COVID-19 ကြောင့် စိုက်ပျိုးစရိတ်ချေးငွေအတိုးများ လျှော့ချ - Property News in Myanmar from iMyanmarHouse.com
1020 Views

COVID-19 ကြောင့် စိုက်ပျိုးစရိတ်ချေးငွေအတိုးများ လျှော့ချ

### Unicode Version ###

စိုက်ပျိုးစရိတ်ချေးငွေ များအပေါ် ကောက်ခံသည့်အတိုး  နှုန်းများ လျှော့ချလိုက်ကြောင်း  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်  က ထုတ်ပြန်သည်။

တောင်သူများ စိုက်ပျိုးရေး ဆိုင်ရာချေးငွေများကို အတိုးနှုန်း  သက်သာစွာဖြင့် ရရှိစေရေး လက်ရှိ ထုတ်ချေးပေးနေသော  စိုက်ပျိုးစရိတ်ချေးငွေ၊ JICA ချေး ငွေနှင့် မြန်မာ့စီးပွားရေးဘဏ်က  ထုတ်ချေးနေသည့် စိုက်ပျိုးရေး ကဏ္ဍ ချေးငွေများအပေါ်  ကောက်ခံသည့် အတိုးနှုန်းများကို  လျှော့ချ ပြင်ဆင်ကောက်ခံမည် ဟု ထုတ်ပြန်ထားသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေး  ဘဏ်က ထုတ်ချေးပေးနေသော  စိုက်စရိတ်ချေးငွေ၏ ယခင်အတိုး နှုန်းသည် ၈ ရာခိုင်နှုန်းရှိပြီး ယခု အခါ ၇ ရာခိုင်နှုန်းသို့ လျှော့ချ သည်။ အလားတူ JICA ၏ စိုက် ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး  ချေးငွေအတိုးနှုန်းကို ၈ ရာခိုင် နှုန်းမှ ၆ ဒသမ ၅ ရာခိုင်နှုန်း၊  မြန်မာ့စီးပွားရေးဘဏ်၏ စီမံကိန်းအတိုးနှုန်းကို ၉ ရာခိုင်နှုန်းမှ ၈ရာခိုင်နှုန်းသို့ လျှော့ချမည်ဖြစ် သည်။

ချေးငွေအပေါ် ကောက်ခံ သည့် အတိုးနှုန်းကို လျှော့ချခြင်း နှင့်အတူ တောင်သူများ၏ စု ဆောင်းအပ်နှံငွေအပေါ် ပေးမည့် အတိုးနှုန်းကိုလည်း ၈ ရာခိုင်နှုန်း မှ ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ ပြင်ဆင်ခဲ့သည်။ မြန်မာ့လယ်ယာ  ဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးငွေ နှင့် စုဆောင်းအပ်ငွေတို့အပေါ်  ပြင်ဆင်သည့် အတိုးနှုန်းသည်  ၂၀၂၀ ဧပြီကစ၍ အကျိုးသက် ရောက်မည်ဖြစ်သည်။

စိုက်ပျိုးရေးနှင့် ကျေးလက် ဖွံ့ဖြိုးရေးချေးငွေအတွက် ၂၀၁၇  ကတည်းက JICA နှင့် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့ ပူး ပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး  တောင်သူ တစ်ဦးချင်းအတွက်  အများဆုံး ကျပ်သိန်း ၅၀၀ အထိ  ချေးပေးခဲ့သည်ဟု အစိုးရက ထုတ်ပြန်ထားသည်။ ၂၀၁၉ မတ်လအထိ မြို့နယ် ၁၅၅ မြို့မှ  တောင်သူ ၂,၀၀၀ ကျော်အတွက်  ကျပ်ဘီလီယံ ရှစ်ဆယ်ကျော် ထုတ်ချေးထားသည်။

မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တို့ ပူးပေါင်းဆောင်ရွက်သည့်  စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေ ခံသော စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေကို ၂၀၁၈ ဧပြီလ တွင် စတင်ခဲ့ပြီး ၂၀၁၉ ဧပြီအထိ  မြို့နယ် ၁၀၀ ခန့်ရှိ လုပ်ငန်းရှင်  ၆၀၀ ကျော်ကို ကျပ်ခြောက်ဘီ လီယံကျော် ချေးခဲ့ကြောင်း ထုတ် ပြန်ထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင်  ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

COVID-19 ေၾကာင့္ စိုက္ပ်ိဳးစရိတ္ေခ်းေငြအတိုးမ်ား ေလွ်ာ့ခ်

စိုက္ပ်ိဳးစရိတ္ေခ်းေငြ မ်ားအေပၚ ေကာက္ခံသည့္အတိုး ႏႈန္းမ်ား ေလွ်ာ့ခ်လိုက္ေၾကာင္း ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္ က ထုတ္ျပန္သည္။

ေတာင္သူမ်ား စိုက္ပ်ိဳးေရး ဆိုင္ရာေခ်းေငြမ်ားကို အတိုးႏႈန္း သက္သာစြာျဖင့္ ရရွိေစေရး လက္ရွိ ထုတ္ေခ်းေပးေနေသာ စိုက္ပ်ိဳးစရိတ္ေခ်းေငြ၊ JICA ေခ်း ေငြႏွင့္ ျမန္မာ့စီးပြားေရးဘဏ္က ထုတ္ေခ်းေနသည့္ စိုက္ပ်ိဳးေရး က႑ ေခ်းေငြမ်ားအေပၚ ေကာက္ခံသည့္ အတိုးႏႈန္းမ်ားကို ေလွ်ာ့ခ် ျပင္ဆင္ေကာက္ခံမည္ ဟု ထုတ္ျပန္ထားသည္။

ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရး ဘဏ္က ထုတ္ေခ်းေပးေနေသာ စိုက္စရိတ္ေခ်းေငြ၏ ယခင္အတိုး ႏႈန္းသည္ ၈ ရာခိုင္ႏႈန္းရွိၿပီး ယခု အခါ ၇ ရာခိုင္ႏႈန္းသို႔ ေလွ်ာ့ခ် သည္။ အလားတူ JICA ၏ စိုက္ ပ်ိဳးေရးႏွင့္ ေက်းလက္ဖြံ႕ၿဖိဳးေရး ေခ်းေငြအတိုးႏႈန္းကို ၈ ရာခိုင္ ႏႈန္းမွ ၆ ဒသမ ၅ ရာခိုင္ႏႈန္း၊ ျမန္မာ့စီးပြားေရးဘဏ္၏ စီမံကိန္းအတိုးႏႈန္းကို ၉ ရာခိုင္ႏႈန္းမွ ၈ရာခိုင္ႏႈန္းသို႔ ေလွ်ာ့ခ်မည္ျဖစ္ သည္။

ေခ်းေငြအေပၚ ေကာက္ခံ သည့္ အတိုးႏႈန္းကို ေလွ်ာ့ခ်ျခင္း ႏွင့္အတူ ေတာင္သူမ်ား၏ စု ေဆာင္းအပ္ႏွံေငြအေပၚ ေပးမည့္ အတိုးႏႈန္းကိုလည္း ၈ ရာခိုင္ႏႈန္း မွ ၆ ဒသမ ၅ ရာခိုင္ႏႈန္းသို႔ ျပင္ဆင္ခဲ့သည္။ ျမန္မာ့လယ္ယာ ဖြံ႕ၿဖိဳးေရးဘဏ္က ထုတ္ေခ်းေငြ ႏွင့္ စုေဆာင္းအပ္ေငြတို႔အေပၚ ျပင္ဆင္သည့္ အတိုးႏႈန္းသည္ ၂၀၂၀ ဧၿပီကစ၍ အက်ိဳးသက္ ေရာက္မည္ျဖစ္သည္။

စိုက္ပ်ိဳးေရးႏွင့္ ေက်းလက္ ဖြံ႕ၿဖိဳးေရးေခ်းေငြအတြက္ ၂၀၁၇ ကတည္းက JICA ႏွင့္ ျမန္မာ့ လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္တို႔ ပူး ေပါင္း ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ၿပီး ေတာင္သူ တစ္ဦးခ်င္းအတြက္ အမ်ားဆုံး က်ပ္သိန္း ၅၀၀ အထိ ေခ်းေပးခဲ့သည္ဟု အစိုးရက ထုတ္ျပန္ထားသည္။ ၂၀၁၉ မတ္လအထိ ၿမိဳ႕နယ္ ၁၅၅ ၿမိဳ႕မွ ေတာင္သူ ၂,၀၀၀ ေက်ာ္အတြက္ က်ပ္ဘီလီယံ ရွစ္ဆယ္ေက်ာ္ ထုတ္ေခ်းထားသည္။

ျမန္မာ့စီးပြားေရးဘဏ္ႏွင့္ ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္ တို႔ ပူးေပါင္းေဆာင္႐ြက္သည့္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးကို အေျခ ခံေသာ စီးပြားေရးလုပ္ငန္းမ်ားအတြက္ ေခ်းေငြကို ၂၀၁၈ ဧၿပီလ တြင္ စတင္ခဲ့ၿပီး ၂၀၁၉ ဧၿပီအထိ ၿမိဳ႕နယ္ ၁၀၀ ခန႔္ရွိ လုပ္ငန္းရွင္ ၆၀၀ ေက်ာ္ကို က်ပ္ေျခာက္ဘီ လီယံေက်ာ္ ေခ်းခဲ့ေၾကာင္း ထုတ္ ျပန္ထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္  ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service