COVID-19 ဖြစ်နေသော်လည်း လက်ခစားစနစ်ဖြင့် ကိုရီးယားကို ရွှေထည်လက်ဝတ်ရတနာများတင်ပို့ - Property News in Myanmar from iMyanmarHouse.com
911 Views

COVID-19 ဖြစ်နေသော်လည်း လက်ခစားစနစ်ဖြင့် ကိုရီးယားကို ရွှေထည်လက်ဝတ်ရတနာများတင်ပို့

[Unicode]

ကိုရီးယားနိုင်ငံကို လက်ခစားစနစ်ဖြင့် ရွှေထည်လက်ဝတ်ရတနာများတင်ပို့ခွင့်ကို ပထမဦးဆုံးအကြိမ် ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌဦးမျိုးမြင့်က ပြောသည်။

ကိုရီးယားနိုင်ငံမှ ၁၀ ပဲရည်အမျိုးအစား ရွှေအကြမ်းထည်များတင်သွင်းပြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)ရှိ စက်ရုံတွင် ရွှေထည်များပြုလုပ်ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ထိုအတွက် ရင်းနှီးမြှပ်နှံမှုကော်မရှင်က လွန်ခဲ့သည် ၆ လကတည်းပင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ကိုရီးယားနိုင်ငံကို ဧပြီလအတွင်း ပြန်လည်တင်ပို့ခွင့်ရခြင်းဖြစ်သည်ဟုဆိုသည်။

“လက်ခစားစနစ်နဲ့ကော ကိုရီးယားနိုင်ငံကို ရွှေပြန်ပို့တာကော ပထမဦးဆုံးဘဲ၊ ဒီလိုပြန်ပို့ဖို့ တော်တော်အချိန်ပေးလိုက်ရတယ်။ နောက်တစ်ခေါက်ဆိုရင်တော့ လွယ်သွားမှာပါ”ဟု ဦးမျိုးမြင့်ကပြောသည်။

လက်ရှိ ကိုရီးယားကုမ္ပဏီက စက်ရုံတည်ထောက်ထားပြီး နောက်ပိုင်းတွင် ရွှေလက်ဝတ်ရတနာများ ထပ်မံပို့ဆောင်ဦးမည်ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံက Lemon ကုမ္မဏီမှ CMP(လက်ခစား) စနစ်ဖြင့် ရွှေနှင့် ပြုလုပ် သော လက်ဝတ်ရတနာအမျိုးမျိုး ထုတ်လုပ်ပြီး ကိုရီးယားနိုင်ငံသို့ တင်ပို့ရန် အရည်အသွေးစစ်ဆေးချိန်တွယ်၍ ခွင့်ပြုပေးခဲ့သည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ဧပြီ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုသို့ ရွှေတင်ပို့ခြင်းကို One Stop Serive စင်တာမှ တစ်ဆင့်ဆောင်ရွက်ရ ခြင်းဖြစ်သည်။ One Stop Service စင်တာသည် နိုင်ငံအတွင်း ရွှေတင်ပို့၊ တင်သွင်းခြင်းစစ်ဆေး ကြီးကြပ်ဆောင်ရွက်ပြီး တစ် နေရာတည်း၌ ခွင့်ပြုပေးမည့် နေရာဖြစ်ကာ လုပ်ငန်းရှင်များထံ မှ ဝန်ဆောင်ခကောက်ယူမည်ဟု လုပ်ငန်းရှင်အသင်းကကြေညာသည်။

 

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]









 






Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ

Upcoming Property Events

From 25 Apr To 09 May

Mingalardon Garden City

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

Magical World
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service