ပြည်တွင်းလေဆိပ်သုံးခုကို အဆင့်မြှင့်တင်ရာတွင် ဟဲဟိုးလေဆိပ်ကို ကမ္ဘောဇကုမ္ပဏီနှင့် ဂျပန်ကုမ္ပဏီတစ်ခုက ဆောင်ရွက်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
1381 Views

ပြည်တွင်းလေဆိပ်သုံးခုကို အဆင့်မြှင့်တင်ရာတွင် ဟဲဟိုးလေဆိပ်ကို ကမ္ဘောဇကုမ္ပဏီနှင့် ဂျပန်ကုမ္ပဏီတစ်ခုက ဆောင်ရွက်မည်ဟုဆို

[Unicode]

ဟဲဟိုး၊မော်လမြိုင်နှင့်ကော့သောင်း လေဆိပ်များကို အဆင့်မြှင့်တင်ရန် စီစဉ်နေပြီး ဟဲဟိုးလေဆိပ်ကို ကမ္ဘောဇကုမ္ပဏီနှင့်ဂျပန်ကုမ္ပဏီက ဖက်စပ်ဆောင်ရွက်မည်ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်ကပြောသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ စတုတ္ထမြောက် တစ်နှစ်တာ ဆောင်ရွက်မူအခြေအနေများကို ပြောကြားရာတွင် ဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။

၎င်းလေဆိပ်များကို ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မူဖြင့် အဆင့်မြှင့်တင်ရန် စီစဉ်နေခြင်းဖြစ်သည်ဟုဝန်ကြီးက ဆိုသည်။ မော်လမြိုင်လေဆိပ်ကို အဆင့်မြှင့်တင်ရန် စီးပွားရေးကော်မတီကခွင့်ပြုပြီး၍ စာချုပ်ချုပ် ဆိုတော့မည်ဟုဆိုသည်။ ဟဲဟိုးလေဆိပ်ကို ကမ္ဘောဇကုမ္ပဏီနှင့် ဂျပန်ကုမ္ပဏီ တစ်ခုက ဖက်စပ်ဆောင်ရွက်မည်ဖြစ်ပြီး စာချုပ်ချုပ်ဆိုရန် စီစဉ်နေသည်ဟု ဆိုသည်။

ညောင်ဦးလေဆိပ်နှင့်သံတွဲလေဆိပ်တိုကို ဆင်းလုံးငှားလေယာဉ်များ ဆင်းသက်နိုင်ရန် လည်း အမြန်ဆောင်ရွက်နေသည်ဟုဆိုသည်။

ထိုပြင်ဟံသာဝတီလေဆိပ်တည်ဆောက်ရေးအတွက် ယခုနှစ်အတွင်း မြန်မာ-ဂျပန်အစိုးရ ချင်း ဆက်သွယ် ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ဝန်ကြီးကဆိုသည်။

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် က ဂျပန်နိုင်ငံအစိုးရနဲ့ G to G (အစိုးရချင်း)ဆောင်ရွက်နိုင်ရေး အဆင့်ဆင့် ညှိနှိုင်း ဆောင်ရွက်နေတာ အခုဆိုရင် ဖြစ်နိုင်ခြေ စီစစ်ခြင်း လုပ်ငန်းတွေကို ဆောင်ရွက်နေပြီး ဒီနှစ်ထဲမှာ ဂျပန်အစိုးရနဲ့ မြန်မာအစိုးရ အကြားမှာ ဆက်သွယ်ညှိနှိုင်း ပေါင်းစပ်မူတွေ စတင်နိုင်ပြီဖြစ်ပါတယ်”ဟု ဝန်ကြီးကပြောသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ခရီးသည်ဝင် ရောက်မှု အကန့်အသတ်ရှိပြီး ပြေးလမ်းတစ်ခုသာရှိ၍ လေယာဉ် ကြီးဆင်းသက်ရန် အခက်အခဲရှိ သဖြင့် နိုင်ငံတကာ လေဆိပ်အ သစ် တည်ဆောက်ရန် လိုအပ် ခြင်းဖြစ်သည်။

ဦးသိန်းစိန် အစိုးရ လက် ထက်တွင် ပဲခူးမြို့ကျောက်တိုင် ရွာအနီး ဂျပန်ခေတ်လေဆိပ်သ ဖွယ် အသုံးပြုသော မြေဧက ၉၀၀ ကျော်၌ ဟံသာဝတီလေဆိပ်အ သစ် အကောင်အထည်ဖော်ရန် စီစဉ်ခဲ့သည်။

စီမံကိန်းကို ဂျပန် JGC ကုမ္ပဏီ၊ စင်ကာပူမှ Yongnam Holdings ကုမ္ပဏီနှင့် Changi Airport International ကုမ္ပဏီ သုံးခုပေါင်း အစုရှယ်ယာပိုင်သည့် စီးပွားရေးလုပ်ငန်းစုကြီးက ၂၀၁၄ အောက်တိုဘာတွင် တင် ဒါရရှိခဲ့သည်။ သို့သော်လည်း လုပ်ငန်းမစတင်မှီ၂၀၁၈ခုနှစ်တွင် တင်ဒါသက်တမ်းကုန်ဆုံးခဲ့သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]













Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service