အလုပ်အကိုင်ဖန်တီးရန် မြေဧက (၄) သိန်းကို လယ်ယာစိုက်ပျိုးရေးဖော်ဆောင်ရန် အစိုးရစီစဉ် - Property News in Myanmar from iMyanmarHouse.com
938 Views

အလုပ်အကိုင်ဖန်တီးရန် မြေဧက (၄) သိန်းကို လယ်ယာစိုက်ပျိုးရေးဖော်ဆောင်ရန် အစိုးရစီစဉ်

[Unicode]

အလုပ်အကိုင်ဖန်တီးရေးအတွက် လယ်ယာကဏ္ဍတွင် မြေဧက ၄ သိန်း အကောင်အ ထည်ဖော် ဆောင်ရွက်နေသည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထိုမြေဧက ၄ သိန်းတွင် မျိုးစေ့ထုတ်ခြင်း၊ စံပြကျေးရွာစိုက်ခင်းထူထောင်ခြင်းနှင့် အကျိုးတူလယ်ယာ အတွက် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။

ထိုကြောင့် လယ်ယာလုပ်ငန်းတွင် လုပ်ကိုင်ရန် စိတ်ဝင်စားသူများ ဆက်သွယ်နိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထိုဧက ၄ သိန်းတွင် နိုင်ငံတကာချေးငွေ၊ အထောက်အပံ့နှင့်နိုင်ငံတော် ဘတ်ဂျတ်မှ ဧက ၂ သိန်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ တောင်သူများနှင့် အကျိုးတူလယ်ယာ စနစ်ဖြင့် ဧက ၂ သိန်း ဆောင်ရွက်မည်ဟု ဝန်ကြီးဌာနက ဆိုထားသည်။

ထိုသို့ဆောင်ရွက်ခြင်းမှာ လာမည့် စိုက်ပျိုးရာသီတွင် လယ်ယာ ထုတ်ကုန်သီးနှံများ ထုတ်လုပ်မှု မကျဆင်းစေရန် နှင့် COVID-19 ကြောင့်တောင်သူများ အခက်အခဲမဖြစ်စေရန်အတွက်ဖြစ်သည်ဟုဆိုသည်။

တောင်သူများထွန်ယက်ရေး၊ မျိုးရရှိရေး၊ သွင်းအားစုရရှိသုံးစွဲရေးနှင့် ရင်းနှီးမြှုပ်နှံမှု ငွေကြေးအခက်အခဲများ မဖြစ်ပေါ်စေရေးအတွက် စီမံဆောင်ရွက်ပေးခြင်းဖြစ်သည်ဟု ဝန်ကြီးဌာနက ဆိုသည်။

ထိုဧက ၄ သိန်းတွင် ပျိုးထောင်ခြင်း၊ မြေယာပြုပြင်ခြင်း၊ ပျိုးနုတ်ခြင်း၊ ကောက်စိုက်ခြင်း၊ မြေဩဇာ ထည့်သွင်းခြင်း၊ ပေါင်းသတ်ဆေး/ပိုးသတ်ဆေး ပက်ဖျန်းခြင်း၊ ရေသွင်း/ရေထွက်ပြုလုပ်ခြင်း၊ မျိုးကွယ်ပယ်နုတ်ခြင်း အပါအဝင် အပင်ပြုစုခြင်း၊ ရိတ်သိမ်းခြင်း၊ခြွေလှေ့ခြင်း၊ခူးဆွတ်ခြင်း၊ သန့်စင်ခြင်း နှင့် ထုတ်ပိုးခြင်းများတို့တွင်လုပ်သားများစွာလိုအပ်မည်ဖြစ်သည်။ အလုပ်အကိုင်အခွင့်အလမ်းများလည်း များစွာပေါက်ပေါက်လာမည်ဟုဆိုသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အလုပ္အကိုင္ဖန္တီးရန္ ေျမဧက (၄) သိန္းကို လယ္ယာစိုက္ပ်ိဳးေရးေဖာ္ေဆာင္ရန္ အစိုးရစီစဥ္

အလုပ္အကိုင္ဖန္တီးေရးအတြက္ လယ္ယာက႑တြင္ ေျမဧက ၄ သိန္း အေကာင္အ ထည္ေဖာ္ ေဆာင္႐ြက္ေနသည္ဟု စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာနက ထုတ္ျပန္သည္။

ထိုေျမဧက ၄ သိန္းတြင္ မ်ိဳးေစ့ထုတ္ျခင္း၊ စံျပေက်း႐ြာစိုက္ခင္းထူေထာင္ျခင္းႏွင့္ အက်ိဳးတူလယ္ယာ အတြက္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနျခင္းျဖစ္သည္။

ထိုေၾကာင့္ လယ္ယာလုပ္ငန္းတြင္ လုပ္ကို္င္ရန္ စိတ္ဝင္စားသူမ်ား ဆက္သြယ္ႏိုင္ေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာနက ထုတ္ျပန္သည္။

ထိုဧက ၄ သိန္းတြင္ ႏိုင္ငံတကာေခ်းေငြ၊ အေထာက္အပံ့ႏွင့္ႏိုင္ငံေတာ္ ဘတ္ဂ်တ္မွ ဧက ၂ သိန္းႏွင့္ ျမန္မာႏို္င္ငံဆန္စပါးအသင္းခ်ဳပ္၏ ေတာင္သူမ်ားႏွင့္ အက်ိဳးတူလယ္ယာ စနစ္ျဖင့္ ဧက ၂ သိန္း ေဆာင္႐ြက္မည္ဟု ဝန္ႀကီးဌာနက ဆိုထားသည္။

ထိုသို႔ေဆာင္႐ြက္ျခင္းမွာ လာမည့္ စိုက္ပ်ိဳးရာသီတြင္ လယ္ယာ ထုတ္ကုန္သီးႏွံမ်ား ထုတ္လုပ္မႈ မက်ဆင္းေစရန္ ႏွင့္ COVID-19 ေၾကာင့္ေတာင္သူမ်ား အခက္အခဲမျဖစ္ေစရန္အတြက္ျဖစ္သည္ဟုဆိုသည္။

ေတာင္သူမ်ားထြန္ယက္ေရး၊ မ်ိဳးရရွိေရး၊ သြင္းအားစုရရွိသုံးစြဲေရးႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ ေငြေၾကးအခက္အခဲမ်ား မျဖစ္ေပၚေစေရးအတြက္ စီမံေဆာင္႐ြက္ေပးျခင္းျဖစ္သည္ဟု ဝန္ႀကီးဌာနက ဆိုသည္။

ထိုဧက ၄ သိန္းတြင္ ပ်ိဳးေထာင္ျခင္း၊ ေျမယာျပဳျပင္ျခင္း၊ ပ်ိဳးႏုတ္ျခင္း၊ ေကာက္စိုက္ျခင္း၊ ေျမဩဇာ ထည့္သြင္းျခင္း၊ ေပါင္းသတ္ေဆး/ပိုးသတ္ေဆး ပက္ဖ်န္းျခင္း၊ ေရသြင္း/ေရထြက္ျပဳလုပ္ျခင္း၊ မ်ိဳးကြယ္ပယ္ႏုတ္ျခင္း အပါအဝင္ အပင္ျပဳစုျခင္း၊ ရိတ္သိမ္းျခင္း၊ေႁခြေလွ႔ျခင္း၊ခူးဆြတ္ျခင္း၊ သန္႔စင္ျခင္း ႏွင့္ ထုတ္ပိုးျခင္းမ်ားတို႔တြင္လုပ္သားမ်ားစြာလိုအပ္မည္ျဖစ္သည္။ အလုပ္အကိုင္အခြင့္အလမ္းမ်ားလည္း မ်ားစြာေပါက္ေပါက္လာမည္ဟုဆိုသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service