ဒေါ်လာ (၅) ဘီလီယံကျော်တန် ရန်ကုန်မြို့ မိုးပျံရထားလမ်းစီမံကိန်းအတွက် အိမ်ထောင်စု ၁၁၀၀ ကျော်ဖယ်ရှားခံရမည် - Property News in Myanmar from iMyanmarHouse.com
1457 Views

ဒေါ်လာ (၅) ဘီလီယံကျော်တန် ရန်ကုန်မြို့ မိုးပျံရထားလမ်းစီမံကိန်းအတွက် အိမ်ထောင်စု ၁၁၀၀ ကျော်ဖယ်ရှားခံရမည်

[Unicode]

ရန်ကုန်မြို့ တွင် ဆောက်လုပ်မည့် မိုးပျံအမြန်ရထားလမ်းစီမံကိန်း (YUMRT) သည် ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ ကုန်ကျမည်ဖြစ်ပြီး ရှေးဟောင်း အဆောက်အဦး ၁၀ ခုနှင့် အိမ်ထောင်စု ၁၁၅၀ကျော်ထိခိုက်ဖယ်ရှားခံရမည်ဟု YUMRT ၏ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်လေ့လာခြင်းအစီရင်ခံစာတွင်ဖော်ပြထားသည်။

ထိုအစီရင်ခံစာကို E- Guard environmental service ကုမ္ပဏီက မြန်မာ့မီးရထားလုပ်ငန်းနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) တို့အတွက် တတိယအဖွဲ့အစည်း ဆန်းစစ်လေ့လာပြီး ထုတ်ပြန်ပေးခြင်းဖြစ်သည်။

ထိုစီမံကိန်းတွင် လမ်းပိုင်းနှစ်ပိုင်းပါဝင်ပြီး ရန်ကုန်မြို့ အရှေ့-အနောက် စီမံကိန်းနှင့် ရန်ကုန်တောင်-မြောက် စီမံကိန်းနှစ်ခု အတွက်ဖြစ်သည်။

ရန်ကုန် အရှေ့-အနောက် မိုးပျံရထားလမ်း စီမံကိန်းကို လှိုင်သာယာမှ တိုးကြောင်ကလေးဘူတာအထိ ဖောက်လုပ်ရန်ဖြစ်ပြီး စီမံကိန်းသည် ၂၅ ကီလိုမီတာ ရှည်လျားသည်။ တနေ့လျှင် ခရီးသည် ၁ ဒသမ ၇ သန်းကျော်စီးနိုင်ပြီး ဆောက်လုပ်ရေး ကုန်ကျစရိတ်သည် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံဖြစ်သည်ဟုဆိုသည်။ ထိုစီမံကိန်းအပိုင်းကြောင့် ထိခိုက်မည့် အိမ်ထောင်စု ၄၅၀ ခု နှင့် ရှေးဟောင်းအဆောက်အဦး ၁ ခုရှိမည်ဟု ဆိုထားသည်။

ထိုစီမံကိန်းအပိုင်းတွင် စီမံကိန်းမစတင်မီအဆင့်တွင် မြေယာသိမ်းဆည်းခြင်းနှင့် ပြည်လည်နေရာချထားခြင်း အမြောက်အများဆောင်ရွက်ရမည်ဟု အစီရင်ခံစာကဆိုသည်။

ရန်ကုန်တောင်-မြောက် ရထားလမ်းသည် တွံတွေးမြို့နယ်မှ စတင်ပြီး မင်္ဂလာဒုံလေဆိပ် အထိ ဖောက်လုပ်ရန်ဖြစ်ပြီး စုစုပေါင်း ၂၇ ဒသမ ၄ ကီလိုမီတာရှည်လျားမည်ဖြစ်သည်။ တရက်လျှင် ခရီးသည် တစ်သန်း စီးနိုင်ပြီး စီမံကိန်းဆောက်လုပ်ရန် ကုန်ကျစရိတ်မှာ ဒေါ်လာ ၃ ဒဿမ ၃ ဘီလီယံဖြစ်သည်။

ထိုလမ်းကြောင်းသည် လေဆိပ်လမ်းမ၊ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ အင်းယားကန်အရှေ့ခြမ်းနှင့် ရန်ကုန်မြစ်တို့ကို ဖြတ်သန်းကာ တွံတေးမြို့နယ်ကို ဖြတ်သန်းမည်ဖြစ်သည်။

ထိုလမ်းကြောင်းတည်ရှိရာ အင်းယားကန် တောင်ဘက်ခြမ်းတွင် လူနေမှုထူထပ်ပြီး စီးပွားရေးလုပ်ငန်းများပြားသော ဧရိယာဖြစ်၍ လုံခြုံစိတ်ချရသော ရထားလမ်းဖြစ်ရန် မြေအောက်မှာ သွားရန် အကြံပြုထားသည်။

ထိုစီမံကိန်းအပိုင်းတွင် အိမ်ထောင်စု ၇၀၀ နှင့် ရှေးဟောင်းအ‌ေဆောက်အဦး ၉ လုံးပါဝင် ထိခိုက်ဖယ်ရှားခံရမည်ဟု အစီရင်ခံစာက ဆိုထားသည်။

ထိုလမ်းပိုင်းအတွက် ဆူးလေဘုရားကို သီးသန့်ကွင်းဆင်းလေ့လာမှုပြုလုပ်သင့်သည်ဟု အစီရင်ခံစာက ဆိုထားသည်။

ထိုအစီရင်ခံစာက ကုန်ကျစရိတ် ၊ ပတ်ဝန်းကျင်နှင့်လူမှုစီးပွားများအရ ရန်ကုန် အရှေ့အနောက် မိုးပျံရထားလမ်းကို ပထမဦးစားပေးအဖြစ်သတ်မှတ်သည်ဟုဆိုထားသည်။ ၎င်းအချက်များအရ အစိုးရကလည်း အရှေ့-အနောက်လမ်းကြောင်းကို အတည်ပြုပေးခြင်းဖြစ်သည်ဟုဆိုသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ေဒၚလာ (၅) ဘီလီယံေက်ာ္တန္ ရန္ကုန္ၿမိဳ႕ မိုးပ်ံရထားလမ္းစီမံကိန္းအတြက္ အိမ္ေထာင္စု ၁၁၀၀ ေက်ာ္ဖယ္ရွားခံရမည္

ရန္ကုန္ၿမိဳ႕ တြင္ ေဆာက္လုပ္မည့္ မိုးပ်ံအျမန္ရထားလမ္းစီမံကိန္း (YUMRT) သည္ ေဒၚလာ ၅ ဒသမ ၈ ဘီလီယံ ကုန္က်မည္ျဖစ္ၿပီး ေရွးေဟာင္း အေဆာက္အဦး ၁၀ ခုႏွင့္ အိမ္ေထာင္စု ၁၁၅၀ေက်ာ္ထိခိုက္ဖယ္ရွားခံရမည္ဟု YUMRT ၏ ပတ္ဝန္းက်င္ ထိခိုက္မႈ ဆန္းစစ္ေလ့လာျခင္းအစီရင္ခံစာတြင္ေဖာ္ျပထားသည္။

ထိုအစီရင္ခံစာကို E- Guard environmental service ကုမၸဏီက ျမန္မာ့မီးရထားလုပ္ငန္းႏွင့္ ဂ်ပန္အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးေအဂ်င္စီ(JICA) တို႔အတြက္ တတိယအဖြဲ႕အစည္း ဆန္းစစ္ေလ့လာၿပီး ထုတ္ျပန္ေပးျခင္းျဖစ္သည္။

ထိုစီမံကိန္းတြင္ လမ္းပိုင္းႏွစ္ပိုင္းပါဝင္ၿပီး ရန္ကုန္ၿမိဳ႕ အေရွ႕-အေနာက္ စီမံကိန္းႏွင့္ ရန္ကုန္ေတာင္-ေျမာက္ စီမံကိန္းႏွစ္ခု အတြက္ျဖစ္သည္။

ရန္ကုန္ အေရွ႕-အေနာက္ မိုးပ်ံရထားလမ္း စီမံကိန္းကို လႈိင္သာယာမွ တိုးေၾကာင္ကေလးဘူတာအထိ ေဖာက္လုပ္ရန္ျဖစ္ၿပီး စီမံကိန္းသည္ ၂၅ ကီလိုမီတာ ရွည္လ်ားသည္။ တေန႔လွ်င္ ခရီးသည္ ၁ ဒသမ ၇ သန္းေက်ာ္စီးႏိုင္ၿပီး ေဆာက္လုပ္ေရး ကုန္က်စရိတ္သည္ ေဒၚလာ ၂ ဒသမ ၅ ဘီလီယံျဖစ္သည္ဟုဆိုသည္။ ထိုစီမံကိန္းအပိုင္းေၾကာင့္ ထိခိုက္မည့္ အိမ္ေထာင္စု ၄၅၀ ခု ႏွင့္ ေရွးေဟာင္းအေဆာက္အဦး ၁ ခုရွိမည္ဟု ဆိုထားသည္။

ထိုစီမံကိန္းအပိုင္းတြင္ စီမံကိန္းမစတင္မီအဆင့္တြင္ ေျမယာသိမ္းဆည္းျခင္းႏွင့္ ျပည္လည္ေနရာခ်ထားျခင္း အေျမာက္အမ်ားေဆာင္႐ြက္ရမည္ဟု အစီရင္ခံစာကဆိုသည္။

ရန္ကုန္ေတာင္-ေျမာက္ ရထားလမ္းသည္ တြံေတြးၿမိဳ႕နယ္မွ စတင္ၿပီး မဂၤလာဒုံေလဆိပ္ အထိ ေဖာက္လုပ္ရန္ျဖစ္ၿပီး စုစုေပါင္း ၂၇ ဒသမ ၄ ကီလိုမီတာရွည္လ်ားမည္ျဖစ္သည္။ တရက္လွ်င္ ခရီးသည္ တစ္သန္း စီးႏိုင္ၿပီး စီမံကိန္းေဆာက္လုပ္ရန္ ကုန္က်စရိတ္မွာ ေဒၚလာ ၃ ဒႆမ ၃ ဘီလီယံျဖစ္သည္။

ထိုလမ္းေၾကာင္းသည္ ေလဆိပ္လမ္းမ၊ ျပည္လမ္း၊ ကမာၻေအးဘုရားလမ္း၊ အင္းယားကန္အေရွ႕ျခမ္းႏွင့္ ရန္ကုန္ျမစ္တို႔ကို ျဖတ္သန္းကာ တြံေတးၿမိဳ႕နယ္ကို ျဖတ္သန္းမည္ျဖစ္သည္။

ထိုလမ္းေၾကာင္းတည္ရွိရာ အင္းယားကန္ ေတာင္ဘက္ျခမ္းတြင္ လူေနမႈထူထပ္ၿပီး စီးပြားေရးလုပ္ငန္းမ်ားျပားေသာ ဧရိယာျဖစ္၍ လုံၿခဳံစိတ္ခ်ရေသာ ရထားလမ္းျဖစ္ရန္ ေျမေအာက္မွာ သြားရန္ အႀကံျပဳထားသည္။

ထိုစီမံကိန္းအပိုင္းတြင္ အိမ္ေထာင္စု ၇၀၀ ႏွင့္ ေရွးေဟာင္းအ‌ေေဆာက္အဦး ၉ လုံးပါဝင္ ထိခိုက္ဖယ္ရွားခံရမည္ဟု အစီရင္ခံစာက ဆိုထားသည္။

ထိုလမ္းပိုင္းအတြက္ ဆူးေလဘုရားကို သီးသန႔္ကြင္းဆင္းေလ့လာမႈျပဳလုပ္သင့္သည္ဟု အစီရင္ခံစာက ဆိုထားသည္။

ထိုအစီရင္ခံစာက ကုန္က်စရိတ္ ၊ ပတ္ဝန္းက်င္ႏွင့္လူမႈစီးပြားမ်ားအရ ရန္ကုန္ အေရွ႕အေနာက္ မိုးပ်ံရထားလမ္းကို ပထမဦးစားေပးအျဖစ္သတ္မွတ္သည္ဟုဆိုထားသည္။ ၎အခ်က္မ်ားအရ အစိုးရကလည္း အေရွ႕-အေနာက္လမ္းေၾကာင္းကို အတည္ျပဳေပးျခင္းျဖစ္သည္ဟုဆိုသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service