ဂျပန်ကုမ္ပဏီ AEON က ၂၀၂၃ တွင် မြန်မာ၌ ဈေးဝယ်စင်တာများဖွင့်လှစ်မည် - Property News in Myanmar from iMyanmarHouse.com
17866 Views

ဂျပန်ကုမ္ပဏီ AEON က ၂၀၂၃ တွင် မြန်မာ၌ ဈေးဝယ်စင်တာများဖွင့်လှစ်မည်

### Unicode Version ###

ဂျပန်ကုမ္ပဏီ AEON က ၂၀၂၃ အစောပိုင်းတွင် မြန်မာ နိုင်ငံ၌ဈေးဝယ်စင်တာများ ဖွင့်လှစ်မည်ဖြစ်ပြီး လူလတ်တန်းလွှာကို ဦးတည်ရောင်းချမည်ဟု ဂျပန် Nikkei Asia View တွင် ဖော်ပြထားသည်။

ဂျပန်နိုင်ငံ၏ အကြီးစား လက်လီရောင်းချသည့် AEON ကုမ္ပဏီက ပြည်တွင်းရွှေတောင် ကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခြင်းပြီး ဖွင့်လှစ်မည့် အရေအတွက် မထုတ်ပြန်သေးပေ။

AEON သည် နိုင်ငံခြား လက်လီရောင်းချသည့် လုပ်ငန်းများကို ၂၀၁၆ တွင် စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ဈေးဆိုင်ခွဲ ၁၀ ခုကျော် ဖွင့်လှစ်ထားသည်။

AEON Orange ကို ဂျပန်နိုင်ငံ AEON ကုမ္ပဏီနှင့် ပြည် တွင်းမှ Creation Myanmar ကုမ္ပဏီအုပ်စုတို့ အကျိုးတူပူး ပေါင်း၍ ၂၀၁၆ ဧပြီတွင် ထူထောင်ပြီး မြန်မာနိုင်ငံတွင် အရောင်းစင်တာ ၁၄ ခု ဖွင့်လှစ်ရန် စီစဉ်ခဲ့သည်။ ပထမဆုံးအရောင်း စင်တာကို၂၀၁၆ စက်တင်ဘာက မြောက်ဥက္ကလာပမြို့နယ်၌ ဖွင့်လှစ်ခဲ့သည်။

စီးပွားကူးသန်းဝန်ကြီးဌာန သည် နိုင်ငံခြားသားကုမ္ပဏီ၊ နိုင်ငံသားနှင့် နိုင်ငံခြားသားပေါင်းစည်း ဆောင်ရွက်သည့် ဖက်စပ် ကုမ္ပဏီများ ပြည်တွင်း၌ လက်လီ၊ လက်ကားရောင်းချခွင့်ကို ၂၀၁၈ မေလက စတင်ခွင့်ပြုခဲ့သည်။

နိုင်ငံခြားသားကုမ္ပဏီများ၊ ဖက်စပ်ကုမ္ပဏီများသည် ပြည်တွင်းတွင် လက်လီ၊ လက်ကား အရောင်းစင်တာများ ဖွင့်လှစ်ပါက အဝတ်အထည်၊ နာရီ၊ အလှကုန်ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများပါဝင်သည့် ဦးစားပေးကုန်ပစ္စည်း ၂၄ မျိုးကို ဝန်ကြီးဌာနက သတ်မှတ်ထားသည်။

အဆိုပါကုမ္ပဏီများ လက်လီ၊ လက်ကားလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမည်ဆိုပါက လက်လီ လုပ်ငန်း၌ ဒေါ်လာသုံးသန်း ကနဦး မတည်ရမည်ဖြစ်ပြီး လက်ကားလုပ်ငန်းအတွက် ဒေါ်လာငါးသန်း ရင်းနှီးမြှုပ်နှံရမည်ဟု သတ်မှတ်ထားသည်။ ထိုပမာဏတွင် မြေငှားရမ်းခများ ပါဝင်ခြင်းမရှိစေရ ဟု ကန့်သတ်ထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###














Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service