အလုပ်သမားတွေအတွက် တန်ဖိုးနည်းအိမ်ရာတွေဆောက်လုပ်မယ် - Property News in Myanmar from iMyanmarHouse.com
666 Views

အလုပ်သမားတွေအတွက် တန်ဖိုးနည်းအိမ်ရာတွေဆောက်လုပ်မယ်

[Unicode]

တန်ဖိုးနည်းအိမ်ရာများကို အလုပ်သမားများ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသာဌေးကပြောသည်။

ယင်းအိမ်ရာစီမံကိန်းများ တည်ဆောက်နိုင်ရေးအတွက် အဓိကစိန်ခေါ်မှုမှာ မြန်မာနိုင်ငံတွင် လက်ရှိ အဆမတန်မြင့်မားနေသော မြေဈေးကြီးမြင့်မှုများကြောင့် အခက်အခဲရှိနေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များကဆိုသည်။

““ဆွေးနွေးနေတုန်းပဲရှိပါသေးတယ်။ ဘာကိုဆက်လုပ်မယ်ဆိုတာကို ထပ်ကာထပ်ကာဆွေးနွေးပြီး လက်ရှိကြုံနေတဲ့အခက်အခဲတွေကို အရင်ဘယ်လိုဖြေရှင်းမလဲဆိုတာကို လုပ်ငန်းရှင်တွေနဲ့ပူးပေါင်းရမှာပေါ့”” ဟု အလုပ်သမားအလုပ်အကိုင်နှင့် အလုပ်ဖူလုံရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ကပြောသည်။

ဆောင်ရွက်မည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများမှာ ပုဂ္ဂလိက အလုပ်သမားဝန်ထမ်းများ၊ အစိုးရဝန်ထမ်းများနှင့် တပ်မတော်သားများအတွက် ရည်ရွယ်၍ အဓိကတည်ဆောက်ပေးသွားမည်ဖြစ်ကာ တန်ဖိုးအားဖြင့် ကျပ်သိန်း ၁၀၀ မှ ၇၀ ကြားတွင် သတ်မှတ်ရန် လတ်တလောဆွေးနွေးအကြံပြုထားကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသာဌေးက ပြောသည်။

““မြို့တွင်းပိုင်းမှာတော့ မဖြစ်နိုင်ဘူး။ စက်ရုံတွေ၊ အလုပ်ရုံတွေနဲ့ နီးတဲ့နေရာတွေ ၊မြေဈေးသက်သာမယ့် မြို့စွန်လိုနေရာမျိုးတွေမှာ လုပ်ဖို့သင့်တော်လိမ့်မယ်””ဟု ၎င်းကပြောသည်။

တည်ဆောက်မှုကုန်ကျစရိတ်ကို အစိုးရနှင့်လုပ်ငန်းရှင် အကျိုးတူပုံစံဖြင့် တည်ဆောက်သင့်ပြီး အိမ်ရာနှင့်ပတ်သက်သည့် ဘဏ်တစ်ခုခုနှင့် ချိတ်ဆက်ကာ တစ်လလျှင် အရစ်ကျစနစ်ဖြင့် ကျပ် ၅၀၀၀ မှ ၃၀၀၀၀ သွင်းပြီး ဝယ်ယူမှုပုံစံကို ကျင့်သုံးပေးနိုင်ပါက ဝင်ငွေနည်း အလုပ်သမားများအတွက် များစွာအဆင်ပြေနိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

လက်ရှိတွင် မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာနမှ ပြည်နယ်တိုင်းဒေသကြီးအသီးသီးတွင် နိုင်ငံဝန်ထမ်းများအတွက် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးမှုဦး စီးဌာန မြို့ပြနှင့်ဒေသစီမံကိန်းဌာနခွဲ ဒုတိယညွှန်ကြားရေးမှူးက ပြီးခဲ့သည့်လက ပြောကြားထားသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အလုပ္သမားေတြအတြက္ တန္ဖိုးနည္းအိမ္ရာေတြေဆာက္လုပ္မယ္

တန္ဖိုးနည္းအိမ္ရာမ်ားကို အလုပ္သမားမ်ား အရစ္က်စနစ္ျဖင့္ ဝယ္ယူႏိုင္ေရးအတြက္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးသာေဌးကေျပာသည္။

ယင္းအိမ္ရာစီမံကိန္းမ်ား တည္ေဆာက္ႏိုင္ေရးအတြက္ အဓိကစိန္ေခၚမႈမွာ ျမန္မာႏိုင္ငံတြင္ လက္ရွိ အဆမတန္ျမင့္မားေနေသာ ေျမေဈးႀကီးျမင့္မႈမ်ားေၾကာင့္ အခက္အခဲရွိေနေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားကဆိုသည္။

““ေဆြးေႏြးေနတုန္းပဲရွိပါေသးတယ္။ ဘာကိုဆက္လုပ္မယ္ဆိုတာကို ထပ္ကာထပ္ကာေဆြးေႏြးၿပီး လက္ရွိႀကဳံေနတဲ့အခက္အခဲေတြကို အရင္ဘယ္လိုေျဖရွင္းမလဲဆိုတာကို လုပ္ငန္းရွင္ေတြနဲ႔ပူးေပါင္းရမွာေပါ့”” ဟု အလုပ္သမားအလုပ္အကိုင္ႏွင့္ အလုပ္ဖူလုံေရးဝန္ႀကီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ကေျပာသည္။

ေဆာင္႐ြက္မည့္ တန္ဖိုးနည္းအိမ္ရာ စီမံကိန္းမ်ားမွာ ပုဂၢလိက အလုပ္သမားဝန္ထမ္းမ်ား၊ အစိုးရဝန္ထမ္းမ်ားႏွင့္ တပ္မေတာ္သားမ်ားအတြက္ ရည္႐ြယ္၍ အဓိကတည္ေဆာက္ေပးသြားမည္ျဖစ္ကာ တန္ဖိုးအားျဖင့္ က်ပ္သိန္း ၁၀၀ မွ ၇၀ ၾကားတြင္ သတ္မွတ္ရန္ လတ္တေလာေဆြးေႏြးအႀကံျပဳထားေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ ဦးသာေဌးက ေျပာသည္။

““ၿမိဳ႕တြင္းပိုင္းမွာေတာ့ မျဖစ္ႏိုင္ဘူး။ စက္႐ုံေတြ၊ အလုပ္႐ုံေတြနဲ႔ နီးတဲ့ေနရာေတြ ၊ေျမေဈးသက္သာမယ့္ ၿမိဳ႕စြန္လိုေနရာမ်ိဳးေတြမွာ လုပ္ဖို႔သင့္ေတာ္လိမ့္မယ္””ဟု ၎ကေျပာသည္။

တည္ေဆာက္မႈကုန္က်စရိတ္ကို အစိုးရႏွင့္လုပ္ငန္းရွင္ အက်ိဳးတူပုံစံျဖင့္ တည္ေဆာက္သင့္ၿပီး အိမ္ရာႏွင့္ပတ္သက္သည့္ ဘဏ္တစ္ခုခုႏွင့္ ခ်ိတ္ဆက္ကာ တစ္လလွ်င္ အရစ္က်စနစ္ျဖင့္ က်ပ္ ၅၀၀၀ မွ ၃၀၀၀၀ သြင္းၿပီး ဝယ္ယူမႈပုံစံကို က်င့္သုံးေပးႏိုင္ပါက ဝင္ေငြနည္း အလုပ္သမားမ်ားအတြက္ မ်ားစြာအဆင္ေျပႏိုင္မည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္တစ္ဦးကေျပာသည္။

လက္ရွိတြင္ ၿမိဳ႕႐ြာႏွင့္အိုးအိမ္ ဖြံ႕ၿဖိဳးမႈဦးစီးဌာနမွ ျပည္နယ္တိုင္းေဒသႀကီးအသီးသီးတြင္ ႏိုင္ငံဝန္ထမ္းမ်ားအတြက္ တန္ဖိုးနည္းအိမ္ရာစီမံကိန္းမ်ား ေဖာ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ၿမိဳ႕႐ြာႏွင့္ အိုးအိမ္ ဖြံ႕ၿဖိဳးမႈဦး စီးဌာန ၿမိဳ႕ျပႏွင့္ေဒသစီမံကိန္းဌာနခြဲ ဒုတိယၫႊန္ၾကားေရးမႉးက ၿပီးခဲ့သည့္လက ေျပာၾကားထားသည္။

ေနးရွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service