လျှပ်စစ်ဓာတ်အားခ ငွေကြေးကောက်ခံမှုကင်းလွတ်ခွင့်(အခမဲ့)နှင့် ပတ်သက်၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ပြည်သူသို့ အသိပေးတင်ပြချက်ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
11524 Views

လျှပ်စစ်ဓာတ်အားခ ငွေကြေးကောက်ခံမှုကင်းလွတ်ခွင့်(အခမဲ့)နှင့် ပတ်သက်၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ပြည်သူသို့ အသိပေးတင်ပြချက်ထုတ်ပြန်

### Unicode Version ###

လျှပ်စစ်ဓာတ်အားခ ငွေကြေးကောက်ခံမှုကင်းလွတ်ခွင့်(အခမဲ့)နှင့် ပတ်သက်၍ ပြည်သူများမှ လျှပ်စစ်ဓာတ်အားခ ပေးဆောင်ရာတွင် ရှင်းလင်း စေရန်အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ပြည်သူသို့ အသိပေးတင်ပြချက်ကို ဧပြီ ၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်ထား ကြောင်း တွေ့ရသည်။

လျှပ်စစ်ဓာတ်အားသုံးစွဲမှု ယူနစ် ၁၅၀ အထိ ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့်(အခမဲ့)ကို ဧပြီလ ကုန်အထိ ပေးသွားမည်ဖြစ်ကြောင်း ကို ဧပြီ ၆ ရက်နေ့ကထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်အပေါ် ပြည်သူများမှ လျှပ်စစ်ဓာတ်အားခ ပေးဆောင်ရာတွင် ရှင်းလင်း စေရန် အတွက် ဖြစ်ကြောင်းသိရသည်။

ငွေကြေးကောက်ခံမှုကင်းလွတ်ခွင့်(အခမဲ့) ခံစားခွင့်ရရှိသည့် ဓာတ်အားသုံးစွဲသူ အမျိုးအစားတွင် အိမ်သုံးအမျိုးအစားဖြင့် လျှပ်စစ်မီး သုံးစွဲသူ ပြည်သူများနှင့် အိမ်သုံးမဟုတ်သည့် အမျိုးအစားတွင် ပါဝင်သော အစိုးရမဟုတ်သော အဖွဲ့အစည်းများအုပ်စုမှ ပြည်တွင်း လူမှုရေးအဖွဲ့အစည်းများသာ အကျုံးဝင်ကြောင်းဖော်ပြထားသည်။

ငွေကြေးကောက်ခံမှုကင်းလွတ်ခွင့်(အခမဲ့) အကျုံးဝင်သောကာလမှာ ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁ ရက်မှ ၃၀ ရက်အထိ သုံးစွဲခဲ့သော လျှပ်စစ်ဓာတ်အား သုံးစွဲမှုများဖြစ်ပြီး လျှပ်စစ်ဓာတ်အားသုံးစွဲမှု (၁) ယူနစ်မှ ယူနစ် (၁၅၀)အထိ သုံးစွဲသူများကို သုံးစွဲယူနစ်အလိုက် ဓာတ်အားခကျသင့်ငွေနှင့် မီတာဝန်ဆောင်ခအပါအဝင် ကင်းလွတ်ခွင့်(အခမဲ့) ရရှိမည်ဖြစ်ကြောင်း၊ ယူနစ် ၁၅၁ ယူနစ် နှင့်အထက် သုံးစွဲသူများကို ယူနစ် ၁၅၀ အတွက် ဓာတ်အားခကျသင့်ငွေကျပ် ၁၁၅၅ဝ နှင့် ကင်းလွတ်ခွင့်(အခမဲ့) ရရှိမည် ဖြစ်ကြောင်း သိရသည်။

အိမ်သုံးအမျိုးအစား၌ လျှပ်စစ်မီးသုံးစွဲသူများမှ ယူနစ် ၁၅၁ ယူနစ်နှင့်အထက် သုံးစွဲမှုများကို အလွှာလိုက်သတ်မှတ်ချက်နှုန်းထားများအ တိုင်း ပေးဆောင်ရမည်ဖြစ်ပြီး အထူးကိစ္စတစ်ရပ်အနေဖြင့် ကင်းလွတ်ခွင့်ပြုခဲ့သော အိမ်သုံးမဟုတ်သည့် အမျိုးအစားတွင် ပါဝင်သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအုပ်စုမှ ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများမှအပ ကျန်သုံးစွဲသူများ အားလုံးသည် ယခင်သတ်မှတ် နှုန်းထားများအတိုင်း ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

မီတာဖတ်စာရေးများသည် မီတာဘေလ်ဖတ်ရှုခြင်း၊ ဖြန့်ဝေခြင်းများကို ပုံမှန်အတိုင်းလုပ်ဆောင်ကာ ၎င်းမီတာဘေလ်များ၌ ကင်းလွတ် ခွင့် (အခမဲ့) ခံစားခွင့်ပြုမည့် ငွေပမာဏကို နုတ်ပယ်သွားမည်ဖြစ်ပြီး ၎င်းမီတာဘေလ်များကို သုံးစွဲသူများမှ သိမ်းဆည်းထားရမည် ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့တို့၏ အစီအစဉ်ဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေသည့် မီးသုံးစွဲသူများ အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် သီးခြားဆောင်ရွက်ရန်ဖြစ်ကြောင်း လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန် ချက်အရ သိရသည်။ 

ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###











Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ

Upcoming Property Events

From 25 Apr To 09 May

Mingalardon Garden City

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

MIngalardon Garden City
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service