COVID-19 ရန်ပုံငွေ ထုတ်ချေးခြင်းကို ပိုမိုမြန်ဆန်ရန် အင်အားတိုးချဲ့ဆောင်ရွက်နေသည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
807 Views

COVID-19 ရန်ပုံငွေ ထုတ်ချေးခြင်းကို ပိုမိုမြန်ဆန်ရန် အင်အားတိုးချဲ့ဆောင်ရွက်နေသည်ဟုဆို

[Unicode]

ရန်ကုန်- COVID-19 ကြောင့် ထိခိုက်သည့် စီးပွားရေးလုပ်ငန်းများကို ချေးငွေထောက်ပံ့ခြင်းကို ပိုမိုမြန်ဆန်ရန် အင်အားတိုးချဲ့ဆောင်ရွက်နေသည်ဟု COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးလုပ်ငန်းများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၊အတွင်းရေးမှူးဦီးအောင်နိုင်ဦးကပြောသည်။

လက်ရှိတွင် လျှောက်လွှာ ၄၀၀၀ ကျော်လက်ခံထားပြီး ၎င်းတို့ကို အသုတ်လိုက်ခွဲဝေပေးအပ်သွားမည်ဟု ၎င်းက နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြထားသည့် တွေ့ဆုံမေးမြန်းတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုပြင် ဦးအောင်နိုင်ဦးက ချေးငွေများသည် တင်ပြသလောက်မရခြင်းမှာ ကုမ္ပဏီ၏ ဘဏ္ဍာရေးအစီရင်ခံစာကို ကြည့်ရှုခြင်းကြောင့်ဖြစ်သည်ဟုဆိုသည်။ COVID-19 ကြောင့်လုပ်ငန်းထိခိုက်သော်လည်း ဘဏ်ချေးငွေ ယူထားခြင်း၊ အခွန်သေချာစွာမဆောင်ထားခြင်းနှင့် ဝန်ထမ်းခန့်ထားမူအပေါ် စိစစ်ခြင်းဖြစ်သည်ဟုဆိုသည်။

COVID-19 ရန်ပုံငွေမှ လက်ရှိအချိန်အထိ ကျပ် ၁၅ ဘီလီယံခန့်ကို လုပ်ငန်းပေါင်း ၃၀၀ကျော်ကို ထုတ်ချေးပြီး ဖြစ်သည်။ ပထမအကြိမ်တွင် လုပ်ငန်း ၈၅ ခုနှင့် ဒုတိယအကြိမ်တွင် လုပ်ငန်း ၁၁၃ခုတို့အတွက် ကျပ် ၁၁ ဘီလီယံနှင့် တတိယအသုတ် လုပ်ငန်း ၁၁၃ ခုအတွက် ကျပ် ၃ ဘီလီယံခွဲကို ထုတ်ပေးပြီးဖြစ်သည်။

အစိုးရက COVID-19 ကြောင့်ထိခိုက်သည့် စီးပွားရေးလုပ်ငန်းများကို ကုစားရန် ကျပ် ဘီလီယံ ၁၀၀ ထူထောင်ပြီး အတိုးနှုန်း တစ်ရာခိုင်နှုန်းဖြင့် တစ်နှစ်သက်တမ်းချေးငွေပေးနေခြင်းဖြစ်သည်။

အစိုးရက COVID-19 ကြောင့်ထိခိုက်သည့် စီးပွားရေးလုပ်ငန်းများဖြစ်သည့် လက်ခစား CMP လုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနှင့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ထုတ်ချေးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

 

[Zawgyi]












Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service