အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) မရသေးသော တိုက်ခန်းကို ဝယ်ယူနေထိုင်ခြင်း၏ အားနည်းချက် - Property Knowledge in Myanmar from iMyanmarHouse.com
2621 Views

အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) မရသေးသော တိုက်ခန်းကို ဝယ်ယူနေထိုင်ခြင်း၏ အားနည်းချက်

Knowledge | Posted by Hnin Ei Khin

[Unicode]

အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC)  ရရှိမှသာ တိုက်ခန်းများတွင် တရားဝင်လူနေထိုင်ခွင့်ရရှိ မှာဖြစ်ပါသည်။ ကန်ထရိုက်တာများသည် အဆောက်အဦဆောက်လုပ်ခြင်းအတွက် အခွန်ဆောင်ရန်ကို  ရှောင်ရှားရန် အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) မလျှောက်ထားဘဲ နေထိုင်နေကျတာကို တွေ့ရပါ တယ်။

အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC)  မရသေးသည့် အဆောက်အဦသည် ကိုယ်ပိုင် မီတာလျှောက်ထားလို့ မရသေးပါဘူး။ တစ်တိုက်လုံးအတွက် စုပေါင်းအသုံပြုသည့်မီတာ တစ်လုံးထဲကို နေထိုင်သည့်အခန်းများ အချိုးကျထည့်ဝင် ကျခံရပါတယ်။ ထိုသို့ အချိုးကျထည့်ဝင်ကျခံခြင်းသည် ကုန်ကျ စရိတ်များပြားခြင်း၊ မီအားလုံလောက်စွာအသုံး မပြုနိုင်ခြင်း စသည့်ဒုက္ခတွေရှိပါသည်။

အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) လျှောက်ထားဖို့ မည်သူ့တွင် တာဝန်ရှိသလဲဆိုလျှင် ကန်ထရိုက်တာနှင့် မြေရှင် ချုပ်ဆိုသောစာချုပ်ပေါ်မူတည်ပြီး နှစ်ဦးအချိုးကျထည့်ဝင်ကျခံရန် (သို့မဟုတ်) ကန်ထရိုက်တာတစ်ဦးတည်းကျခံရန် ဆုံးဖြတ်ရမှာဖြစ်ပါသည်။ တိုက်ခန်းဝယ်ယူသူများက စုပေါင်း အခွန်ဆောင်ရန် တာဝန်မရှိပါ။ တိုက်ခန်းဝယ်ယူသူများကို ရောင်းချသည့်အခါ လူနေထိုင်ခွင့်ရရှိရန်အတွက် အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) ရရှိအောင် ဆောင်ရွက်ပေးရမည့်တာဝန်သည် ရောင်းသူနှင့်သာ သက်ဆိုင်ပါသည်။

အဆောက်အဦပြီးစီးကြောင့်လက်မှတ် (BCC) ခွင့်ပြုချက်မကျမီ လူနေထိုင်သည့်ကိစ္စအတွက် သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီမှ စစ်ဆေးတွေ့ရှိ၍ ဒဏ်ငွေကောက်ခံခြင်းများရှိလာပါကလည်း ဒဏ်ငွေကျခံရန် တာဝန်သည်လည်း ကန်ထရိုက်တာ (သို့မဟုတ်) မြေရှင်ကသာ တာဝန်ယူကျခံရမှာဖြစ်ပါ သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥပဒေပုဒ်မ-၃၁၂(င)အရ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက် နေထိုင်ခြင်း၊ အသုံးပြုခြင်းအတွက် နေ့စဉ် ငွေဒဏ် ကျပ်တစ်သောင်းမှ ကျပ်ငါးသောင်းထိ ပြစ်ဒဏ်ချ မှတ်နိုင်သည်အထိ အရေးယူခံရနိုင်ပါတယ်။

အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) မကျသေးသည့်တိုက်ဖြစ်သည့်အတွက် ကိုယ်ပိုင် လျှပ်စစ်မီတာတပ်ဆင်ရန်ကိစ္စကိုလည်း ထည့်သွင်းစဉ်စားရပေမည်။ ကိုယ်ပိုင်လျှပ်စစ်မီတာတပ်ဆင်ရန် အတွက် ကုန်ကျစရိတ်ကို မည်သူကျခံမလဲဆိုတာလည်း အရေးကြီးကိစ္စအဖြစ်ပါဝင်လာပြန်သည်။ လျှပ်စစ် မီတာတစ်လုံးကို ၅သိန်းကျော်ကုန်ကျနေသည့် ခေတ်ကာလတွင် အရောင်းအဝယ်စာချုပ်တွင် ကြိုတင်ညှိနှိုင်း ချုပ်ဆိုထားခြင်းမရှိပါက  ရောင်းသူများဖြစ်သော ကန်ထရိုက်တာနှင့် မြေရှင်တို့သည် တိုက်ခန်းဝယ်ယူသူထံမှ ကုန်ကျစရိတ်ထပ်မံ  ကောက်ခံခြင်းများရှိနေပါသည်။

ထို့ကြောင့် အထက်ပါကိစ္စများကို စတင်ဝယ်ယူသည့်အချိန်က စာချုပ်ချုပ်ရာတွင် ထည့်သွင်းချုပ်ဆို ထားမှသာ အခန်းဝယ်ယူသူများအနေဖြင့် ပိုမိုစိတ်ချရမှာဖြစ်ပြီး စာချုပ်တွင် မပါဝင်ပါက ကန်ထရိုက်တာနှင့် မြေရှင်သည် တိုက်ခန်းဝယ်ယူသူများကို အချိုးကျထည့်ဝင်ခိုင်းခြင်း၊ ကုန်ကျစရိတ်ကောက်ခံခြင်းများ ရှိနိုင်ပါတယ်။ ထို့အတွက် တိုက်ခန်းဝယ်ယူမည်ဆိုလျှင် အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC)  ခွင့်ပြုချက် မရရှိသေး သည့် တိုက်ခန်းများကို မဝယ်ယူသင့်ကြောင်း အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) ရရှိပြီး လူနေထိုင် ခွင့်ရပြီးသား တိုက်ခန်းကိုရွေးချယ်ဝယ်ယူခြင်းဖြင့် အထက်ကဖော်ပြထားသည့် ကိစ္စများကို ရှောင်ရှားနိုင်မှာ ဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အေဆာက္အဦၿပီးစီးေၾကာင္းလက္မွတ္ (BCC)  မရေသးေသာ တိုက္ခန္းကို ဝယ္ယူေနထိုင္ျခင္း၏ အားနည္းခ်က္

အေဆာက္အဦၿပီးစီးေၾကာင္းလက္မွတ္ (BCC) ရရွိမွသာ တိုက္ခန္းမ်ားတြင္ တရားဝင္လူေနထိုင္ခြင့္ရရွိ မွာျဖစ္ပါသည္။ ကန္ထ႐ိုက္တာမ်ားသည္ အေဆာက္အဦေဆာက္လုပ္ျခင္းအတြက္ အခြန္ေဆာင္ရန္ကို ေရွာင္ရွားရန္ အေဆာက္အဦၿပီးစီးေၾကာင္းလက္မွတ္ (BCC) မေလွ်ာက္ထားဘဲ ေနထိုင္ေနက်တာကို ေတြ႕ရပါ တယ္။

အေဆာက္အဦၿပီးစီးေၾကာင္းလက္မွတ္ (BCC) မရေသးသည့္ အေဆာက္အဦသည္ ကိုယ္ပိုင္ မီတာေလွ်ာက္ထားလို႔ မရေသးပါဘူး။ တစ္တိုက္လုံးအတြက္ စုေပါင္းအသုံျပဳသည့္မီတာ တစ္လုံးထဲကို ေနထိုင္သည့္အခန္းမ်ား အခ်ိဳးက်ထည့္ဝင္ က်ခံရပါတယ္။ ထိုသို႔ အခ်ိဳးက်ထည့္ဝင္က်ခံျခင္းသည္ ကုန္က် စရိတ္မ်ားျပားျခင္း၊ မီအားလုံေလာက္စြာအသုံး မျပဳႏိုင္ျခင္း စသည့္ဒုကၡေတြရွိပါသည္။

အေဆာက္အဦၿပီးစီးေၾကာင္းလက္မွတ္ (BCC) ေလွ်ာက္ထားဖို႔ မည္သူ႔တြင္ တာဝန္ရွိသလဲဆိုလွ်င္ ကန္ထ႐ိုက္တာႏွင့္ ေျမရွင္ ခ်ဳပ္ဆိုေသာစာခ်ဳပ္ေပၚမူတည္ၿပီး ႏွစ္ဦးအခ်ိဳးက်ထည့္ဝင္က်ခံရန္ (သို႔မဟုတ္) ကန္ထ႐ိုက္တာတစ္ဦးတည္းက်ခံရန္ ဆုံးျဖတ္ရမွာျဖစ္ပါသည္။ တိုက္ခန္းဝယ္ယူသူမ်ားက စုေပါင္း အခြန္ေဆာင္ရန္ တာဝန္မရွိပါ။ တိုက္ခန္းဝယ္ယူသူမ်ားကို ေရာင္းခ်သည့္အခါ လူေနထိုင္ခြင့္ရရွိရန္အတြက္ အေဆာက္အဦၿပီးစီးေၾကာင္းလက္မွတ္ (BCC) ရရွိေအာင္ ေဆာင္႐ြက္ေပးရမည့္တာဝန္သည္ ေရာင္းသူႏွင့္သာ သက္ဆိုင္ပါသည္။

အေဆာက္အဦၿပီးစီးေၾကာင့္လက္မွတ္ (BCC) ခြင့္ျပဳခ်က္မက်မီ လူေနထိုင္သည့္ကိစၥအတြက္ သက္ဆိုင္ရာစည္ပင္သာယာေရးေကာ္မတီမွ စစ္ေဆးေတြ႕ရွိ၍ ဒဏ္ေငြေကာက္ခံျခင္းမ်ားရွိလာပါကလည္း ဒဏ္ေငြက်ခံရန္ တာဝန္သည္လည္း ကန္ထ႐ိုက္တာ (သို႔မဟုတ္) ေျမရွင္ကသာ တာဝန္ယူက်ခံရမွာျဖစ္ပါ သည္။ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီဥပေဒပုဒ္မ-၃၁၂(င)အရ ေကာ္မတီ၏ ခြင့္ျပဳခ်က္မရွိဘဲ ဝင္ေရာက္ ေနထိုင္ျခင္း၊ အသုံးျပဳျခင္းအတြက္ ေန႔စဥ္ ေငြဒဏ္ က်ပ္တစ္ေသာင္းမွ က်ပ္ငါးေသာင္းထိ ျပစ္ဒဏ္ခ် မွတ္ႏိုင္သည္အထိ အေရးယူခံရႏိုင္ပါတယ္။

အေဆာက္အဦၿပီးစီးေၾကာင္းလက္မွတ္ (BCC) မက်ေသးသည့္တိုက္ျဖစ္သည့္အတြက္ ကိုယ္ပိုင္ လွ်ပ္စစ္မီတာတပ္ဆင္ရန္ကိစၥကိုလည္း ထည့္သြင္းစဥ္စားရေပမည္။ ကိုယ္ပိုင္လွ်ပ္စစ္မီတာတပ္ဆင္ရန္ အတြက္ ကုန္က်စရိတ္ကို မည္သူက်ခံမလဲဆိုတာလည္း အေရးႀကီးကိစၥအျဖစ္ပါဝင္လာျပန္သည္။ လွ်ပ္စစ္ မီတာတစ္လုံးကို ၅သိန္းေက်ာ္ကုန္က်ေနသည့္ ေခတ္ကာလတြင္ အေရာင္းအဝယ္စာခ်ဳပ္တြင္ ႀကိဳတင္ညႇိႏႈိင္း ခ်ဳပ္ဆိုထားျခင္းမရွိပါက ေရာင္းသူမ်ားျဖစ္ေသာ ကန္ထ႐ိုက္တာႏွင့္ ေျမရွင္တို႔သည္ တိုက္ခန္းဝယ္ယူသူထံမွ ကုန္က်စရိတ္ထပ္မံ ေကာက္ခံျခင္းမ်ားရွိေနပါသည္။

ထို႔ေၾကာင့္ အထက္ပါကိစၥမ်ားကို စတင္ဝယ္ယူသည့္အခ်ိန္က စာခ်ဳပ္ခ်ဳပ္ရာတြင္ ထည့္သြင္းခ်ဳပ္ဆို ထားမွသာ အခန္းဝယ္ယူသူမ်ားအေနျဖင့္ ပိုမိုစိတ္ခ်ရမွာျဖစ္ၿပီး စာခ်ဳပ္တြင္ မပါဝင္ပါက ကန္ထ႐ိုက္တာႏွင့္ ေျမရွင္သည္ တိုက္ခန္းဝယ္ယူသူမ်ားကို အခ်ိဳးက်ထည့္ဝင္ခိုင္းျခင္း၊ ကုန္က်စရိတ္ေကာက္ခံျခင္းမ်ား ရွိႏိုင္ပါတယ္။ ထို႔အတြက္ တိုက္ခန္းဝယ္ယူမည္ဆိုလွ်င္ အေဆာက္အဦၿပီးစီးေၾကာင္းလက္မွတ္ (BCC) ခြင့္ျပဳခ်က္ မရရွိေသး သည့္ တိုက္ခန္းမ်ားကို မဝယ္ယူသင့္ေၾကာင္း အေဆာက္အဦၿပီးစီးေၾကာင္းလက္မွတ္ (BCC) ရရွိၿပီး လူေနထိုင္ ခြင့္ရၿပီးသား တိုက္ခန္းကိုေ႐ြးခ်ယ္ဝယ္ယူျခင္းျဖင့္ အထက္ကေဖာ္ျပထားသည့္ ကိစၥမ်ားကို ေရွာင္ရွားႏိုင္မွာ ျဖစ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပေဒအႀကံေပး ပညာရွင္အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service