မြောက်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူမရှိဟုဆိုခြင်းကို မယုံကြည်ကြောင်း အမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီး ပြောကြား - Property News in Myanmar from iMyanmarHouse.com
1141 Views
မြောက်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူမရှိဟုဆိုခြင်းကို မယုံကြည်ကြောင်း အမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီး ပြောကြား
### Unicode Version ###
တောင်ကိုရီးယားရှိ အမေရိကန်တပ်ဖွဲ့များ (USFK) ၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး ရောဘတ် အေဘရမ်စ်က မြောက်ကိုရီးယားနိုင်ငံက ၎င်းတို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူမရှိဟု ထုတ်ပြန်ထားခြင်းအပေါ် မယုံကြည်ကြောင်း ပြောကြားလိုက်သည်ဟု CNN သတင်းတစ်ရပ်တွင်ဖော်ပြသည်။
“ကျွန်တော်တို့ တွေ့နေရတဲ့ ထောက်လှမ်းရေးသတင်းအချက်အလက်တွေအရ ဒါဟာမဖြစ်နိုင်ပါဘူး” ဟု ဗိုလ်ချုပ်ကြီး ရောဘတ် အေဘရမ်စ်က CNN ၊ VOA တို့နှင့် ပူးတွဲတွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားသည်။
“ဘယ်နှစ်ယောက်လောက် ကူးစက်ခံထားရလဲဆိုတာတော့ ကျွန်တော်မပြောနိုင်ပါဘူး။ ဒါပေမယ့် ဖေဖော်ဝါရီနဲ့ မတ်လအစောပိုင်း ရက် ၃၀ ခန့်အတွင်း သူတို့ရဲ့ လှုပ်ရှားမှုတွေကို ကျွန်တော်သိထားပါတယ်။ သူတို့ရဲ့ စစ်ဘက်ကို lockdown ချထားပြီး နယ်ခြားသွားလာမှုတွေနဲ့ သူတို့ရဲ့ဖွဲ့စည်းပုံတွေကို ပြင်းထန်တဲ့နည်းလမ်းတွေနဲ့ ကိုင်တွယ်နေပါတယ်” ဟု ရောဘတ် အေဘရမ်စ်က ပြောကြားသည်။
မြောက်ကိုရီးယားသည် ဒေသတွင်းတွင် ကိုရိုနာဗိုင်းရပ်စ် အဆိုးရွားဆုံးကူးစက်ခံထားရသည့် နှစ်နိုင်ငံဖြစ်သော တရုတ်၊ တောင်ကိုရီးယားတို့နှင့် နယ်နိမိတ်ခြင်းထိစပ်နေသည့် နိုင်ငံဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း တရားဝင်ထုတ်ပြန်ချက် မရှိသေးချေ။
တောင်ကိုရီးယားအခြေစိုက် အမေရိကန်စစ်သည်များ (USFK) တွင်ကား ၁၆ ဦးမြောက် ကူးစက်ခံထားရကြောင်းနှင့် ကူးစက်ခံရမှု နည်းပါးအောင် စီမံထားနိုင်ကြောင်း ဗိုလ်ချုပ်ကြီး အေဘရမ်စ်က ဆိုသည်။
တောင်ကိုရီးယားတွင် အခြေစိုက်နေထိုင်သူ ၅၈၀၀၀ ရှိသည့်အနက် တာဝန်ထမ်းဆောင်နေသည့် စစ်သည်မှာ ၂၈၅၀၀ ဖြစ်ပြီး ၎င်းတို့ကို မှီခိုသူများ၊ အကူအညီပေးသည့်ဝန်ထမ်းများ ပါဝင်သည်ဟု ဆိုသည်။
ကမ္ဘာတစ်ဝန်းတွင် ဖြန့်ကျက်တာဝန်ထမ်းဆောင်နေသော အမေရိကန်တပ်ဖွဲ့များအနက် USFK မှာ ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး ကူးစက်ခံရခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: CNN
### Zawgyi Version ###
Ref: CNN
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
Upcoming Property Events
From 06 Sep To 07 Sep
Mingalar Market
From 27 Aug To 27 Sep
INNO CITY
From 27 Sep To 28 Sep
18th Property and Car Expo
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service