အစီရင်ခံစာမတင်သည့် ကုမ္ပဏီ (၈၀၀) ကျော်ကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက် - Property News in Myanmar from iMyanmarHouse.com
949 Views

အစီရင်ခံစာမတင်သည့် ကုမ္ပဏီ (၈၀၀) ကျော်ကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်

[Unicode]

အစီရင်ခံစာ မတင်ပြသည့် ကုမ္ပဏီ ၈၀၀ကျော်ကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွန့်ကြးမှုဦးစီးဌာနက ကြေငြာသည်။

ယခု ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရသည့်ကုမ္ပဏီများသည် ကုန်သွယ်ရေးဆိုင်ရာ ကုမ္ပဏီနှင့် ဝန်ဆောင်မှုကုမ္ပဏီများဖြစ်ပြီး အများစုမှာ ပြည်တွင်း ကုမ္ပဏီငယ်များဖြစ်သည်။

ထိုပြင် ဆိုင်းငံ့ထားသည့် ကုမ္ပဏီ ၁၀၀၀၀ကျော်ကျန်သေးပြီး စာရင်းပယ်ဖျက်ရန်လည်း ၃၀၀၀ကျော် ကျန်ရှိသေးသည်ဟု အဆိုပါဌာနကဆိုထားသည်။

ကုမ္ပဏီ ဥပဒေအသစ်ပြဌာန်းခဲ့သည့် အွန်လိုင်းမှတ်ပုံတင် စနစ် MyCo ကျင့်သုံးပြီးနောက် ပထမဦးဆုံးအကြိမ် အရေးယူလိုက်ခြင်းဖြစ်သည်။

ဥပဒေအသစ် MyCo စနစ်ဖြင့် မှတ်ပုံတင်သည့် ကုမ္ပဏီများသည် စာရင်းသွင်းပြီး နှစ်လအတွင်းနှင့်နှစ်စဉ် အစီရင်ခံစာတင်သွင်းရခြင်းဖြစ်သည်။ အများပိုင်ကုမ္ပဏီများသည်နှစ်စဉ် အစီရင်စာနှင့်အတူ ဘဏ္ဍာရေးရှင်းတမ်းပါတင်သွင်းရသည်။ နိုင်ငံခြားကော်ပရေးရှင်းများသည် ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်မှ ၂၈ ရက်အတွင်း အစီရင်ခံစာတင်ပြရခြင်းဖြစ်သည်ဟု ပြဌာန်းထားသည်။

ကုမ္ပဏီများသည် နှစ်လအတွင်း အစီရင်စာမတင်သွင်းပါက ဒဏ်ကြေး ကျပ် တစ်သိန်းပေးဆောင်ရသည်။ တနှစ်အတွင်း မတင်သွင်းပါက ဆိုင်းငံ့ ကုမ္ပဏီအဖြစ် စာရင်းသွင်းခံရမည်ဖြစ်သည်။ဆိုင်းငံ့သွင်းခံရပြီး ၆ လအတွင်း အစီရင်ခံစာမသွင်းပါက ကုမ္ပဏီစာရင်းမှ ပယ်ဖျက်ခံရခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ် မေ ၁၄ ရက်တွင်လည်း ဆန္ဒအလျောက်ဖျက်သိမ်းခြင်းဆောင်ရွက်ခွင့်ပြုရန် တင်ပြလာသည့် ကုမ္ပဏီ ၁၇၀ အား ကုမ္ပဏီစာရင်းမှ ပယ်ဖျက်ခဲ့သည်။မြန်မာနိုင်ငံ၌ ကုမ္ပဏီ ၆၆၀၀၀ကျော် ရှိသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]











Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်

Upcoming Property Events

From 25 Apr To 09 May

Mingalardon Garden City

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

Magical World
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service