အာရှငါးနိုင်ငံတွင် ပိတ်မိနေသော မြန်မာများကို ပြန်ခေါ်ရန် လေယာဉ်ပျံများ စီစဉ်ပေးမည်ဟု မြန်မာသံရုံးများထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
2103 Views

အာရှငါးနိုင်ငံတွင် ပိတ်မိနေသော မြန်မာများကို ပြန်ခေါ်ရန် လေယာဉ်ပျံများ စီစဉ်ပေးမည်ဟု မြန်မာသံရုံးများထုတ်ပြန်

[Unicode]

ဂျပန်၊ တောင်ကိုရီး ယား၊ အိန္ဒိယ၊ စင်ကာပူနှင့် ထိုင်း နိုင်ငံတို့၌ ပိတ်မိနေသည့် မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ယူရန် Relief Flight (လူသားချင်းစာနာမှုအကူအညီ လေယာဉ်)များ မေလအတွင်း ပျံသန်းမည်ဟု အဆိုပါ ငါးနိုင်ငံရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံးအသီးသီးက ထုတ်ပြန် သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း MNA က ထိုင်း၊စင်ကာပူနှင့် အိန္ဒိယနိုင်ငံရှိ မြန်မာများကို ပြန်လည်ခေါ်ယူဖြစ်သည်။ ဂျပန်မှ မြန်မာများကို Nippon လေကြောင်းလိုင်းနှင့် ကိုရီးယားမှ မြန်မာများကို MAI လေကြောင်းလိုင်းတို့ ပြန်လည်ခေါ်ယူမည်ဖြစ်သည်။

လက်ရှိအချိန်၌ Relief Flight ပျံ သန်းမည့်နေ့ရက်နှင့် အကြိမ်အရေအတွက်ကို သံရုံးအသီးသီးက ထုတ်ပြန်ခြင်းမရှိသေးပေ။

မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာမည့် ခရီးသည်အရေအတွက်ပေါ်မူတည်ကာ လေယာဉ် ခရီးစဉ်ကို စီစဉ်မည်ဖြစ်သဖြင့် ဧပြီ ၂၈ ရက်နောက်ဆုံးထား၍ ပတ်စပို့အပါအဝင် အခြားလိုအပ် ချက်များကို သံရုံးသို့ ဆက်သွယ်ပေးပို့ကြရန် တိုကျိုမြို့ရှိ မြန်မာ သံရုံးနှင့် စင်ကာနိုင်ငံရှိ မြန်မာသံရုံးက ကြေညာထားသည်။

Relief Flight စီစဉ်ပေးခြင်းသည် မြန်မာနိုင်ငံသို့ ခေတ္တအလည်အပတ်ပြန်လည်ရောက်လို သူများအတွက် မဟုတ်ဘဲ ပြည်ပနိုင်ငံ၌ ဆက်လက်နေထိုင်ရန် အခက်အခဲရှိသည့် မြန်မာနိုင်ငံ သားများအတွက်သာ ရည်ရွယ်သည်ဟု ဆိုးလ်မြို့ မြန်မာသံရုံး ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။

COVID -19 ရောဂါကာ ကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ ပြည်ပနိုင်ငံများ တွင်ပိတ်မိနေသည့် မြန်မာနိုင်ငံ သားများကို Relief Flight ဖြင့် ပြန်လည်ခေါ်ဆောင်ပေးခြင်းဖြစ်သည်ဟု မြန်မာအမျိုးသားလေ ကြောင်းလိုင်းက ထုတ်ပြန်သည်။

Relief Flight ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လိုသူများသည် လေယာဉ်လက်မှတ် များကို နိုင်ငံအလိုက်စီစဉ်ထားသည့် လေကြောင်းလိုင်းများနှင့် ချိတ်ဆက်ဝယ်ယူရမည်ဖြစ်သည်။ ငါးနိုင်ငံအနက် အိန္ဒိယနိုင်ငံရှိ မြန်မာသံရုံးက Relief Flight ပျံသန်းမည့်အစီအစဉ်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ် ပြန်ခဲ့ခြင်းမရှိပေ။

ငါးနိုင်ငံတွင် ပိတ်မိနေ သည့် မြန်မာနိုင်ငံသားများအနေ ဖြင့် Relief Flight ဖြင့် ရန်ကုန် မြို့သို့ ရောက်ရှိပါက ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားသည့် ကုသစောင့်ကြည့် မှု ၂၁ ရက်ကို မဖြစ်မနေခံယူရမည့်အပြင် နေအိမ်၌ ခုနစ်ရက် ကြာ သီးခြားနေထိုင်ခြင်းကို လည်း ထပ်မံလိုက်နာရမည်ဟု သက်ဆိုင်ရာသံရုံးများ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

မြန်မာအစိုးရသည် မေလ ၁၅ ရက်အထိ စီးပွားဖြစ်ခရီးသည်တင်လေယာဉ်များ ဆင်းသက်ခွင့် ပိတ်ပင်သော်လည်း ကုန်တင်လေယာဉ်များနှင့် Relief Flight များကိုမူ ဆင်းသက်ခွင့်ပြု ထားသည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အာရွငါးႏိုင္ငံတြင္ ပိတ္မိေနေသာ ျမန္မာမ်ားကို ျပန္ေခၚရန္ ေလယာဥ္ပ်ံမ်ား စီစဥ္ေပးမည္ဟု ျမန္မာသံ႐ုံးမ်ားထုတ္ျပန္

ဂ်ပန္၊ ေတာင္ကိုရီး ယား၊ အိႏၵိယ၊ စင္ကာပူႏွင့္ ထိုင္း ႏိုင္ငံတို႔၌ ပိတ္မိေနသည့္ ျမန္မာႏိုင္ငံသားမ်ားကို ျပန္လည္ေခၚယူရန္ Relief Flight (လူသားခ်င္းစာနာမႈအကူအညီ ေလယာဥ္)မ်ား ေမလအတြင္း ပ်ံသန္းမည္ဟု အဆိုပါ ငါးႏိုင္ငံရွိ ျမန္မာႏိုင္ငံဆိုင္ရာ သံ႐ုံးအသီးသီးက ထုတ္ျပန္ သည္။

ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း MNA က ထိုင္း၊စင္ကာပူႏွင့္ အိႏၵိယႏိုင္ငံရွိ ျမန္မာမ်ားကို ျပန္လည္ေခၚယူျဖစ္သည္။ ဂ်ပန္မွ ျမန္မာမ်ားကို Nippon ေလေၾကာင္းလိုင္းႏွင့္ ကိုရီးယားမွ ျမန္မာမ်ားကို MAI ေလေၾကာင္းလိုင္းတို႔ ျပန္လည္ေခၚယူမည္ျဖစ္သည္။

လက္ရွိအခ်ိန္၌ Relief Flight ပ်ံ သန္းမည့္ေန႔ရက္ႏွင့္ အႀကိမ္အေရအတြက္ကို သံ႐ုံးအသီးသီးက ထုတ္ျပန္ျခင္းမရွိေသးေပ။

ျမန္မာႏိုင္ငံသို႔ ျပန္လည္ထြက္ခြာမည့္ ခရီးသည္အေရအတြက္ေပၚမူတည္ကာ ေလယာဥ္ ခရီးစဥ္ကို စီစဥ္မည္ျဖစ္သျဖင့္ ဧၿပီ ၂၈ ရက္ေနာက္ဆုံးထား၍ ပတ္စပို႔အပါအဝင္ အျခားလိုအပ္ ခ်က္မ်ားကို သံ႐ုံးသို႔ ဆက္သြယ္ေပးပို႔ၾကရန္ တိုက်ိဳၿမိဳ႕ရွိ ျမန္မာ သံ႐ုံးႏွင့္ စင္ကာႏိုင္ငံရွိ ျမန္မာသံ႐ုံးက ေၾကညာထားသည္။

Relief Flight စီစဥ္ေပးျခင္းသည္ ျမန္မာႏိုင္ငံသို႔ ေခတၱအလည္အပတ္ျပန္လည္ေရာက္လို သူမ်ားအတြက္ မဟုတ္ဘဲ ျပည္ပႏိုင္ငံ၌ ဆက္လက္ေနထိုင္ရန္ အခက္အခဲရွိသည့္ ျမန္မာႏိုင္ငံ သားမ်ားအတြက္သာ ရည္႐ြယ္သည္ဟု ဆိုးလ္ၿမိဳ႕ ျမန္မာသံ႐ုံး ထုတ္ျပန္ခ်က္၌ ေဖာ္ျပထား သည္။

COVID -19 ေရာဂါကာ ကြယ္ထိန္းခ်ဳပ္ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီ ဒုတိယအႀကိမ္ညႇိႏႈိင္းအစည္းအေဝး ဆုံးျဖတ္ခ်က္အရ ျပည္ပႏိုင္ငံမ်ား တြင္ပိတ္မိေနသည့္ ျမန္မာႏိုင္ငံ သားမ်ားကို Relief Flight ျဖင့္ ျပန္လည္ေခၚေဆာင္ေပးျခင္းျဖစ္သည္ဟု ျမန္မာအမ်ိဳးသားေလ ေၾကာင္းလိုင္းက ထုတ္ျပန္သည္။

Relief Flight ျဖင့္ ျမန္မာႏိုင္ငံသို႔ ျပန္လည္ဝင္ေရာက္လိုသူမ်ားသည္ ေလယာဥ္လက္မွတ္ မ်ားကို ႏိုင္ငံအလိုက္စီစဥ္ထားသည့္ ေလေၾကာင္းလိုင္းမ်ားႏွင့္ ခ်ိတ္ဆက္ဝယ္ယူရမည္ျဖစ္သည္။ ငါးႏိုင္ငံအနက္ အိႏၵိယႏိုင္ငံရွိ ျမန္မာသံ႐ုံးက Relief Flight ပ်ံသန္းမည့္အစီအစဥ္ႏွင့္ ပတ္သက္၍ တစ္စုံတစ္ရာ ထုတ္ ျပန္ခဲ့ျခင္းမရွိေပ။

ငါးႏိုင္ငံတြင္ ပိတ္မိေန သည့္ ျမန္မာႏိုင္ငံသားမ်ားအေန ျဖင့္ Relief Flight ျဖင့္ ရန္ကုန္ ၿမိဳ႕သို႔ ေရာက္ရွိပါက က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာနက ခ်မွတ္ထားသည့္ ကုသေစာင့္ၾကည့္ မႈ ၂၁ ရက္ကို မျဖစ္မေနခံယူရမည့္အျပင္ ေနအိမ္၌ ခုနစ္ရက္ ၾကာ သီးျခားေနထိုင္ျခင္းကို လည္း ထပ္မံလိုက္နာရမည္ဟု သက္ဆိုင္ရာသံ႐ုံးမ်ား၏ ထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။

ျမန္မာအစိုးရသည္ ေမလ ၁၅ ရက္အထိ စီးပြားျဖစ္ခရီးသည္တင္ေလယာဥ္မ်ား ဆင္းသက္ခြင့္ ပိတ္ပင္ေသာ္လည္း ကုန္တင္ေလယာဥ္မ်ားႏွင့္ Relief Flight မ်ားကိုမူ ဆင္းသက္ခြင့္ျပဳ ထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ

Upcoming Property Events

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

Magical World
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service