COVID-19 ကြောင့် ထိခိုက်မှုကို ကုစားရန် နိုင်ငံတကာအဖွဲ့အစည်းများထံမှ ဒေါ်လာ နှစ်ဘီလီယံရရှိထားပြီဟု စီမံ/ဘဏ္ဍာ ဒုဝန်ကြီးပြော - Property News in Myanmar from iMyanmarHouse.com
995 Views

COVID-19 ကြောင့် ထိခိုက်မှုကို ကုစားရန် နိုင်ငံတကာအဖွဲ့အစည်းများထံမှ ဒေါ်လာ နှစ်ဘီလီယံရရှိထားပြီဟု စီမံ/ဘဏ္ဍာ ဒုဝန်ကြီးပြော

[Unicode]

COVID-19 ကုစားရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၏ ထောက်ပံ့မှု ချေးငွေ ဒေါ်လာနှစ်ဘီလီယံခန့် ရရှိထားပြီဖြစ်ကြောင်း စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန် ကြီး ဦးဆက်အောင်က အသိပေးခဲ့သည်။

ထိုချေးငွေများသည် မြန်မာ့အစိုးရက ထုတ်ပြန်ထားသည့် မြန်မာအစိုးရ၏ COVID-19 စီးပွားရေးကုစားမှုအစီအစဉ်( CERP) အရ ညှိနှိုင်းခြင်းကြောင့် ရရှိလာခြင်းဖြစ်သည်ဟု ဒုဝန်ကြီးကဆိုသည်။

ယင်းငွေပမာဏအကူအညီရရှိရန် အတွက် မေလ ၇ ရက်တွင် နိုင်ငံအသီးသီးရှိ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ နှင့် စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန တို့ Video Conference ပြုလုပ်ခဲ့ပြီး ဆွေးနွေးခဲ့ကာ မြန်မာအစိုးရ၏ CERP ကို ထောက်ခံကြိုဆိုကြပြီး အကူအညီပေးရန် သဘောတူညီခဲ့ကြောင်း ၎င်းကဆိုသည်။

“Action Plan (CERP ကိုရည်ညွှန်း) နှစ်ခု သုံးခုလောက်ကိုဘဲကြည့်ပြီး ဒေါ်လာ သန်း ၄၀၀ လောက်ပဲ ရှိတဲ့ အမြင်ရှိနေတာကိုတွေ့ရပါတယ်။တကယ်တန်းဆိုရင် ငွေပမာဏမဖော်ပြထားပေမယ့် အတိုင်းအတာတစ်ခု အထိ ငွေကြေးပမာဏ သုံးစွဲရန်လိုအပ်တဲ့ Action plan များပါရှိပါတယ်။ကုန်ကျစရိတ်တွက်တဲ့အခါ ငွေပမာဏ ဒေါ်လာနှစ်ဘီလီယံ ကျော်လောက်ရှိတဲ့အခြေအနေကို နိုင်ငံတကာဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ က ချက်ချင်းမြင်ပါတယ်”ဟု ဦးဆက်အောင်က ပြောသည်။

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် ထိခိုက်သည့်လုပ်ငန်းများကိုကုစားရန် အစိုးရက COVID -19 စီးပွားရေးကုစားမှု အစီအစဉ် ( COVID-19 Economic Relief Plan- CERP) ကို ဧပြီလကုန်ပိုင်းက ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]




ယင်းငွေပမာဏအကူအညီရရှိရန် အတွက် မေလ ၇ ရက်တွင် နိုင်ငံအသီးသီးရှိ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ နှင့် စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန တို့ Video Conference ပြုလုပ်ခဲ့ပြီး ဆွေးနွေးခဲ့ကာ မြန်မာအစိုးရ၏ CERP ကို ထောက်ခံကြိုဆိုကြပြီး အကူအညီပေးရန် သဘောတူညီခဲ့ကြောင်း ၄င်းကဆိုသည်။








Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service