COVID-19 ကြောင့် ဆောက်လုပ်ရေးကဏ္ဍအပေါ် သက်ရောက်မှုများကို စစ်တမ်းပြုစုမည်ဟု ဝန်ကြီးဌာနဆို - Property News in Myanmar from iMyanmarHouse.com
701 Views

COVID-19 ကြောင့် ဆောက်လုပ်ရေးကဏ္ဍအပေါ် သက်ရောက်မှုများကို စစ်တမ်းပြုစုမည်ဟု ဝန်ကြီးဌာနဆို

[Unicode]

COVID-19 ကြောင့် ဆောက်လုပ်ရေးကဏ္ဍအပေါ် သက်ရောက်မှုများဆန်းစစ်ခြင်း အစီရင်ခံစာတမ်းကို ပြုစုသွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထိုအစီရင်ခံစာသည် ဆောက်လုပ်ရေးဆိုင်ရာ ကဏ္ဍ (၈) ခုတွင် ဆောင်ရွက်မည်ဖြစ်ပြီး မြန်မာ့နိုင်ငံ ဆောက်လုပ်ရေးကဏ္ဍတွင် ပါဝင်သူများ၏ အကြံဉာဏ်များတောင်းခံသွားမည်ဟု ဝန်ကြီးဌာနကထုတ်ပြန်သည်။

ပါဝင်မည့် ခေါင်းစဉ်များတွင် သွင်းအားစုများ ပြတ်တောက်ခြင်း၊ဝယ်လိုအားနည်းလာခြင်း၊ ဆောက်လုပ်ရေး ကုမ္ပဏီများဘဏ္ဍာရေးအခက်အခဲ၊ အင်ဂျင်နီယာကဏ္ဍ၊ လုပ်သားများ၏ စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု၊ ဆောက်လုပ်ရေးကဏ္ဍကုသရေးနှင့် ပြည်လည်ထူထောင်ရေးစသည့် အချက်များပါဝင်သည်။

သွင်းအားစုများ ပြတ်ထောက်ခြင်း၌ ဆောက်လုပ်ရေးပစ္စည်းများ တင်သွင်းမှုအနေအထား၊ ဈေးနှုန်းအတက်အကျ၊ ဆောက်လုပ်ရေးလုပ်သားများ ရရှိမှုနှင့် စုစည်းနိုင်မှုတို့ပါဝင်သည်ဟု ဝန်ကြီးဌာနကဆိုသည်။

ဝယ်လိုအားနည်းလာခြင်းတွင် အိမ်ခြံမြေတိုက်ခန်းအရောင်းအဝယ်၊ အိမ်ရာစီမံကိန်းများ အနေအထား၊ အစိုးရတင်ဒါ၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုစီမံကိန်းများနှင့်လမ်းတံတားတိုပါဝင်သည်။ ဝယ်ယူလိုသူများအတွက် အစိုးရ၏ အိမ်ယာချေးငွေ နှင့် ဥပဒေများဖြေလျော့ပေးခြင်းတို့ပါဝင်သည်။

ဆောက်လုပ်ရေးကုမ္ပဏီများ၏ ဘဏ္ဍာရေးအကြပ်အတည်းတွင် ဝင်ငွေထွက်ငွေ စီးဆင်းမှု၊ စီမံကိန်းပိုင်ရှင်များ၏ ငွေသွင်းနိုင်မှု၊ ဘဏ်ချေးများ၊ရက်လွန်ကြေး၊ အတိုးနှုန်းများ စသည့်တိုပါဝင်မည်ဟု ဝန်ကြီးဌာနကဆိုသည်၊

ထိုပြင် အင်ဂျင်နီယာများကဏ္ဍ နှင့် လုပ်သားများစားဝတ်နေရေးစသည့်တိုပါဝင်သည်။ ဆောက်လုပ်ရေးကဏ္ဍ ကုစားရေးနှင့်ပြန်လည်ထူထောင်ရေးတို့လည်းပါဝင်မည်ဟု ဝန်ကြီးဌာနကဆိုသည်။

ဆောက်လုပ်ရေးကဏ္ဍတွင် အထိခိုက်ဆုံးသည် နိုင်ငံတော်ဘတ်ဂျတ် ၁၀ ရာခိုင်နှုန်း ပြန်လည်ရုတ်သိမ်းခြင်းကြောင့် ဆောက်လုပ်ရေးတင်ဒါလုပ်ငန်းများ ရပ်ဆိုင်းရခြင်းနှင့် COVID-19 ကုစားရေးချေးငွေတွင် ဆောက်လုပ်ရေးကဏ္ဍ မပါဝင်ခြင်းတို့ဖြစ်သည်ဟု မြန်မာ့နိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်၊ ဗဟိုအလုပ်မှုဆာင် ဦးထွန်းထွန်းကပြောသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]















Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service