COVID-19 ကာလအတွင်း လမ်းတံတာကြေး ကင်းလွတ်ခွင့်ပြုရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
642 Views

COVID-19 ကာလအတွင်း လမ်းတံတာကြေး ကင်းလွတ်ခွင့်ပြုရန် စီစဉ်

[Unicode]

COVID-19 ရောဂါဖြစ် ပွားနေသည့်ကာလအတွင်း ကုန် စည်စီးဆင်းမှုအထောက်အကူ ဖြစ်စေရန် လမ်း၊ တံတား ဖြတ်သန်းခများလျှော့ချခြင်း၊ ကင်းလွတ်ခွင့်ပေးခြင်းတို့ ဆောင်ရွက် ပေးရန် အစိုးရကစီစဉ်နေကြောင်း ဒုတိယသမ္မတဦးမြင့်ဆွေက ပြော သည်။

‘‘လမ်း၊ တံတားကြေးတွေ သက်သာမယ်ဆိုရင် ကုန်စည်ပို့ ဆောင်ရေးမှာ အထောက်အကူ ဖြစ်တာပေါ့။ အစိုးရက ဆောင် ရွက်ပေးမှာကို ကျေးဇူးလည်းတင်ပါတယ်’’ ဟု အဝေးပြေးကုန်စည်ပို့ ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း ရှင်များအသင်း(မူဆယ်)ဥက္ကဋ္ဌ ဦးဝင်းအောင်ခန့်ကပြောသည်။

တစ်ရက်လျှင် ကုန်တင်ယာဉ်အစီးရေ တစ်ထောင်ကျော် သွားလာနေသော မူဆယ်-မန္တ လေးလမ်းမကြီးတွင် ၁၂ ဘီးကုန် တင်ယာဉ်တစ်စီးအတွက် လမ်းတံတားကြေး ကျပ်ခုနစ်သောင်း အထက်ကုန်ကျကြောင်း ၎င်းက ပြောသည်။

‘‘ဒီလိုအကျပ်အတည်းကာလမှာ အစိုးရက ဖြေလျှော့ပေးမယ့်အစီအစဉ်တွေက တကယ်ကို အကျိုးရှိပါတယ်’’ ဟု မူဆယ် ဆန်ကုန်စည်ဒိုင်အသင်းဝင်ဦး မင်းသိန်းက ပြောသည်။

စီးပွားရေးကဏ္ဍအတွက် အစိုးရက ဖြေလျှော့မည့်အစီအစဉ်များတွင် ဌာနအသီးသီးမှကောက်ခံနေသည့် လိုင်စင်ကြေး၊ ပါမစ် ကြေးများ လျှော့ချမည့် အစီအစဉ်လည်းပါဝင်သည်။ ထို့အပြင် COVID-19 ကြောင့် စီးပွားရေး ဆိုင်ရာထိခိုက်မှုများ တုံ့ပြန်ရန် လက်ရှိအချိန်တွင် အစိုးရကကျပ် ဘီလီယံ ၁၀၀ ချထားပေးသည်။

အဆိုပါငွေကြေးကို မြန်မာနိုင်ငံသားပိုင် စီးပွားရေးကဏ္ဍ သုံးခုဖြစ်သော အထည်ချုပ်အပါအဝင် လက်ခစားလုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း များ၊ အသေးစား၊အလတ်စား လုပ်ငန်းများကို အတိုးနှုန်း ၁ ရာ ခိုင်နှုန်းဖြင့် ငွေချေးမည်ဖြစ်သည်။

ပို့ကုန်လုပ်ငန်းများအတွက်လည်း ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကောက်ခံမှုကို ကင်းလွတ်ခွင့်ပြု ပြီး ဘဏ်အတိုးနှုန်းများလည်း ၂ ရာခိုင်နှုန်းခန့် လျှော့ချပေးခဲ့သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

COVID-19 ကာလအတြင္း လမ္းတံတာ​ေၾကး ကင္းလြတ္ခြင့္ျပဳရန္ စီစဥ္

COVID-19 ေရာဂါျဖစ္ ပြားေနသည့္ကာလအတြင္း ကုန္ စည္စီးဆင္းမႈအေထာက္အကူ ျဖစ္ေစရန္ လမ္း၊ တံတား ျဖတ္သန္းခမ်ားေလွ်ာ့ခ်ျခင္း၊ ကင္းလြတ္ခြင့္ေပးျခင္းတို႔ ေဆာင္႐ြက္ ေပးရန္ အစိုးရကစီစဥ္ေနေၾကာင္း ဒုတိယသမၼတဦးျမင့္ေဆြက ေျပာ သည္။

‘‘လမ္း၊ တံတားေၾကးေတြ သက္သာမယ္ဆိုရင္ ကုန္စည္ပို႔ ေဆာင္ေရးမွာ အေထာက္အကူ ျဖစ္တာေပါ့။ အစိုးရက ေဆာင္ ႐ြက္ေပးမွာကို ေက်းဇူးလည္းတင္ပါတယ္’’ ဟု အေဝးေျပးကုန္စည္ပို႔ ေဆာင္ေရးဝန္ေဆာင္မႈလုပ္ငန္း ရွင္မ်ားအသင္း(မူဆယ္)ဥကၠ႒ ဦးဝင္းေအာင္ခန႔္ကေျပာသည္။

တစ္ရက္လွ်င္ ကုန္တင္ယာဥ္အစီးေရ တစ္ေထာင္ေက်ာ္ သြားလာေနေသာ မူဆယ္-မႏၲ ေလးလမ္းမႀကီးတြင္ ၁၂ ဘီးကုန္ တင္ယာဥ္တစ္စီးအတြက္ လမ္းတံတားေၾကး က်ပ္ခုနစ္ေသာင္း အထက္ကုန္က်ေၾကာင္း ၎က ေျပာသည္။

‘‘ဒီလိုအက်ပ္အတည္းကာလမွာ အစိုးရက ေျဖေလွ်ာ့ေပးမယ့္အစီအစဥ္ေတြက တကယ္ကို အက်ိဳးရွိပါတယ္’’ ဟု မူဆယ္ ဆန္ကုန္စည္ဒိုင္အသင္းဝင္ဦး မင္းသိန္းက ေျပာသည္။

စီးပြားေရးက႑အတြက္ အစိုးရက ေျဖေလွ်ာ့မည့္အစီအစဥ္မ်ားတြင္ ဌာနအသီးသီးမွေကာက္ခံေနသည့္ လိုင္စင္ေၾကး၊ ပါမစ္ ေၾကးမ်ား ေလွ်ာ့ခ်မည့္ အစီအစဥ္လည္းပါဝင္သည္။ ထို႔အျပင္ COVID-19 ေၾကာင့္ စီးပြားေရး ဆိုင္ရာထိခိုက္မႈမ်ား တုံ႔ျပန္ရန္ လက္ရွိအခ်ိန္တြင္ အစိုးရကက်ပ္ ဘီလီယံ ၁၀၀ ခ်ထားေပးသည္။

အဆိုပါေငြေၾကးကို ျမန္မာႏိုင္ငံသားပိုင္ စီးပြားေရးက႑ သုံးခုျဖစ္ေသာ အထည္ခ်ဳပ္အပါအဝင္ လက္ခစားလုပ္ငန္းမ်ား၊ ဟိုတယ္ႏွင့္ ခရီးသြားလုပ္ငန္း မ်ား၊ အေသးစား၊အလတ္စား လုပ္ငန္းမ်ားကို အတိုးႏႈန္း ၁ ရာ ခိုင္ႏႈန္းျဖင့္ ေငြေခ်းမည္ျဖစ္သည္။

ပို႔ကုန္လုပ္ငန္းမ်ားအတြက္လည္း ႀကိဳတင္ဝင္ေငြခြန္ ၂ ရာခိုင္ႏႈန္း ေကာက္ခံမႈကို ကင္းလြတ္ခြင့္ျပဳ ၿပီး ဘဏ္အတိုးႏႈန္းမ်ားလည္း ၂ ရာခိုင္ႏႈန္းခန႔္ ေလွ်ာ့ခ်ေပးခဲ့သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Upcoming Property Events

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service