မေ ၁၃ ရက်မှစတင်ပြီး လူ (၅) ဦးထက်ပိုစုပါက ထောင်ခြောက်လချမည့် ကူးစက်ရောဂါဥပဒေဖြင့် အရေးယူမည်ဟု ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
68288 Views

မေ ၁၃ ရက်မှစတင်ပြီး လူ (၅) ဦးထက်ပိုစုပါက ထောင်ခြောက်လချမည့် ကူးစက်ရောဂါဥပဒေဖြင့် အရေးယူမည်ဟု ထုတ်ပြန်

[Unicode]

ရန်ကုန်တိုင်းအတွင်း သတ်မှတ်ထား ကိစ္စရပ် ၁၀ ခု မှအပ လူ ၅ ဦိးနှင့်အထက်ပိုစုဝေးပါက မေ ၁၃ ရက်မှစပြီး ကူးစက်ရောဂါများကာကွယ်နှိမ်နှင်းရေး ဥပဒေဖြင့်အရေးမည်ဖြစ်ကြောင့် မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီများက ကြေညာသည်။

အများပြည်သူအကျိုးအတွက် ထုတ်ပြန်ခြင်းဖြစ်ပြီး မေ ၁၃ ရက်မှ စတင်ပြီး နောက်ထပ် အမိန့် တစုံတရာ မထုတ်ပြန်ခြင်း အတည်ဖြစ်သည်ဟု ကြေညာထားသည်။

ရန်ကုန်တိုင်းအတွင်း မြို့နယ် ၂၈ မြို့နယ်တွင် လူဦးရေ ၁၄၅ ဦး ရောဂါကူးစက်ထားပြီးဖြစ်သည်ဟု ကော်မတီများက ဆိုသည်။ထိုပြင် မြို့နယ် ၁၀ ခုကိုလည်း Home Stay နေထိုင်ရန် ကြေညာထားပြီး ဖြစ်သည်ဟုဆိုသည်။

ထိုကြောင့် ရန်ကုန်တိုင်းရှိ ပြည်သူများသည် အပြင်ထွက်ပါက mask တပ်ရန်နှင့် ကိစ္စရပ် ၁၀ ခုမှ အပ လူ ၅ ဦးနှင့်အထက်ပိုမစုရန် ထုတ်ပြန်လိုက်သည်ဟုဆိုသည်။

၎င်းတို့မှာ အစိုးရဌာနနှင့် အစိုးရအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်ရန် လုပ်ငန်းခွင် သွားခြင်း/ပြန်ခြင်း၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ရန် လုပ်ငန်းခွင်သွားခြင်း/ပြန်ခြင်း၊ မရှိမဖြစ် လိုအပ်သောလုပ်ငန်း၊ ဝန်ဆောင်မှုများနှင့်အများပြည်သူအတွက်လိုအပ်သော လုပ်ငန်းများသို့ သွားခြင်း/ပြန်ခြင်း၊ ခွင့်ပြုထားသော ဈေး၊ ကုန်တိုက်များတွင် ဈေးအရောင်းအဝယ်ပြုခြင်း၊ ခွင့်ပြုထားသော ကုန်စည် သယ်ယူပို့ဆောင်ခြင်း၊ တရားစီရင်ခြင်း၊ COVID-19 ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ အရေးပေါ်ကယ်ဆယ်ရေးနှင့် အရေးပေါ်လုပ်ငန်းများဆောင်ရွက်ခြင်း၊ ဆေးရုံး၊ဆေးခန်းသွားခြင်းနှင့် နာရေးကိစ္စဆောင်ရွက်ခြင်းတို့ဖြစ်သည်။

ထိုကိစ္စရပ်များမှာ ကျန်ကိစ္စရပ်များတွင် လူ ၅ ဦိးထက်ပိုစုဝေးပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေး ဥပဒေဖြင့်အရေးယူမည်ဟု ထုတ်ပြန်ထားသည်။

ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေး ဥပဒေအရ တားမြစ်ချက်များကို ဖောက်ဖျက်ပါက ထောင်ဒဏ် ၆ လဖြစ်စေ၊ ငွေ ဒဏ် ၁၀၀၀၀ဖြစ်စေ သို့မဟုတ် ပြစ်ဒဏ် နှစ်ရပ်လုံးကို ချမှတ်နိုင်သည်ဟုဆိုသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]














Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service