ပြည်ပကို ဆန်ပို့မယ့်သူတွေ လိုင်စင်လွှဲပြောင်းရောင်းချတာ မလုပ်ဖို့ ကြေညာ - Property News in Myanmar from iMyanmarHouse.com
908 Views

ပြည်ပကို ဆန်ပို့မယ့်သူတွေ လိုင်စင်လွှဲပြောင်းရောင်းချတာ မလုပ်ဖို့ ကြေညာ

[Unicode]

ပင်လယ်ရေကြောင်းကနေ ဆန်တင်ပို့မယ့် ကုမ္ပဏီတွေအနေနဲ့ တင်ပို့နိုင်တဲ့ ပမာဏကိုသာ လိုင်စင်လျှောက်ထားဖို့နဲ့ လိုင်စင်ကို အခြားသူထံ လွှဲပြောင်းရောင်းချတာ ဝယ်ယူတာလုံးဝ မလုပ်ဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ကြေညာလိုက်ပါတယ်။

ပြည်ပကို ပင်လယ်ရေကြောင်းကနေ ဆန်တင်ပို့ဖို့ ကုမ္ပဏီ ၁၀၃ ခုကို အဆိုပြုတင်ပြထားတာပါ။

ဒီအဆိုပြုတင်ပြထားတဲ့ ကုမ္ပဏီစာရင်းထဲမှာ မပါဝင်ပေမယ့် ပြည်ပကို ဆန်တင်ပို့လိုတဲ့ ကုမ္ပဏီအသစ်တွေအနေနဲ့လည်း ၁၂၅ တန်အထိ တင်ပို့ဖို့ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လိုင်စင်လျှောက်ထားရာမှာ အစိုးရက သတ်မှတ်ထားတဲ့ အရန်ဆန် ၁၀ ရာခိုင်နှုန်းအတွက် ၂၅ မှတ် ဆန် ၁၀၈ ပေါင် တစ်အိတ်ကို ၂၁၆၀၀ ကျပ်နဲ့ စားသုံးသူရေးရာ ဦးစီးဌာန ကို ပေးသွင်းပြီးမှ လျှောက်ထားရမယ်လို့ သိရပါတယ်။

ဆန်တင်ပို့သူ မဟုတ်လည်း အရန်ဆန်တွေကို သတ်မှတ်ဈေးနှုန်းနဲ့ အရည်အသွေးအတိုင်း ရောင်းချနိုင်တယ်လို့ သိရပါတယ်။

အရန်ဆန်ကို အနည်းဆုံး အိတ် ၂၀၀၀ ကနေ ပမာဏ အကန့်အသတ်မရှိ ရောင်းချပေးသွင်းနိုင်တာပါ။

အရန်ဆန်သွင်းရမယ့် သိုလှောင်ရုံတွေကိုတော့ ရန်ကုန်တိုင်းမှာ ၅ ခုနဲ့ မန္တလေးတိုင်းမှာ ၂ ခု သတ်မှတ်ထားပြီး သက်ဆိုင်ရာ စားသုံးသူရေးရာဦးစီးဌာနနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့ သိရပါတယ်။

 

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]









 



Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service