နိုင်ငံတကာလေယာဉ်များ ဆိုက်ရောက်ခွင့်ကို ဧပြီ ၃၀ ရက်အထိ သက်တမ်းတိုးထား - Property News in Myanmar from iMyanmarHouse.com
788 Views

နိုင်ငံတကာလေယာဉ်များ ဆိုက်ရောက်ခွင့်ကို ဧပြီ ၃၀ ရက်အထိ သက်တမ်းတိုးထား

[Unicode]

မြန်မာနိုင်ငံသို့ နိုင်ငံခြားလေယာဉ်များ ဆိုက်ရောက်ခွင့်ကို ဧပြီ လကုန်အထိ တိုးမြှင့်လိုက်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ရောဂါသည် ပြည်ပမှ ပြန်လာသူနှင့် ၎င်းတို့ကို ထိစပ်သူများကြား ပြန့်နှံနေ၍ နိုင်ငံခြားမှ ပြန်လာသူများကို ကန့်သတ်ရန်လိုခြင်းကြောင့် ဖြစ်သည်ဟု ဝန်ကြီးဌာနကဆိုသည်။

COVID-19 ကာကွယ် ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက မြန်မာနိုင်ငံရှိ လေဆိပ်များတွင် နိုင်ငံတကာလေကြောင်းလိုင်းများ ဆိုက်ကပ်ခွင့်ကို ပထမအကြိမ်တွင် ဧပြီ ၁၃ ရက်အထိ ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ထိုကြေညာချက်ကို သက်တမ်းတိုးရန် ဗဟိုကော်မတီက ခွင့်ပြုပြီးဖြစ်၍ ဧပြီ ၃၀ ရက်အထိ နိုင်ငံတကာလေယာဉ်များဆိုက်ရောက်ခွင့်ရပ်ဆိုင်းခြင်းကို သက်တမ်းတိုးမြှင့်လိုက်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မြန်မာနိုင်ငံရှိ မည်သည့် လေဆိပ် မဆို အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ဆိုက်ရောက်ခွင့်ကို ရရှိမည်မဟုတ်ပေ။

သို့သော်လည်း ကုန်တင်ယာဉ်နှင့် ဆေးဘက်ဆိုင်ရာ လေယာဉ်များကို ဆိုက်ရောက်ခွင့် ပေးထားမည်ဖြစ်ကြောင်း ပထမကြေညာချက်တွင် ဖော်ပြထားသည်။

 

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ႏိုင္ငံတကာေလယာဥ္မ်ား ဆိုက္ေရာက္ခြင့္ကို ဧၿပီ ၃၀ ရက္အထိ သက္တမ္းတိုးထား

ျမန္မာႏိုင္ငံသို႔ ႏိုင္ငံျခားေလယာဥ္မ်ား ဆိုက္ေရာက္ခြင့္ကို ဧၿပီ လကုန္အထိ တိုးျမႇင့္လိုက္ေၾကာင္း ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံတြင္ COVID-19 ကူးစက္ေရာဂါသည္ ျပည္ပမွ ျပန္လာသူႏွင့္ ၎တို႔ကို ထိစပ္သူမ်ားၾကား ျပန႔္ႏွံေန၍ ႏိုင္ငံျခားမွ ျပန္လာသူမ်ားကို ကန႔္သတ္ရန္လိုျခင္းေၾကာင့္ ျဖစ္သည္ဟု ဝန္ႀကီးဌာနကဆိုသည္။

COVID-19 ကာကြယ္ ထိန္းခ်ဳပ္ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီက ျမန္မာႏိုင္ငံရွိ ေလဆိပ္မ်ားတြင္ ႏိုင္ငံတကာေလေၾကာင္းလိုင္းမ်ား ဆိုက္ကပ္ခြင့္ကို ပထမအႀကိမ္တြင္ ဧၿပီ ၁၃ ရက္အထိ ပိတ္ပင္ခဲ့ျခင္းျဖစ္သည္။

ထိုေၾကညာခ်က္ကို သက္တမ္းတိုးရန္ ဗဟိုေကာ္မတီက ခြင့္ျပဳၿပီးျဖစ္၍ ဧၿပီ ၃၀ ရက္အထိ ႏိုင္ငံတကာေလယာဥ္မ်ားဆိုက္ေရာက္ခြင့္ရပ္ဆိုင္းျခင္းကို သက္တမ္းတိုးျမႇင့္လိုက္ေၾကာင္း ဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

ထုတ္ျပန္ခ်က္အရ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ႏွင့္ ျမန္မာႏိုင္ငံရွိ မည္သည့္ ေလဆိပ္ မဆို အျပည္ျပည္ဆိုင္ရာ ခရီးသည္တင္ေလယာဥ္မ်ား ဆိုက္ေရာက္ခြင့္ကို ရရွိမည္မဟုတ္ေပ။

သို႔ေသာ္လည္း ကုန္တင္ယာဥ္ႏွင့္ ေဆးဘက္ဆိုင္ရာ ေလယာဥ္မ်ားကို ဆိုက္ေရာက္ခြင့္ ေပးထားမည္ျဖစ္ေၾကာင္း ပထမေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ

Upcoming Property Events

Central Shop House
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service