Covid-19 ရောဂါတုန့်ပြန်ရေးအတွက် ကမ္ဘာဘဏ်က မြန်မာနိုင်ငံကို ဒေါ်လာ သန်း ၅၀ ထောက်ပံ့ - Property News in Myanmar from iMyanmarHouse.com
582 Views

Covid-19 ရောဂါတုန့်ပြန်ရေးအတွက် ကမ္ဘာဘဏ်က မြန်မာနိုင်ငံကို ဒေါ်လာ သန်း ၅၀ ထောက်ပံ့

[Unicode]

COVID-19 ရောဂါတုန့်ပြန့်ရေးလုပ်ငန်းများဆောင်ရွက်ရန် မြန်မာ့နိုင်ငံကို အရေးပေါ် ရန်ပုံငွေ ဒေါ်လာ သန်း ၅၀ ထောက်ပံ့ရန် ကမ္ဘာဘဏ်က ဧပြီ ၂၀ ရက်တွင် အတည်ပြုထုတ်ပြန်လိုက်သည်။

ထိုဘဏ္ဍာငွေကြေးသည် ကမ္ဘာဘဏ်၏ တစ်ကမ္ဘာလုံးဆိုင်ရာ COVID-19ရောဂါ အရေးပေါ်တုန့်ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အလျင်အမြန်ချမှတ်ပေးသည့် အစီအစဉ်၏ အစိပ်အပိုင်းတစ်ခုဖြစ်သည်ဟု ကမ္ဘာဘဏ်က ထုတ်ပြန်သည်။

ကမ္ဘာဘဏ်၏ မြန်မာ၊ ကမ္ဘေဒီးယားနှင့် လာအိုနိုင်ငံတိုဆိုင်ရာ ညွန်ကြားရေးမှူးမစ္စရီယမ်ရှာမန်က ထိုအကူအညီသည် မြန်မာ့နိုင်ငံ၏ covid-19ရောဂါကို ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်နိုင်ရေးလုပ်ငန်းများကို အားဖြည့်သွားမည်ဖြစ်ပြီး ထိုမှတဆင့် ရောဂါပြန့်ပွားမူကို လျှော့ချပေးနိုင်မည်ဟု ပြောသည်။

ထိုပြင် ကျန်းမားရေးဝန်ထမ်းများကို အကာအကွယ်များ ပိုမိုပေးနိုင်မည်ဖြစ်ပြီး ရောဂါကူးစက်ခံရသူများ ရောဂါဒဏ်ပြင်းထန်စွာ ခံစားရခြင်းမှ သက်သာရန်နှင့် သေဆုံးနှုန်းလျော့ချနိုင်ရန် အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းကဆိုသည်။

ထိုစီမံကိန်းသည် အဓိကအားဖြင့် သတ်မှတ်ထားသည့် ဆေးရုံများရှိ အထူးကြပ်မတ်စောင့်ရှောက်မှု ဌာနများကို အဆင့်မြှင့်သွားမည်ဖြစ်သည်ဟုဆိုသည်၊ထိုပြင် ကျန်းမာရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ပေးရန်နှင့် ရပ်ရွာလူထုအား အသိပေးခြင်းလုပ်ငန်းကို တနိုင်ငံလုံးတွင် တိုးမြှင့်ဆောင်ရွက်သွားနိုင်ရန် အဓိကရည်ရွယ်သည်ဟု ဆိုသည်။

ထိုအဆင့်မြှင့်တင်သည့် စီမံကိန်းတွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ဗဟိုအဆင့်ဆေးရုံ ၈ ရုံနှင့် တိုင်းဒေသကြီး/ပြည်နယ် အဆင့်ရှိ ဆေးရုံ ၄၃ ရုံပါဝင်မည်ဟု ကမ္ဘာဘဏ်ကဆိုသည်။ စီမံကိန်းကို လူဦးရေးနှင့် ရွှေ့ပြောင်းလုပ်သား အများအပြားရှိသည့် ဒေသများကို ဦးစားပေးမည်ဟုလည်း ဆိုသည်။

ကမ္ဘာဘဏ်က covid-19 ရောဂါခံစားရသည့် တိုင်းပြည်များအတွက် လာမည့် ၁၅ လအတွင်း ဆင်းရဲသားများ၊ ထိခိုက်လွယ်သူများကိုကာကွယ်ပေးရန်၊ စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီရန်နှင့် နိုင်ငံလုံးဆိုင်ရာစီးပွားရေး အင်အားများ ပြန်လည် ထူထောင်နိုင်ရေး အတွက် ဒေါ်လာ ဘီလီယံ ၁၆၀၀ကို ကူညီရန် လျာထားသည်ဟု ကမ္ဘာဘဏ်ကပြောသည်။

ထိုစီမံကိန်းသည် ကမ္ဘာဘဏ်က မြန်မာနိုင်ငံတွင် ၂၀၁၅ မှစတင်ပြီး ဆောင်ရွက်နေသည့် အဓိကကျန်းမာရေး စောင့်ရှောက်မှုလက်လှမ်းမီစေရေး စီမံကိန်းနှင့်အတူဆောင်ရွက်သွားမည်ဟုဆိုသည်။ ၎င်းသည် ၂၀၁၅ ကစတင်ပြီး တနိုင်ငံလုံးရှိ ကျန်းမာရေးစောင့်ရှောက်မှုဌာန ၁၂၀၀၀၀ကျော်ကို ပံ့ပိုးဆောင်ရွက်နေခြင်းဖြစ်သည်။

၎င်းစီမံကိန်းမှလက်ရှိလည်ပတ်နေသော ရန်ပုံငွေများကိုလည်း covid-19ရောဂါတုန့်ပြန်ရေးတွင် သုံးဆွဲလျက်ရှိသည်ဟု ကမ္ဘာဘဏ်ကဆိုသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

Covid-19 ေရာဂါတုန႔္ျပန္ေရးအတြက္ ကမာၻဘဏ္က ျမန္မာႏိုင္ငံကို ေဒၚလာ သန္း ၅၀ ေထာက္ပံ့

COVID-19 ေရာဂါတုန႔္ျပန႔္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရန္ ျမန္မာ့ႏိုင္ငံကို အေရးေပၚ ရန္ပုံေငြ ေဒၚလာ သန္း ၅၀ ေထာက္ပံ့ရန္ ကမာၻဘဏ္က ဧၿပီ ၂၀ ရက္တြင္ အတည္ျပဳထုတ္ျပန္လိုက္သည္။

ထိုဘ႑ာေငြေၾကးသည္ ကမာၻဘဏ္၏ တစ္ကမာၻလုံးဆိုင္ရာ COVID-19ေရာဂါ အေရးေပၚတုန႔္ျပန္ေရး လုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ရန္ အလ်င္အျမန္ခ်မွတ္ေပးသည့္ အစီအစဥ္၏ အစိပ္အပိုင္းတစ္ခုျဖစ္သည္ဟု ကမာၻဘဏ္က ထုတ္ျပန္သည္။

ကမာၻဘဏ္၏ ျမန္မာ၊ ကေမၻဒီးယားႏွင့္ လာအိုႏိုင္ငံတိုဆိုင္ရာ ၫြန္ၾကားေရးမႉးမစၥရီယမ္ရွာမန္က ထိုအကူအညီသည္ ျမန္မာ့ႏိုင္ငံ၏ covid-19ေရာဂါကို ႀကိဳတင္ျပင္ဆင္ စီမံေဆာင္႐ြက္ႏို္င္ေရးလုပ္ငန္းမ်ားကို အားျဖည့္သြားမည္ျဖစ္ၿပီး ထိုမွတဆင့္ ေရာဂါျပန႔္ပြားမူကို ေလွ်ာ့ခ်ေပးႏိုင္မည္ဟု ေျပာသည္။

ထိုျပင္ က်န္းမားေရးဝန္ထမ္းမ်ားကို အကာအကြယ္မ်ား ပိုမိုေပးႏိုင္မည္ျဖစ္ၿပီး ေရာဂါကူးစက္ခံရသူမ်ား ေရာဂါဒဏ္ျပင္းထန္စြာ ခံစားရျခင္းမွ သက္သာရန္ႏွင့္ ေသဆုံးႏႈန္းေလ်ာ့ခ်ႏိုင္ရန္ အေထာက္အကူျပဳႏိုင္မည္ဟု ယုံၾကည္ေၾကာင္း ၎ကဆိုသည္။

ထိုစီမံကိန္းသည္ အဓိကအားျဖင့္ သတ္မွတ္ထားသည့္ ေဆး႐ုံမ်ားရွိ အထူးၾကပ္မတ္ေစာင့္ေရွာက္မႈ ဌာနမ်ားကို အဆင့္ျမႇင့္သြားမည္ျဖစ္သည္ဟုဆိုသည္၊ထိုျပင္ က်န္းမာေရးဝန္ထမ္းမ်ား၏ စြမ္းေဆာင္ရည္ ျမႇင့္တင္ေပးရန္ႏွင့္ ရပ္႐ြာလူထုအား အသိေပးျခင္းလုပ္ငန္းကို တႏိုင္ငံလုံးတြင္ တိုးျမႇင့္ေဆာင္႐ြက္သြားႏိုင္ရန္ အဓိကရည္႐ြယ္သည္ဟု ဆိုသည္။

ထိုအဆင့္ျမႇင့္တင္သည့္ စီမံကိန္းတြင္ တိုင္းေဒသႀကီး/ျပည္နယ္အသီးသီးရွိ ဗဟိုအဆင့္ေဆး႐ုံ ၈ ႐ုံႏွင့္ တိုင္းေဒသႀကီး/ျပည္နယ္ အဆင့္ရွိ ေဆး႐ုံ ၄၃ ႐ုံပါဝင္မည္ဟု ကမာၻဘဏ္ကဆိုသည္။ စီမံကိန္းကို လူဦးေရးႏွင့္ ေ႐ႊ႕ေျပာင္းလုပ္သား အမ်ားအျပားရွိသည့္ ေဒသမ်ားကို ဦးစားေပးမည္ဟုလည္း ဆိုသည္။

ကမာၻဘဏ္က covid-19 ေရာဂါခံစားရသည့္ တိုင္းျပည္မ်ားအတြက္ လာမည့္ ၁၅ လအတြင္း ဆင္းရဲသားမ်ား၊ ထိခိုက္လြယ္သူမ်ားကိုကာကြယ္ေပးရန္၊ စီးပြားေရးလုပ္ငန္္းမ်ားကို ပံ့ပိုးကူညီရန္ႏွင့္ ႏိုင္ငံလုံးဆိုင္ရာစီးပြားေရး အင္အားမ်ား ျပန္လည္ ထူေထာင္ႏိုင္ေရး အတြက္ ေဒၚလာ ဘီလီယံ ၁၆၀၀ကို ကူညီရန္ လ်ာထားသည္ဟု ကမာၻဘဏ္ကေျပာသည္။

ထိုစီမံကိန္းသည္ ကမာၻဘဏ္က ျမန္မာႏိုင္ငံတြင္ ၂၀၁၅ မွစတင္ၿပီး ေဆာင္႐ြက္ေနသည့္ အဓိကက်န္းမာေရး ေစာင့္ေရွာက္မႈလက္လွမ္းမီေစေရး စီမံကိန္းႏွင့္အတူေဆာင္႐ြက္သြားမည္ဟုဆိုသည္။ ၎သည္ ၂၀၁၅ ကစတင္ၿပီး တႏိုင္ငံလုံးရွိ က်န္းမာေရးေစာင့္ေရွာက္မႈဌာန ၁၂၀၀၀၀ေက်ာ္ကို ပံ့ပိုးေဆာင္႐ြက္ေနျခင္းျဖစ္သည္။

၎စီမံကိန္းမွလက္ရွိလည္ပတ္ေနေသာ ရန္ပုံေငြမ်ားကိုလည္း covid-19ေရာဂါတုန႔္ျပန္ေရးတြင္ သုံးဆြဲလ်က္ရွိသည္ဟု ကမာၻဘဏ္ကဆိုသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service