ႏွင့္ အင္ဒိုနီးရွားကို ေက်ာ္လြန္ခဲ့ျခင္းျဖစ္သည္။

COVID-19 ကပ္ေရာဂါအတြင္း အေမရိကန္ႏိုင္ငံတြင္ ေဆးဝါးအေထာက္အကူပစၥည္းမ်ား ျပတ္လပ္ေတာ့မည္ျဖစ္ေၾကာင္း Logis TIcs ေဈးကြက္သုေသသနအဖြဲ႕က ထုတ္ျပန္ခဲ့သည္။

အေမရိကန္ႏိုင္ငံအတြက္ ေဆးဝါးအေထာက္အကူပစၥည္းမ်ားကို တ႐ုတ္ႏိုင္ငံက အဓိက တင္သြင္းေနျခင္း ျဖစ္သည္။ ယခုကပ္ေရာဂါကာလေၾကာင့္ တ႐ုတ္ႏိုင္ငံက ျပည္တြင္း၌ သာေရာင္းခ်ၿပီး အေမရိကန္ႏိုင္ငံသို႔ မတင္ပို႔ႏိုင္ေသာေၾကာင္းႏွင့္ ကိုရီးယား၊ အိႏၵိယႏွင့္ထိုင္ဝမ္ႏိုင္ငံတို႔ကလည္း ၎တို႔၏ ႏိုင္ငံသားမ်ားကို ကာကြယ္ေရးအတြက္ ျပည္ပတင္ပို႔မူကို ပိတ္ပင္ခဲ့သည္ဟုဆိုသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service