ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်းများ တင်သွင်းမူကို သွင်းကုန်လိုင်စင်ကြေးကင်းလွတ်ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
2742 Views

ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်းများ တင်သွင်းမူကို သွင်းကုန်လိုင်စင်ကြေးကင်းလွတ်ခွင့်ပြု

[Unicode]

ဆေးဝါးနှင့်ဆေးဝါး ကုန်ကြမ်းပစ္စည်းများကို ပြည်ပမှ တင်သွင်းပါက ဧပြီ၁၁ ရက်မှစတင်ပြီး သွင်းကုန်လိုင်စင်ကြေး ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ပြည်သူကျန်းမာရေး တိုးတက်မြင့်မားမူကို အထောက်အကူပြုရေး၊ ဆေးနှင့် ဆေးကုန်ကြမ်းများ ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိရေးနှင့် ပြည်တွင်းဆေးဝါးထုတ်လုပ်မူကို အားပေးမြှင့်တင့်နိုင်ရေးတို့ အတွက်ဖြစ်သည်ဟု ဝန်ကြီးဌာနကဆိုထားသည်။

ထိုပြင် COVID-19 ‌ကြောင့် စီးပွားရေးထိခိုက်မူနည်းစေရန်အတွက်လည်း ယခုလိုဖြေလျော့ပေးခြင်းဖြစ်သည်ဟုလည်းဆိုသည်။

ယခုထုတ်ပြန်ချက်ကြောင့် ၁၉၉၃ နှင့် ၁၉၉၈ ခုနှစ်တွင် သွင်းကုန်လိုင်စင်ကြေးကောက်ခံရန် ညွန့်ကြားချက်များကို ပယ်ဖျက်လိုက်သည်။

ထို့အပြင် COVID-19 ရောဂါကာကွယ်တားဆီးရေးအတွက် လိုအပ်သော နှာခေါင်းစည်း ၊PPEဝတ်စုံများ အပါအဝင် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကို ပြည်ပမှ တင်သွင်းမည်ဆိုပါက သွင်းကုန်လိုင်စင်လျှောက် ထားစရာမလိုကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ဧပြီလဆန်းပိုင်းက ထုတ်ပြန်ထားသည်။

COVID-19 ရောဂါ ဖြစ်ပွားနေချိန်တွင် လိုအပ်သော ရောဂါကာကွယ်ရေးပစ္စည်းများနှင့် ဆေးဝါးများ ပြည်ပမှ တင်သွင်းရာတွင် အခက်အခဲ ဖြစ်နေကြောင်း ကြားသိရ၍ ယခုကဲ့သို့ ဖြေလျော့ လိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]













Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service