ရန်ကုန်ရွှေဈေးကွက် ပြန်ဖွင့်ပြီ - Property News in Myanmar from iMyanmarHouse.com
835 Views

ရန်ကုန်ရွှေဈေးကွက် ပြန်ဖွင့်ပြီ

[Unicode]

ရန်ကုန်တိုင်းရွှေဈေးကွက်ကို သတ်မှတ်ချက်တွေနဲ့ အညီ မေလ ၁၈ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်နေပြီလို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဌ ဦးမျိုးမြင့်ကပြောပါတယ်။

ရုံးခန်းဖွင့်ချိန်ကိုတော့ မနက် ၁၀ နာရီ စတင်ဖွင့်လှစ်မှာဖြစ်ပြီး ညနေ ၃ နာရီ မှာ ပိတ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ရုံးခန်းအတွင်းဝင်မယ်ဆိုရင်တော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့ အညီ အပူချိန်တိုင်းတာ၊ နှာခေါင်းစည်းအချိန်ပြည့် တပ်ထားတာတွေ ၊ သတ်မှတ်အကွာအဝေးနဲ့သာ အရောင်းအဝယ်ပြုလုပ်တာတွေ ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အသင်းရုံးခန်းအတွင်း အစားအသောက်စားတာတွေမလုပ်ဖို့၊ တစ်ဦးချင်းသာ အတက်အဆင်းလုပ်ဖို့နဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အရ လူစုလူဝေးမထားတာကို နားလည်ဖို့ မေတ္တာရပ်ခံထားပါတယ်။

စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရဲ့ လမ်းညွှန်မှုတွေကို ကြည်ဖြူစွာ လက်ခံဆောင်ရွက်ပေးဖို့နဲ့ စည်းကမ်းချက်တွေကို မလိုက်နာပါက အသင်းရုံးခန်းဝင်ခွင့် တစ်လ ယာယီရပ်ဆဲခြင်းခံရမယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင် အသင်းကို ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့စတင်ပြီး ယာယီပိတ်သိမ်းခဲ့တာပါ။

ဒါ့အပြင် COVID-19 ဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်တွေကို မေလ ၁၅ ရက်နေ့အထိ တိုးမြှင့်ခဲ့တာကြောင့် ရွှေဈေးကွက်တွေကိုလည်း ဆက်လက်ယာယီ ပိတ်ထားရတာပါ။

COVID-19 ဗိုင်းရပ်စ် ကာလအတွင်း ရွှေအရောင်းအဝယ်တွေက အေးခဲ့ပြီး ဖေဖော်ဝါရီလကတော့ ပြည်တွင်းရွှေဈေးနှုန်းဟာ ကျပ် ၁၂ သိန်းကျော်အထိ ရှိခဲ့ပြီး မတ်လအတွင်းမှာတော့ ကျပ် ၁၁ သိန်းကျော်ဝန်းကျင်အထိ ရှိခဲ့တာဖြစ်ပါတယ်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]










 




 



Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service