အိမ်ခြံမြေကို ဝယ်ယူခြင်း၊ ရောင်းချခြင်းများတွင် ရောင်းသူ၊ ဝယ်ယူသူ နိုင်ငံခြားရောက်ရှိနေလျှင် မည်သို့ဝယ်ယူ မည်နည်း။ - Property Knowledge in Myanmar from iMyanmarHouse.com
1757 Views

အိမ်ခြံမြေကို ဝယ်ယူခြင်း၊ ရောင်းချခြင်းများတွင် ရောင်းသူ၊ ဝယ်ယူသူ နိုင်ငံခြားရောက်ရှိနေလျှင် မည်သို့ဝယ်ယူ မည်နည်း။

Knowledge | Posted by Hnin Ei Khin

[Unicode]

အိမ်ခြံမြေကို ဝယ်ယူရာတွင် ဝယ်ယူသူသည် နိုင်ငံခြားတွင် ရောက်ရှိနေမည် ပြန်လာရန်လည်း အခက်အခဲရှိနေမည်ဆိုလျှင် များသောအားဖြင့် မိဘများအမည်ဖြင့်လည်းကောင်း၊ ညီအစ်ကိုမောင်နှစ်မများ အမည်ဖြင့်လည်းကောင်း ဝယ်ယူခြင်းများကို ဆောင်ရွက်ကျပါသည်။

ထိုသို့ ကိုယ်စားဝယ်ယူခိုင်းမည်ဆိုလျှင် အမှန်တကယ် ငွေထုတ်ဝယ်ယူသူနှင့် ကိုယ်စားဝယ်ယူ သူတို့အကြားတွင် ဘီနာမီစာချုပ်ချုပ်ဆိုထားရန်လိုအပ်မည်ဖြစ်ပြီး ထိုသို့ ချုပ်ဆိုရန်မှာလည်း အမှန်တကယ် ဝယ်ယူသည် နိုင်ငံခြားတွင် ရောက်ရှိနေသည့်အတွက် ချုပ်ဆိုရန် မလွယ်ကူနိုင်ပါ။ မည်သည့်စာချုပ်စာတမ်း မှ ပြုလုပ်ထားခြင်းမရှိလျှင်လည်း မိဘအားကိုယ်စား ဝယ်ယူမည်ဆိုပါကလည်း နောင်တစ်ချိန်တွင် မောင်နှစ်မ များမှ အမွေဆိုင်ပစ္စည်းဟုလည်းကောင်း၊ ညီအစ်ကိုမောင်နှစ်မများအမည်ဖြင့် ကိုယ်စားဝယ်ယူမည်ဆိုပါက လည်း နောင်တစ်ချိန်တွင်၎င်းဝယ်ယူထားသည်ဟုလည်းကောင်း စသည့်ဖြင့် အငြင်းပွားမှုများရှိလာနိုင်ပါသည်။

ထို့ကြောင့် ဥပဒေနှင့်အညီ ဝယ်ယူခြင်းမျိုးဖြစ်ပွားစေရန် နိုင်ငံခြားတွင် ရောက်ရှိနေသော ဝယ်ယူသူမှ  ရောက်ရှိနေသည့်နိုင်ငံရှိ မြန်မာနိုင်ငံသံရုံး၊ သံအရာရှိထံတွင် ကိုယ်စားဝယ်ယူမည့်သူအား တရားဝင်ကိုယ်စားလှယ်လွှဲစာဖြစ်သည့် အထွေထွေကိုယ်စားလှယ်လွှဲစာ ပြုလုပ်ဆောင်ရွက်ပြီး အဆိုပါ အထွေထွေ ကိုယ်စားလှယ်လွှဲစာအား မြန်မာနိုင်ငံသို့ ပေးပို့၍ အိမ်ခြံမြေဝယ်ယူသည့် အရောင်းအဝယ်စာချုပ်တွင် ကိုယ်စားဝယ်ယူသူသည် ကိုယ်စားလှယ်လွှဲစာအမှတ်(--------------)ဖြင့် ကိုယ်စားလက်မှတ်ရေးထိုး ဝယ်ယူခြင်းသည် ဝယ်ယူခြင်းကို တရားဝင်ဖြစ်စေမှာဖြစ်ပါသည်။

ထို့အတူ ရောင်းချရာတွင်လည်း ရောင်းသူသည် နိုင်ငံခြားတွင် ရောက်နေမည် ပြန်လာရန်လည်း အခက်အခဲရှိမည်ဆိုပါက အထက်ပါအတိုင်း တရားဝင်ကိုယ်စားလှယ်လွှဲစာပြုလုပ်ခိုင်းပြီးမှ ကိုယ်စားရောင်းချ ခြင်းသည် တရားဝင်မည်ဖြစ်ပါသည်။ အရောင်းအဝယ်အား ကိုယ်စားရောင်းချခြင်းကို ရောင်းသူမှ ၎င်းမသိရှိ၊ သဘောမတူပါဟု ငြင်းဆိုခြင်းများ မဆောင်ရွက်နိုင်မှာဖြစ်ပါသည်။ သို့မှသာ ဝယ်ယူသူများအနေဖြင့်လည်း ဆုံးရှုံးမှုတစ်စုံ တစ်ရာမဖြစ်ပေါ်နိုင်မှာဖြစ်ပါသည်။

ထိုသု့ိ တရားဝင်ကိုယ်စားလှယ်လွှဲစာ မပြုလုပ်ပေးဘဲ ရောင်းချခြင်းများကိုလည်း ဝယ်ယူသူများသည် မဝယ်ယူသင့်ကြောင်း ထပ်လောင်းအကြံပေးအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အိမ္ၿခံေျမကို ဝယ္ယူျခင္း၊ ေရာင္းခ်ျခင္းမ်ားတြင္ ေရာင္းသူ၊  ဝယ္ယူသူ ႏိုင္ငံျခားေရာက္ရွိေနလွ်င္ မည္သို႔ဝယ္ယူ မည္နည္း။

အိမ္ၿခံေျမကို ဝယ္ယူရာတြင္ ဝယ္ယူသူသည္ ႏိုင္ငံျခားတြင္ ေရာက္ရွိေနမည္ ျပန္လာရန္လည္း အခက္အခဲရွိေနမည္ဆိုလွ်င္ မ်ားေသာအားျဖင့္ မိဘမ်ားအမည္ျဖင့္လည္းေကာင္း၊ ညီအစ္ကိုေမာင္ႏွစ္မမ်ား အမည္ျဖင့္လည္းေကာင္း ဝယ္ယူျခင္းမ်ားကို ေဆာင္႐ြက္က်ပါသည္။

ထိုသို႔ ကိုယ္စားဝယ္ယူခိုင္းမည္ဆိုလွ်င္ အမွန္တကယ္ ေငြထုတ္ဝယ္ယူသူႏွင့္ ကိုယ္စားဝယ္ယူ သူတို႔အၾကားတြင္ ဘီနာမီစာခ်ဳပ္ခ်ဳပ္ဆိုထားရန္လိုအပ္မည္ျဖစ္ၿပီး ထိုသို႔ ခ်ဳပ္ဆိုရန္မွာလည္း အမွန္တကယ္ ဝယ္ယူသည္ ႏိုင္ငံျခားတြင္ ေရာက္ရွိေနသည့္အတြက္ ခ်ဳပ္ဆိုရန္ မလြယ္ကူႏိုင္ပါ။ မည္သည့္စာခ်ဳပ္စာတမ္း မွ ျပဳလုပ္ထားျခင္းမရွိလွ်င္လည္း မိဘအားကိုယ္စား ဝယ္ယူမည္ဆိုပါကလည္း ေနာင္တစ္ခ်ိန္တြင္ ေမာင္ႏွစ္မ မ်ားမွ အေမြဆိုင္ပစၥည္းဟုလည္းေကာင္း၊ ညီအစ္ကိုေမာင္ႏွစ္မမ်ားအမည္ျဖင့္ ကိုယ္စားဝယ္ယူမည္ဆိုပါက လည္း ေနာင္တစ္ခ်ိန္တြင္၎ဝယ္ယူထားသည္ဟုလည္းေကာင္း စသည့္ျဖင့္ အျငင္းပြားမႈမ်ားရွိလာႏိုင္ပါသည္။

ထို႔ေၾကာင့္ ဥပေဒႏွင့္အညီ ဝယ္ယူျခင္းမ်ိဳးျဖစ္ပြားေစရန္ ႏိုင္ငံျခားတြင္ ေရာက္ရွိေနေသာ ဝယ္ယူသူမွ ေရာက္ရွိေနသည့္ႏိုင္ငံရွိ ျမန္မာႏိုင္ငံသံ႐ုံး၊ သံအရာရွိထံတြင္ ကိုယ္စားဝယ္ယူမည့္သူအား တရားဝင္ကိုယ္စားလွယ္လႊဲစာျဖစ္သည့္ အေထြေထြကိုယ္စားလွယ္လႊဲစာ ျပဳလုပ္ေဆာင္႐ြက္ၿပီး အဆိုပါ အေထြေထြ ကိုယ္စားလွယ္လႊဲစာအား ျမန္မာႏိုင္ငံသို႔ ေပးပို႔၍ အိမ္ၿခံေျမဝယ္ယူသည့္ အေရာင္းအဝယ္စာခ်ဳပ္တြင္ ကိုယ္စားဝယ္ယူသူသည္ ကိုယ္စားလွယ္လႊဲစာအမွတ္(--------------)ျဖင့္ ကိုယ္စားလက္မွတ္ေရးထိုး ဝယ္ယူျခင္းသည္ ဝယ္ယူျခင္းကို တရားဝင္ျဖစ္ေစမွာျဖစ္ပါသည္။

ထို႔အတူ ေရာင္းခ်ရာတြင္လည္း ေရာင္းသူသည္ ႏိုင္ငံျခားတြင္ ေရာက္ေနမည္ ျပန္လာရန္လည္း အခက္အခဲရွိမည္ဆိုပါက အထက္ပါအတိုင္း တရားဝင္ကိုယ္စားလွယ္လႊဲစာျပဳလုပ္ခိုင္းၿပီးမွ ကိုယ္စားေရာင္းခ် ျခင္းသည္ တရားဝင္မည္ျဖစ္ပါသည္။ အေရာင္းအဝယ္အား ကိုယ္စားေရာင္းခ်ျခင္းကို ေရာင္းသူမွ ၎မသိရွိ၊ သေဘာမတူပါဟု ျငင္းဆိုျခင္းမ်ား မေဆာင္႐ြက္ႏိုင္မွာျဖစ္ပါသည္။ သို႔မွသာ ဝယ္ယူသူမ်ားအေနျဖင့္လည္း ဆုံးရႈံးမႈတစ္စုံ တစ္ရာမျဖစ္ေပၚႏိုင္မွာျဖစ္ပါသည္။

ထိုသု႔ိ တရားဝင္ကိုယ္စားလွယ္လႊဲစာ မျပဳလုပ္ေပးဘဲ ေရာင္းခ်ျခင္းမ်ားကိုလည္း ဝယ္ယူသူမ်ားသည္ မဝယ္ယူသင့္ေၾကာင္း ထပ္ေလာင္းအႀကံေပးအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပေဒအႀကံေပး ပညာရွင္အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service