COVID-19 ရောဂါထိန်းချုပ်ရန် လူ ၅ ဦးထက် ပိုမစုရန် အမိန့်ထုတ် - Property News in Myanmar from iMyanmarHouse.com
815 Views

COVID-19 ရောဂါထိန်းချုပ်ရန် လူ ၅ ဦးထက် ပိုမစုရန် အမိန့်ထုတ်

[Unicode]

ကမ္ဘာကပ်ရောဂါ COVID-19 ကို ထိန်းချုပ်ရန်  ကိစ္စရပ် ၉ ခုမှ အပ လူငါးဦးနှင့် အထက် စုဝေးခြင်းမပြုရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးချုပ်က ဧပြီ ၁၆ ရက်တွင်ထုတ်ပြန်လိုက်သည်။

ဝန်ကြီးဌာနက ကူးစက်ရောဂါ များ ကာကွယ်နှိမ်နှင်းရေး ဥပဒေ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အထက်ပါ အမိန့်ကို ထုတ်ပြန်ခြင်းဖြစ်သည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဝန်ကြီးဌာနက ခွင့်ပြုထားသောကိစ္စရပ် ၉ခုရှိပြီး  ၎င်းတို့မှာ အစိုးရနှင့်အစိုးရအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်ရန် လုပ်ငန်းခွင့်သို့ သွားရောက်ခြင်း၊ ပြန်ခြင်း၊ ကုမ္ပဏီ၊ စက်ရုံ၊အလုပ်ရုံများတွင် လုပ်ငန်းခွင်သွားရောက်ခြင်း၊ ပြန်ခြင်း၊ ခွင့်ပြုချက်ရရှိထားသော ဈေး၊ကုန်တိုက်များတွင် ဈေးရောင်းဈေးဝယ်ပြုလုပ်ခြင်း၊ ခွင့်ပြုချက်ရရှိထားသော ကုန်စည်သယ်ယူပို့ဆောင်ရေးဆောင်ရွက်ခြင်း၊ တရားစီရင်ဆောင်ရွက်ခြင်း၊ ခွင့်ပြုချက်ဖြင့် COVID-19 ကာကွယ်ရေးနှိမ်နှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းနှင့်အရေးပေါ် ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ ဆေးရုံး၊ဆေးခန်းသွားရောက်ခြင်းနှင့်နာရေးကိစ္စဆောင်ရွက်ခြင်းတို့ဖြစ်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက COVID-19 ကို ကူးစက်မြန်ရောဂါ သို့မဟုတ် တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် သတ်မှတ်ထားသည်။

ထိုပြင် COVID-19 နှင့်ပတ်သတ်ပြီး ဝန်ကြီးဌာနနှင့် ပြည်သူကျန်းမားရေးဦးစီးဌာနတို့က ထုတ်ပြန်ထားသည့် အမိန့်၊ ညွန့်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေး ဥပဒေအရအရေးယူသွားမည်ဟု ဝန်ကြီးဌာနက ကြေငြာထားသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က COVID-19 ကူးစက်သူ ၈၅ ဦးရှိလာ၍ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရန် အတွက် လိုအပ်ချက်များ ပိုမို ထင်ရှား၊ တိကျစွာ ပေါ်လွင် လာသည်ဟု သူမ၏ ဖေ့ဘုတ် စာမျက်နှာတွင်ရေးသားခဲ့သည်။

“ကျန်း မာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေ ကိုလည်း ရပ်ရွာထဲမှာ တစ်နေ့ (၅) ကြိမ် လှည့် အော်ပါမယ်။ သေသေ ချာချာ နားထောင်၊ လိုက်နာ စေချင်ပါတယ်။”ဟုလည်းတိုက်တွန်းထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]














Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service