COVID-19 ကြောင့် ဆေးပစ္စည်းနှင့် စားသောက်ကုန်များ ဈေးတင်ရောင်းပါက ထောင်ဒဏ် ၃ နှစ်ချမှတ်နိုင်ဟု ဆို - Property News in Myanmar from iMyanmarHouse.com
1768 Views

COVID-19 ကြောင့် ဆေးပစ္စည်းနှင့် စားသောက်ကုန်များ ဈေးတင်ရောင်းပါက ထောင်ဒဏ် ၃ နှစ်ချမှတ်နိုင်ဟု ဆို

### Unicode Version ###

COVID-19 ဖြစ်နေသည့်ကာလအတွင်း ကျန်းမာရေးအထောက်အကူပစ္စည်းများအပါအဝင် ဆေးပစ္စည်းနှင့် စားသုံးကုန်ပစ္စည်းများ ဈေးတင်ရောင်းလျှင် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်သော ဥပဒေပုဒ်မဖြင့် အရေးယူမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကအမိန့်ကြော်ငြာစာ ထုတ်ပြန်သည်။

ထိုအမိန့်ကြေငြာစာတွင် COVID- 19 ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများ ဈေးတင် မရောင်းရန် တားမြစ်လိုက်သည်။

ဈေးတင်ရောင်းခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်းနှင့် ဈေးကစားရန် ရည်ရွယ်သိုလှောင် ခြင်းတို့ကို စိစစ်တွေ့ရှိပါက ၂၀၁၂ က ပြဋ္ဌာန်းခဲ့သော အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ ဖြင့် အရေးယူမည်ဟု ဖော်ပြထားသည်။

အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ သည် ထောင်ဒဏ် အနည်းဆုံးခြောက်လမှ သုံးနှစ်အထိ အရေးယူနိုင်သကဲ့သို့ ငွေဒဏ် ကျပ်ငါးသိန်းလည်း ချမှတ်နိုင်ကာ ပြစ်ဒဏ်နှစ် ခုစလုံးကိုလည်း ပူးတွဲချမှတ်နိုင် သည်။

သတ်မှတ်ဈေးနှုန်းဖြင့် ပိုမို ရောင်းချသည်ကို အထောက်အထားအခိုင်အမာရရှိပါက စားသုံးသူကိုယ်တိုင် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားနိုင်သည်ဟု ဝန်ကြီးဌာနကဆိုထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

COVID-19​ ေၾကာင့္ ေဆးပစၥည္းႏွင့္ စား​ေသာက္ကုန္မ်ား ​​ေဈးတင္​ေရာင္းပါက ​ေထာင္ဒဏ္ ၃ ႏွစ္ခ်မွတ္ႏိုင္ဟု ဆို

COVID-19 ျဖစ္​ေနသည့္ကာလအတြင္း က်န္းမာေရးအေထာက္အကူပစၥည္းမ်ားအပါအဝင္ ေဆးပစၥည္းႏွင့္ စားသုံးကုန္ပစၥည္းမ်ား ေဈးတင္ေရာင္းလွ်င္ ေထာင္ဒဏ္ သုံးႏွစ္အထိ ခ်မွတ္ႏိုင္ေသာ ဥပေဒပုဒ္မျဖင့္ အေရးယူမည္ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနကအမိန႔္ေၾကာ္ျငာစာ ထုတ္ျပန္သည္။

ထိုအမိန္႔​ေၾကျငာစာတြင္ COVID- 19 ကာကြယ္ထိန္းခ်ဳပ္ ကုသေရးဆိုင္ရာ က်န္းမာေရး အေထာက္အကူျပဳပစၥည္းမ်ား၊ ေဆးဝါးမ်ား၊ စားသုံးကုန္ပစၥည္းမ်ား ေဈးတင္ မေရာင္းရန္ တားျမစ္လိုက္သည္။

ေဈးတင္ေရာင္းျခင္း၊ ေဈးႏႈန္းျမႇင့္တင္ျဖန႔္ျဖဴးျခင္းႏွင့္ ေဈးကစားရန္ ရည္႐ြယ္သိုေလွာင္ ျခင္းတို႔ကို စိစစ္ေတြ႕ရွိပါက ၂၀၁၂ က ျပ႒ာန္းခဲ့ေသာ အေရးႀကီးကုန္စည္ႏွင့္ ဝန္ေဆာင္မႈ ဥပေဒပုဒ္မ ၅ ျဖင့္ အေရးယူမည္ဟု ေဖာ္ျပထားသည္။

အေရးႀကီးကုန္စည္ႏွင့္ ဝန္ေဆာင္မႈ ဥပေဒပုဒ္မ ၅ သည္ ေထာင္ဒဏ္ အနည္းဆုံးေျခာက္လမွ သုံးႏွစ္အထိ အေရးယူႏိုင္သကဲ့သို႔ ေငြဒဏ္ က်ပ္ငါးသိန္းလည္း ခ်မွတ္ႏိုင္ကာ ျပစ္ဒဏ္ႏွစ္ ခုစလုံးကိုလည္း ပူးတြဲခ်မွတ္ႏိုင္ သည္။

သတ္မွတ္ေဈးႏႈန္းျဖင့္ ပိုမို ေရာင္းခ်သည္ကို အေထာက္အထားအခိုင္အမာရရွိပါက စားသုံးသူကိုယ္တိုင္ ရဲစခန္းတြင္ အမႈဖြင့္တိုင္ၾကားႏိုင္သည္ဟု ဝန္ႀကီးဌာနကဆိုထားသည္။

ျမန္မာနုိင္ငံ၊ အာဆီယံနိုင္ငံမ်ားႏွင့္ ကမၻာတစ္ဝွမ္းလုံး ၏ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service