မြို့များကို Lockdown ပြုလုပ်မည်ဆိုပါက အိမ်ယာအဆောက်အဦးထိန်းသိမ်းရေးအပါအဝင် လုပ်ငန်း ၁၈ မျိုးကို မပိတ်သိမ်းရန် ကုန်သည်/စက်မှုအသင်းချုပ်အကြံပြု - Property News in Myanmar from iMyanmarHouse.com
890 Views

မြို့များကို Lockdown ပြုလုပ်မည်ဆိုပါက အိမ်ယာအဆောက်အဦးထိန်းသိမ်းရေးအပါအဝင် လုပ်ငန်း ၁၈ မျိုးကို မပိတ်သိမ်းရန် ကုန်သည်/စက်မှုအသင်းချုပ်အကြံပြု

### Unicode Version ###

အစိုးရက မြို့များကို Lockdown (အသွားအလာပိတ်)ချမည်ဆိုပါက အိမ်ယာအဆောက်အဦး ထိန်းသိမ်းရေး လုပ်ငန်းအပါအဝင် စီးပွားရေးလုပ်ငန်းကဏ္ဍ ၁၈ ခုကို ဆက်လက်လုပ်ကိုင်ခွင့်ပြုပေးရန် စက်မှု/ကုန်သည်အသင်းချုပ်က အစိုးရထံတင်ပြ အကြံပြုထားသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပြင်းထန်လာပါက အစိုးရသည် မြို့များကို lockdown ချပါက အဆိုပါလုပ်ငန်း ၁၈ မျိုးသည် ပိတ်သိမ်း၍မဖြစ်နိုင်ကြောင်း COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုကုစားရေးကော်မတီ ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းထံ အကြံပြုခဲ့ခြင်းဖြစ်သည်။

ထိုပြင် ဆောင်ရွက်မည်ဆိုပါက စားဝတ်နေရေးနှင့်ကျန်းမာရေး ကိစ္စရပ်များကို အခက်အခဲမဖြစ်ရန် စီမံဆောင်ရွက်ထားသင့်ဟု အကြံပြုထားသည်။

ထိုလုပ်ငန်း ၁၈ ခုသည် မရှိမဖြစ် လုပ်ငန်းများအဖြစ်သတ်မှတ်၍ ဆက်လက်လုပ်ကိုင်သင့်သည်ဟု အသင်းချုပ်က အကြံပြုထားသည်။

၎င်းတို့မှာ အဆောက်အဦးထိန်းသိမ်းရန်လိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများအပါအဝင်၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကျန်းမာရေးအကူအညီပေးသည့် ဝန်ဆောင်မှုများ၊ စတိုးဆိုင်၊ ကုန်စုံဆိုင်နှင့် လက်လီအရောင်းဆိုင်များ၊ အစားအသောက်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများပေးပို့ခြင်း၊ စာပို့ခြင်းနှင့်ရေကြောင်းဆိုင်ရာ ပို့ဆောင်မှုလုပ်ငန်းများ၊ ကုန်စည်ပို့ဆောင်မှုကို အထောက်အပံ့ဖြစ်စေသည့် လုပ်ငန်းများ( ကုန်တင်ယာဉ်နှင့် ယာဉ်ရပ်နားစခန်းများ) ၊ ရောဂါကူးစက်ခြင်းမှ ကာကွယ်ပေးရန်လိုအပ်သည့် သန့်ရှင်းရေးဝန်ဆောင်မှုများ၊ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများ၊ မရှိမဖြစ်လိုအပ်သောအဆောက်အဦးနှင့်ကုန်ကြမ်းထုတ်လုပ်ငန်းများ၊ သတင်းစာ၊ ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် မီဒီယာလုပ်ငန်းများတို့ပါဝင်သည်။

ထိုပြင်စက်သုံးဆီ၊ ဓာတ်ငွေ့ရောင်းချခြင်းနှင့် မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းရေး အပိုပစ္စည်းရောင်းချသည့် လုပ်ငန်းများ၊ အဆောက်အအုံ ထိန်းသိမ်းရန်လိုအပ်သည့် ဝန်ဆောင်မှုပေးသူများ၊ လျှပ်စစ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ပိုးမွှားရှင်းလင်းရေး လုပ်ငန်းများကို မရှိမဖြစ်လုပ်ငန်း၊ သတ်မှတ်ချက်နှင့်ဖွင့်လှစ်သော စားသောက်ဆိုင်များ၊ လေကြောင်းလိုင်း၊ အငှားယာဉ်နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ သက်ကြီးရွယ်အိုနှင့်ကလေးသူငယ်ပြုစုရေးလုပ်ငန်းနှင့် ဘိုးဘွားရိပ်သာနှင့် ကလေးသူငယ်ပြုစုရေးဂေဟာလုပ်ငန်းတို့ဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

ၿမိဳ႕မ်ားကို Lockdown ျပဳလုပ္မည္ဆိုပါက အိမ္ယာအေဆာက္အဦးထိန္းသိမ္းေရးအပါအဝင္ လုပ္ငန္း ၁၈ မ်ိဳးကို မပိတ္သိမ္းရန္ ကုန္သည္/စက္မႈအသင္းခ်ဳပ္အႀကံျပဳ

 

အစိုးရက ၿမိဳ႕မ်ားကို Lockdown (အသြားအလာပိတ္)ခ်မည္ဆိုပါက အိမ္ယာအေဆာက္အဦး ထိန္းသိမ္းေရး လုပ္ငန္းအပါအဝင္ စီးပြားေရးလုပ္ငန္းက႑ ၁၈ ခုကို ဆက္လက္လုပ္ကိုင္ခြင့္ျပဳေပးရန္ စက္မႈ/ကုန္သည္အသင္းခ်ဳပ္က အစိုးရထံတင္ျပ အႀကံျပဳထားသည္။

ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါျပင္းထန္လာပါက အစိုးရသည္ ၿမိဳ႕မ်ားကို lockdown ခ်ပါက အဆိုပါလုပ္ငန္း ၁၈ မ်ိဳးသည္ ပိတ္သိမ္း၍မျဖစ္ႏိုင္ေၾကာင္း COVID-19 ေၾကာင့္ စီးပြားေရးထိခိုက္မႈကုစားေရးေကာ္မတီ ဥကၠ႒၊ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္းထံ အႀကံျပဳခဲ့ျခင္းျဖစ္သည္။

ထိုျပင္ ေဆာင္႐ြက္မည္ဆိုပါက စားဝတ္ေနေရးႏွင့္က်န္းမာေရး ကိစၥရပ္မ်ားကို အခက္အခဲမျဖစ္ရန္ စီမံေဆာင္႐ြက္ထားသင့္ဟု အႀကံျပဳထားသည္။

ထိုလုပ္ငန္း ၁၈ ခုသည္ မရွိမျဖစ္ လုပ္ငန္းမ်ားအျဖစ္သတ္မွတ္၍ ဆက္လက္လုပ္ကိုင္သင့္သည္ဟု အသင္းခ်ဳပ္က အႀကံျပဳထားသည္။

၎တို႔မွာ အေဆာက္အဦးထိန္းသိမ္းရန္လိုအပ္သည့္ ဝန္ေဆာင္မႈလုပ္ငန္းမ်ားအပါအဝင္၊ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားႏွင့္ က်န္းမာေရးအကူအညီေပးသည့္ ဝန္ေဆာင္မႈမ်ား၊ စတိုးဆိုင္၊ ကုန္စုံဆိုင္ႏွင့္ လက္လီအေရာင္းဆိုင္မ်ား၊ အစားအေသာက္၊ ကုန္စည္ႏွင့္ဝန္ေဆာင္မႈမ်ားေပးပို႔ျခင္း၊ စာပို႔ျခင္းႏွင့္ေရေၾကာင္းဆိုင္ရာ ပို႔ေဆာင္မႈလုပ္ငန္းမ်ား၊ ကုန္စည္ပို႔ေဆာင္မႈကို အေထာက္အပံ့ျဖစ္ေစသည့္ လုပ္ငန္းမ်ား( ကုန္တင္ယာဥ္ႏွင့္ ယာဥ္ရပ္နားစခန္းမ်ား) ၊ ေရာဂါကူးစက္ျခင္းမွ ကာကြယ္ေပးရန္လိုအပ္သည့္ သန႔္ရွင္းေရးဝန္ေဆာင္မႈမ်ား၊ စားေသာက္ကုန္ထုတ္လုပ္သည့္ လုပ္ငန္းမ်ား၊ မရွိမျဖစ္လိုအပ္ေသာအေဆာက္အဦးႏွင့္ကုန္ၾကမ္းထုတ္လုပ္ငန္းမ်ား၊ သတင္းစာ၊ ႐ုပ္ျမင္သံၾကား၊ ေရဒီယိုႏွင့္ မီဒီယာလုပ္ငန္းမ်ားတို႔ပါဝင္သည္။

ထိုျပင္စက္သုံးဆီ၊ ဓာတ္ေငြ႕ေရာင္းခ်ျခင္းႏွင့္ ေမာ္ေတာ္ယာဥ္ျပဳျပင္ထိန္းသိမ္းေရး အပိုပစၥည္းေရာင္းခ်သည့္ လုပ္ငန္းမ်ား၊ အေဆာက္အအုံ ထိန္းသိမ္းရန္လိုအပ္သည့္ ဝန္ေဆာင္မႈေပးသူမ်ား၊ လွ်ပ္စစ္ဆိုင္ရာ ကြၽမ္းက်င္သူမ်ား၊ ပိုးမႊားရွင္းလင္းေရး လုပ္ငန္းမ်ားကို မရွိမျဖစ္လုပ္ငန္း၊ သတ္မွတ္ခ်က္ႏွင့္ဖြင့္လွစ္ေသာ စားေသာက္ဆိုင္မ်ား၊ ေလေၾကာင္းလိုင္း၊ အငွားယာဥ္ႏွင့္ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းမ်ား၊ သက္ႀကီး႐ြယ္အိုႏွင့္ကေလးသူငယ္ျပဳစုေရးလုပ္ငန္းႏွင့္ ဘိုးဘြားရိပ္သာႏွင့္ ကေလးသူငယ္ျပဳစုေရးေဂဟာလုပ္ငန္းတို႔ျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service