ရန်ကုန်တွင်ကုန်သေတ္တာတင်ယာဉ်များနေ့အချိန်ဖြတ်သန်းခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
579 Views

ရန်ကုန်တွင်ကုန်သေတ္တာတင်ယာဉ်များနေ့အချိန်ဖြတ်သန်းခွင့်ပြု

[Unicode]

ကိုဗစ်ရောဂါထိန်းချုပ်ရန်အတွက်ရန်ကုန်တိုင်းဒေသကြီးတွင်ညမထွက်ရ အရေးပေါ်အမိန့်ထုတ်ပြန်ထားခြင်း ကြောင့်ကုန်သေတ္တာတင်ယာဉ်များကိုနေ့အချိန်တွင်ဖြတ်သန်းသွားလာခွင့်ပြုမည်ဖြစ်ကြောင်းမြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်အသင်းဥက္ကဋ္ဌဦးအောင်မိုးထံမှ သိရသည်။

ရန်ကုန်မြို့တွင်ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ရန်ကုန်သေတ္တာတင်ယာဉ်များညအချိန်တွင်ဖြတ်သန်းခွင့်ပြုခဲ့ပြီးနေ့အချိန်မောင်းနင်ခွင့် ပိတ်ထားရာမှညမထွက်ရ အရေးပေါ်အမိန့်ကြောင့်နေ့အချိန်တွင်မောင်းနင်ခွင့်ပြုခြင်းဖြစ်သည်။

“ညဘက်ကိုကာဖျူးထုတ်လိုက်တဲ့အခါကျတော့နေ့ခင်းဘက်ကိုပေးသွားတာပါ။မနက်၇နာရီကနေပြီးတော့ည၈နာရီအထိ ပေးသွားပါတယ်။အရင်တုန်းကနေ့ဘက် မထွက်ရဘူး။နေ့ဘက်ကိုအချိန်ပိုင်းနဲ့ပဲ ထွက်ရတယ်။အခုညမထွက်ရအမိန့်ရှိတဲ့အတွက်နေ့ကိုပြန်ခွင့်ပြုတဲ့သဘောပါ” ဟု၎င်းက ရှင်းပြသည်။

နေ့အချိန်ကုန်သေတ္တာတင်ယာဉ်များ မောင်းနင်ခွင့်ပြုရာတွင်ယာဉ်ထိန်းရဲတပ်ဖွဲ့၊ရန်ကုန်တိုင်းဒေသကြီးအများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့(YRTA) တို့ ပူးပေါင်းကြီးကြပ်သွားမည် ဖြစ်ကြောင်းဦးအောင်မိုးက ဆိုသည်။

သတ်မှတ်ချိန်ထက်စော၍ဖြစ်စေ၊နောက်ကျ၍ဖြစ်စေမသွားလာရန်၊ယာဉ်ကြေပိတ်ဆို့မှု မဖြစ်ပွားစေရန်အဆိုပါပူးပေါင်းအဖွဲ့များက ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကညွှန်ကြားထားသည်။

ကုန်သေတ္တာတင်ယာဉ်များသည်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများတွင်ပို့ကုန်၊သွင်းကုန်များထုတ်ယူတင်ပို့ရန် နေ့စဉ်သွားလာနေရခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်ကိုဗစ်ရောဂါတစ်နေ့တစ်ခြား ကူးစက်မှုတိုးလာခြင်းကြောင့် ကုန်စည်စီးဆင်းမှု နှေးကွေးနေပြီးကုန်သေတ္တာ သယ်ယူရမှုလည်း နည်းပါးနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်အသင်းထံ မှသိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]













Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service