မေလကစပြီး သတ်မှတ်ချက်အတိုင်း ပြည်ပကိုဆန်တင်ပို့မယ် - Property News in Myanmar from iMyanmarHouse.com
669 Views

မေလကစပြီး သတ်မှတ်ချက်အတိုင်း ပြည်ပကိုဆန်တင်ပို့မယ်

[Unicode]

ဆန်တန်ချိန် တစ်သိန်းခွဲခန့် တင်ပို့ဖို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ သတ်မှတ်ထားတယ်လို့ အသင်းချုပ်ကနေ သိရပါတယ်။

ဒီထဲမှာ ပင်လယ်ရေကြောင်းက တန်ချိန် ၁ သိန်းနဲ့ နယ်စမ်မှ တန်ချိန် ၅ သောင်း ဖြစ်ပြီး အာဆီယံနိုင်ငံအချို့နဲ့ အိမ်နီးချင်းနိုင်ငံတွေကိုလည်း G to G ညှိနှိုင်းရောင်းချဖို့လည်း ဆွေးနွေးထားတယ်လို့ ဆိုပါတယ်။

အခုလို ဆန်တင်ပို့မှု ပမာဏကို ကန့်သတ်လိုက်တာဟာ ဘက်ပေါင်းစုံက အကြံပြုချက်တွေနဲ့ အခြားနိုင်ငံတွေရဲ့ ဆောင်ရွက်တဲ့ အခြေအနေတွေကို အခြေခံပြီး မြန်မာနိုင်ငံနဲ့ သင့်လျော်တဲ့ အခြေအနေကို အစိုးရ-ပုဂ္ဂလိက ညှိနှိုင်းသတ်မှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မေလအတွက်ပို့မယ့် ဆန်တန်ချိန်ထဲမှာ ဆန်ကွဲနဲ့ ကောက်ညှင်းလည်း ပါဝင်ပြီး ပေါင်းဆန်ကိုတော့ တင်ပို့မယ့် ပမာဏ ကန့်သတ်ထားတာမရှိဘူးလို့ သိရပါတယ်။

ဒီလိုတင်ပို့နိုင်ဖို့အတွက် ပင်လယ်ရေကြောင်းက ကုမ္ပဏီ ၁၁၂ ခုနဲ့ နယ်စပ်အတွက် ကုမ္ပဏီ ၂၀၀ ခန့်က သတ်မှတ်ခွဲဝေထားတဲ့ ပမာဏတွေကို တင်ပို့ရောင်းချသွားမှာပါ။

ပြည်ပဆန်တင်ပို့မှုကို လာမယ့် မေလမှ စတင်ပြီး ပုံမှန် ဆောင်ရွက်ကာ၂၀၁၉-၂၀ ပြည့်နှစ်အတွင်း တန်ချိန် ၂ သန်းကျော် တင်ပို့ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

လတ်တလောမှာလည်း နွေစပါးပေါ်ချိန် ဖြစ်တာကြောင့် တောင်သူလယ်သမားတွေအတွက် သင့်တင့် မျှတတဲ့ ဈေးနှုန်း ဖြစ်စေဖို့ ဆောင်ရွက်နေရပြီး စားသုံးသူတွေအတွက်လည်း သင့်တင့်စေဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လာမယ့် မိုးစပါးရာသီမှာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ် ချေးငွေကို တောင်သူတွေအတွက် ပိုမိုထုတ်ပေးခြင်း အပါအဝင် ဆန်စပါးလုပ်ငန်း အတွက် ဆောင်ရွက်သင့်တဲ့ ကိစ္စတွေကို နိုင်ငံတော် အစိုးရအား အကြံပြုတင်ပြထားတယ်လို့ သိရပါတယ်။

လက်ရှိအခြေအနေမှာလည်း ဆန်စပါး ဈေးကွက်ဟာ ပြည်တွင်း ဖူလုံမှု အပြည့် အဝ ရှိပြီး လိုအပ်ပါက ရိက္ခာဖြန့်ဖြူးရေးအတွက် အရန်ဆန် ထားရှိရေးကိုပါ စီစဉ်ဆောင်ရွက်နေတာကြောင့် လုံလောက်ဖူလုံမှု ရှိတယ်လို့ ဆိုပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]













Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service