COVID_19 ရန်ပုံငွေမှ ပထမအသုတ်ချေးငွေကို သင်္ကြန်မတိုင်ခင်ထုတ်ပေးမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
945 Views

COVID_19 ရန်ပုံငွေမှ ပထမအသုတ်ချေးငွေကို သင်္ကြန်မတိုင်ခင်ထုတ်ပေးမည်ဟုဆို

### Unicode Version ###

COVID-19 ကြောင့် လတ်တလော စီးပွားရေးထိခိုက်မှု အများဆုံး ခံစားရသည့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ(SME)ကို COVID-19ရံပုံငွေမှ  ပထမအသုတ်အနေဖြင့် သင်္ကြန်ရုံး ပိတ်ရက် မတိုင်မီ ထုတ်ပေးဟုဆိုသည်။ 

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ အစည်းအဝေးကို ဧပြီ ၇ ရက်တွင် ကျင်းပရာတွင် ထိုသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထိုသိုထုတ်ပေးပြီးပါက ကျန်ရှိသူများကိုလည်း ဆက်လက်ထုတ်ပေးသွားမည်ဟု ဆိုသည်။

COVID-19 ကြောင့် ထိခိုက်မှုအများဆုံးကြုံတွေ့နေ သည့် စီးပွားရေးကဏ္ဍသုံးခုအ တွက် အတိုး ၁ ရာခိုင်နှုန်းဖြင့် ချေးငွေများကို မတ်လ ၃၀ ရက်  တွင် စတင် လျှောက်ထားနိုင် ကြောင်း COVID-19 ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစား ရေးလုပ်ငန်းကော်မတီကသတင်း ထုတ်ပြန်ခဲ့သည်။

ချေးငွေပေးမည့်ကဏ္ဍများ မှာ လက်ခစား CMP လုပ်ငန်း များ၊ ဟိုတယ်နှင့်ခရီးသွားလုပ် ငန်းနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများဖြစ်သည်။ ချေးငွေပေးရာတွင် COVID -19 Fund ကျပ်ဘီလီယံ ၁၀၀ မှ ထုတ်ချေးပြီး ချေးငွေသက်တမ်း တစ်နှစ်ဖြစ်ကြောင်း ကော်မတီက ထုတ်ပြန်သည်။

လုပ်ငန်းများအလိုက်ချေးငွေ ပမာဏ သတ်မှတ်ချက်နှင့် လုပ် ငန်းမည်မျှထုတ်ချေးမည်ကိုအဆို ပါလုပ်ငန်းကော်မတီ၏ အတွင်း ရေးမှူး ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင် နိုင်ဦးထံဆက်သွယ်မေးမြန်းရာ‘‘ပမာဏသတ်မှတ်ချက်မရှိပါ။ လောလောဆယ်အရေအတွက် ကန့် သတ်ဖို့မရှိသေးပါ’’ဟု ဆိုထားသည်။

ချေးငွေလျှောက်လွှာများ ကို မတ်လ ၃၀ ရက်မှ ဧပြီ ၉ ရက်အ ထိ ကုန်သည်စက်မှုအသင်းချုပ် နှင့် တိုင်းနှင့်ပြည်နယ်ကုန်သည် စက်မှုအသင်းများတွင် လျှောက် ထားနိုင်သည်ဟု ဆိုသည်။

ချေးငွေများကို ပြန်လည် ပေးဆပ်နိုင်ခြင်းမရှိပါက တည်ဆဲ ဥပဒေများအရ အရေးယူမည်ဟု သတိပေးထားသည်။ ထို့အပြင် ချေးငွေပြန်လည် ပေးဆပ်ရန် ပျက်ကွက်ပါက Credit Bureau တွင် နာမည်ပျက် စာရင်းသွင်း၍ ဘဏ်နှင့်အခြား ငွေရေးကြေးရေး အဖွဲ့အစည်း များတွင် ချေးငွေရယူခွင့်မရ အောင် ဆောင်ရွက်မည်ဟုလည်း ကော်မတီကထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###















Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service