COVID-19 တုန့်ပြန်ရန် အမေရိကန်က မြန်မာနိုင်ငံကို ဒေါ်လာ ၉ ဒသမ ၅ သန်းကူညီ - Property News in Myanmar from iMyanmarHouse.com
617 Views

COVID-19 တုန့်ပြန်ရန် အမေရိကန်က မြန်မာနိုင်ငံကို ဒေါ်လာ ၉ ဒသမ ၅ သန်းကူညီ

[Unicode]

COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံကို အမေရိကန်နိုင်ငံက ဒေါ်လာ ၉ ဒသမ ၅ သန်းကျော် အကူအညီပေးမည်ဟု ကတိကဝတ်ပြုခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာအမေရိကန် သံရုံးက ထုတ်ပြန်သည်။

မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးကထုတ်ပြန်သည့် မြန်မာ့နိုင်ငံအတွက် ကျန်းမာရေးအကူအညီများနှင့် ပတ်သတ်သော သုံးမိနစ်စာ ဗီဒီယိုဗိုင်တွင် သံအမတ် စကော့မာရှယ်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အခုအကူအညီဟာ ကျန်းမာရေးကဏ္ဍပိုမိုတိုးတက်ကောင်းမွန်ရေးအတွက် မြန်မာနိုင်ငံအပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့ ရေရှည်ကတိကဝတ်တွေထဲက အစိပ်အပိုင်းတစ်ရပ်မျှသာဖြစ်ပါတယ်”ဟု သံအမတ်ကပြောသည်။

ထိုအကူအညီကို ကျမ်းမားရေးနှင့် အားကစားဝန်ကြီးဌာနက တစ်ဆင့်အကူအညီပေးမည်ဖြစ်ပြီး COVID-19 ကို ကာကွယ်တုန့်ပြန်ရမည့် အ ကြောင်းများကို လူပိုမိုထိရှိစေရန်ဖြစ်သည်ဟု သံအမတ်ကဆိုသည်။ ထိုသို့ဆောင်ရွက်ရာတွင် အသိပညာပေးစာစောင်များကို တိုင်းရင်းသားဘာသာများဖြင့် ထုတ်ဝေရန်၊ ရောဂါပိုးရှာဖွေမူ အရှိန်မြှင့်တင်ရန်အတွက် ဓာတ်ခွဲခန်းကရိယာများနှင့်သင်တန်းများအရှိန်မြှင့်တင်ရန် တို့ပါဝင်သည်။ COVID-19 နှင့်ပတ်သတ်သော အချက်အလက်များရရှိရေးအတွက် ကျန်းမာရေးဝန်ထမ်းများနှင့်ပူးပေါင်းဆောင်ရွက်ရန်ဖြစ်သည်ဟုဆိုသည်။

အမေရိကန်က မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍတိုးတက်ရေးအတွက် ၂၀၁၂မှစတင်ပြီး အမေရိကန်ဒေါ်လာ ၁၇၆ သန်းကို ကူညီပေးပြီးဖြစ်သည်ဟု သံအမတ်ကဆိုသည်။ ၎င်းသည် အမေရိကန်နိုင်ငံက မြန်မာနိုင်ငံကို ဘက်စုံအကူအညီပေးရေးအစီအစဉ်ထဲမှာ အစိပ်အပိုင်းတစ်ခုဖြစ်သည်ဟုဆိုသည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]












Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service