အိမ်ခြံမြေကုမ္ပဏီနှစ်ခုကသာ ရန်ကုန်စတော့အိတ်ချိန်းတွင် နိုင်ငံခြားသားများကို ရှယ်ယာဝယ်ယူခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
780 Views

အိမ်ခြံမြေကုမ္ပဏီနှစ်ခုကသာ ရန်ကုန်စတော့အိတ်ချိန်းတွင် နိုင်ငံခြားသားများကို ရှယ်ယာဝယ်ယူခွင့်ပြု

### Unicode Version ###

ရန်ကုန်စတော့အိတ်ချိန်းတွင် နိုင်ငံခြားသားများကို ရှယ်ယာဝယ်ယူခွင့်ပြုထားသော်လည်း အိမ်ခြံမြေနှင့် အိမ်ယာဆောက်လုပ်ရေး ကုမ္ပဏီ နှစ်ခုကသာ ဝယ်ယူခွင့်ပြုမည်ကြောင်း ရန်ကုန်စတော့အိတ်ချိန်းတွင် ထုတ်ပြန်ထားသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် မတ် ၂၀ ရက်က စတင်ပြီး နိုင်ငံခြားသားများကို ရှယ်ယာဝယ်ယူခွင့်ပြုခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် FMI နှင့် သီလဝါအထူးစီးပွားဇုန်အများပိုင်ကုမ္ပဏီ MTSH တို့က သာ နိုင်ငံခြားသားများကို တိုက်ရိုက် ဝယ်ယူခွင့်ပြုထားသည်။

FMI ကုမ္ပဏီသည် အိမ်ယာစီမံကိန်းများ အဓိက အကောင်အထည်ဖော်သည့်ကုမ္ပဏီဖြစ်ပြီး MTSH သည် စက်မှုဇုန် မြေယာများဖော်ဆောင်နေသည့် ကုမ္ပဏီဖြစ်သည်။

FMI ကုမ္ပဏီ၏ FMI အိမ်ယာ၊ သန်လျှင် star city အိမ်ယာ ၊ city Loft ၊ ရန်ကုန်မြို့လယ်ရှိ မီးရထာရုံးချုပ်တွင် ဆောက်လုပ်နေသည့် ဟိုတယ်နှင့် အိမ်ယာစီမံကိန်းတို့ နာမည်ကျော် အိမ်ယာ စီမံကိန်းများဖြစ်သည်။ MTSH သည် လက်ရှိတွင် သီလဝါ အထူးစီးပွားရေးတွင် အိမ်ယာနှင့် စက်မူဇုန်မြေများ အကောင်အထည်ဖော်နေပြီး ကြို့ကုန်းအိမ်ယာစီမံယာကိန်းကို လုပ်ကိုင်ခွင့်ရထားသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် ပထမပုဂ္ဂလိကဘဏ် (FPB) က ရှယ်ယာရှင်အချင်းချင်း ရှယ်ယာအစုလိုက်အပြုံလိုက်ရောင်းချသည့် စနစ်ကိုသာ ခွင့်ပြုထားသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီ ၅ ခုရှိပြီး ၎င်းတို့အနက် မြန်မာနိုင်ငံသားများဘဏ်(MCB)နှင့် တယ်လီကွန်း ကုမ္ပဏီ (TMH)တို့က နိုင်ငံခြားသားရှယ်ယာ ဝယ်ယူခွင့်ကို ဆိုင်းငံ့ထားသည်။ TMHကုမ္ပဏီက နိုင်ငံခြားသားများကို ရှယ်ယာရောင်းချခွင့်ကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ခွင့်ပြုချက်စောင့်ဆိုင်းနေခြင်းဖြစ်သည်ဟု ဆိုသည်။ ထိုကြောင့် မကြာခင်ရောင်းချနိုင်မည်ဟုဆိုထားသည်။

နိုင်ငံခြားသားများရှယ်ယာဝယ်ယူခွင့်ကို FMI ကုမ္ပဏီက ရှယ်ယာ ၁ ဒသမ ၈ ရာခိုင်နှုန်း၊ MTSH ကုမ္ပဏီက ၄ ဒသမ ၅ ရာခိုင်နှုန်း ခွင့်ပြုထားပြီး FPB က ၃၁ ရာခိုင်နှုန်းခွင့်ပြုထားသည်။

"ရှယ်ယာပမာဏဘယ်လောက်ရောင်းမယ်ဆိုတာ ကုမ္ပဏီတွေက ဆုံးဖြတ်ရောင်းချတာ။ ဒါကလည်း သတ်မှတ်ထားတဲ့ ပမာဏမကျော်ရင် ကြိုက်တဲ့ အချိန်မှာ ကြိုက်သလိုပြင်လိုရပါတယ်"ဟု ချေးငွေသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးဌေးချွန်ကပြောသည်။

ရှယ်ယာဝယ်ယူရန် စိတ်ဝင်စားမှု အများဆုံးမှာ အာရှနိုင်ငံများမှ ဖြစ်သည်ဟု ၎င်းကပြော သည်။

ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများတွင် နိုင်ငံခြားသားများ အစုရှယ်ယာဝယ်ယူခွင့်ကို ခွင့်ပြုကြောင်း ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်က ၂၀၁၉ ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်ခဲ့ သည်။

ကုမ္ပဏီဥပဒေအသစ်အရ ပြည်တွင်းကုမ္ပဏီများတွင် နိုင်ငံခြားသား အစုရှယ်ယာပိုင်ဆိုင်မှုကို ၃၅ ရာခိုင်နှုန်းခွင့်ပြုထားပြီး နောက်ရန်ကုန်စတော့အိတ်ချိန်းတွင်လည်း နိုင်ငံခြားသားရှယ်ယာ ဝယ်ယူခွင့်ကို ၃၅ ရာခိုင်နှုန်း အောက်ခွင့်ပြုခြင်း ဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် အများပိုင်ကုမ္ပဏီငါးခုက အစုရှယ်ယာများ ရောင်းချနေပြီး မကြာမီ ကုမ္ပဏီ အသစ်တစ်ခု ထပ်မံဝင်ရောက်ရန် ကော်မရှင်က ခွင့်ပြုထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###
















Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service