EU မှ အလုပ်အကိုင်ဆုံးရှုံးခဲ့ရသည့် မြန်မာ့အထည်ချုပ်လုပ်သားများအတွက် မြန်မာကျပ်ငွေ ၈ ဘီလီယံ ဝန်းကျင် ကို ပံ့ပိုးပေးသွားမည် - Property News in Myanmar from iMyanmarHouse.com
2322 Views

EU မှ အလုပ်အကိုင်ဆုံးရှုံးခဲ့ရသည့် မြန်မာ့အထည်ချုပ်လုပ်သားများအတွက် မြန်မာကျပ်ငွေ ၈ ဘီလီယံ ဝန်းကျင် ကို ပံ့ပိုးပေးသွားမည်

[Unicode]

ဥရောပသမဂ္ဂ (အီးယူ) သည် ကမ္ဘာ့ကူးစက်ကပ်ရောဂါ ကိုဗစ်-၁၉ ၏ ရိုက်ခတ်မှုဒဏ်ကြောင့် အလုပ်အကိုင်များ ဆုံးရှုံးခဲ့ကြရသည့် မြန်မာနိုင်ငံမှ ထောင်ပေါင်းများစွာသော အထည်ချုပ် လုပ်သားများအတွက် တဖက်တလမ်းမှ ကူညီပံ့ပိုးပေးနိုင်ရန် မြန်ကူ (Myan Ku) အမည်ရှိ အရေးပေါ်ငွေသား ရန်ပုံငွေ အဖြစ် ယူရို ၅ သန်း (မြန်မာကျပ်ငွေ ၈ ဘီလီယံ ဝန်းကျင်) ကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကြောင် စီးပွားရေး အပေါ် ပြင်းထန်စွာ သက်ရောက်မှုရှိခဲ့ပြီး မတ်လနှောင်းပိုင်းတွင်  စက်ရုံပေါင်း (၄၀) ကျော်မှ လုပ်သားပေါင်း (၂၅,၀၀၀) ကျော်တို့သည် အလုပ်လက်မဲ့ဖြစ်ခဲ့ကြရသည်။ ခန့်မှန်းခြေ အမျိုးသမီး လုပ်သားပေါင်း (၇) သိန်း (၇၀၀,၀၀၀) ဖြင့် လည်ပတ်လုပ်ကိုင်နေသည့် မြန်မာ့အထည်ချုပ်လုပ်ငန်းတွင် လုပ်သားပေါင်း (၃) သိန်းခွဲ (၃၅၀,၀၀၀) သည် လက်ရှိ တွင် လစာမဲ့ဆိုင်းငံ့ခံရခြင်း သို့မဟုတ် အလုပ်အကိုင်များကို ရပ်စဲခံရခြင်း စသည့် ထိခိုက်နစ်နာမှုများကို ရင်ဆိုင်ကြုံ တွေ့လျက်ရှိကြောင်း EU ထုတ်ပြန်ချက်တွင်ပြောဆိုထားသည်။

“မြန်မာနိုင်ငံတစ်ဝှမ်းမှာ အထည်ချုပ်စက်ရုံပေါင်း (၆၀၀) နီးပါး ရှိပါတယ်။ ပြီးခဲ့တဲ့ မတ်လကတည်းက စက်ရုံပိတ်မှု တွေနဲ့ ထောင်၊ သောင်းပေါင်းများစွာသော လုပ်သားများ အလုပ်လက်မဲ့ဖြစ်မှုတွေကို အများအပြား တွေ့နေရပါတယ်။ ဒီလိုအခြေအနေမျိုးကို ဧပြီလမှာပါ ဆက်မြင်ရနိုင်တယ်လို့ ကျွန်မတို့ ယူဆရပါတယ်။ အခုလို အခက်အခဲ၊ စိန်ခေါ်မှု တွေကို ရင်ဆိုင်နေရတဲ့အချိန်မှာ မြန်ကူ (Myan Ku) အရေးပေါ် ငွေသား ရန်ပုံငွေက ထိခိုက်နစ်နာခဲ့ရတဲ့ အလုပ်လက်မဲ့ ထောင်၊ သောင်းပေါင်းများစွာသော လုပ်သားတွေနဲ့ သူတို့မိ သားစုတွေကို အဓိက ပံ့ပိုးကယ်တင်ပေးနိုင်မယ့် အထောက်အပံ့ကောင်နည်းလမ်းတစ်ခုဖြစ်လာပါတယ်”ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ အထွေ ထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်မှ ပြောကြားထားသည်။

မြန်ကူ (Myan Ku) ရန်ပုံငွေမှ ငွေသားအကူအညီများကို နိုင်ငံသားပိုင်၊ အကျိုးတူပိုင် သို့မဟုတ် နိုင်ငံခြားသားပိုင် အထည်ချုပ်စက်ရုံများတွင် အလုပ်လုပ်ရင်း အလုပ်လက်မဲ့ကြုံခဲ့ရသည့် လုပ်သားများထံ တိုက်ရိုက်လွှဲပြောင်း ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ မြန်ကူ (Myan Ku) သည် မြန်မာဘာသာစကားအရ မြန်ဆန်စွာ အကူအညီ အထောက်အပံ့ပေးခြင်းဟု အဓိပ္ပာယ်ရသည်။

အဆိုပါ ငွေသားအထောက်အပံ့ကို (၁) လက်ရှိအခြေအနေကြောင့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည့် (သို့မဟုတ်) ၎င်းတို့ နေထိုင်ရာနေရာများမှ နှင်ထုတ်ခံခဲ့ရသည့် လုပ်သားများ၊ (၂) လုပ်ငန်းရှင်နှင့် လုပ်သားများအကြား ချုပ်ဆိုထားသည့် စာချုပ်များ တရားမဝင် ရပ်စဲရုပ်သိမ်းခံရခြင်းအပြင် အကျိုးအကြောင်းဆီလျော်မှုမရှိသည့်ညွှန်ကြားချက်များကို ကြုံတွေ့ခံစားခဲ့ရသည့် လုပ်သားများနှင့် (၃) လုပ်သားများကို ဆက်လက်လုပ်ကိုင်ခွင့် ပေးရန်နှင့် အနည်းဆုံး သင့်တော် သည့် အထောက်အပံ့များကိုလည်း ၎င်းတို့အတွက် ပံ့ပိုးပေးရန် သဘောတူ ညီထားသည့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) များမှ လုပ်သားများ စသည်တို့ထံ ဝေ့မန်းနီး (Wave Money) ဝန်ဆောင်မှုမှတဆင့် လွှဲပြောင်းပံ့ပိုးပေးသွားမည် ဖြစ်သည်။ ပံ့ပိုးကူညီမှု ရရှိမည့် သူများကို အလုပ်သမားသမဂ္ဂများ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများနှင့် တိုင်ပင်ဆွေးနွေးမှုများမှတဆင့်  စိစစ်ရွေးချယ်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]












Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service