ပြည်တွင်းအထည်ချုပ်လုပ်ငန်များ လည်ပတ်မှုရပ်ဆိုင်း - Property News in Myanmar from iMyanmarHouse.com
1013 Views

ပြည်တွင်းအထည်ချုပ်လုပ်ငန်များ လည်ပတ်မှုရပ်ဆိုင်း

### Unicode Version ###

ပြည်တွင်းအထည်ချုပ်လုပ်ငန်များ လည်ပတ်မှုရပ်ဆိုင်းသွားကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်းချုပ်မှသိရသည်။

ပြည်တွင်းအထည်ချုပ်စက်ရုံများမှချုပ်လုပ်သော ကုန်ချောပစ္စည်းများကို အဓိကမှာယူနေသော ဈေးကွက်မှာ အီးယူဈေးကွက်ဖြစ်ပြီး အဆိုပါ ဈေးကွက်အနေဖြင့် ပစ္စည်းအော်ဒါမှာယူထားမှုများပယ်ဖျက်လိုက်ခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။ထို့အပြင် အမေရိကန် ဈေးကွက်ကပါ ကုန်ချောမှာယူမှုများ ပယ်ဖျက်လာကြောင်း သိရသည်။

အထည်ချုပ်လုပ်ငန်းများအနေဖြင့် ကိုဗစ်နိုင်တင်းကြောင့် ပထမပိုင်းတွင် CMP ကုန်ကြမ်းပြတ်လပ်မှုကြုံတွေ့ခဲ့ရပြီး အလုပ်ပိတ်သိမ်းခြင်း နှင့်ဝန်ထမ်းလျှော့ချခြင်းများဖြစ်ပေါ်ခဲ့သည်။အဆိုပါပြဿနာကိုဖြေရှင်းနိုင်ရန် တရုတ်ပြည်တွင် ကပ်ရောဂါကင်းစင်သောလမ်းကြောင်း များမှနေ၍ CMP လုပ်ငန်းများအတွက် ကုန်ကြမ်းများရရှိနိုင်အောင်ကြိုးစားခဲ့ပြီး အထည်ချုပ်လုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်အောင် လုပ်ဆောင်ခဲ့သော်လည်း အဓိကကုန်ချောမှာယူသည့် အီးယူနိုင်ငံများမှာ ယခုအခါ မှာယူမှုရပ်ဆိုင်းလိုက်သည့်အတွက်ကြောင့် မြန်မာ့ အထည်ချုပ်လုပ်ငန်းရပ်ဆိုင်းရခြင်းဖြစ်ကြောင်းသိရသည်။

ပုသိမ်မြို့ရှိ စက်မှုဇုန်ရှိ အကြီးဆုံး အထည်ချုပ်စက်ရုံတစ်ခုလည်းဝန်ထမ်း ၅၀၀၀ ကျော်မှ ထက်ဝက်ခန့်ဖြစ်သော အလုပ်သမား ၂၉ဝဝ ကို နစ်နာကြေးအပြည့်ပေးပြီး လျှော့ချလိုက်ခြင်းနှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် စက်မှုဇုန်ရှိ ကုမ္ပဏီတစ်ခုကလည်း လွန်ခဲ့သည့် ၅ ရက်က အလုပ်သမား ၂၀၀၀ လျှော့ချခဲ့ကြောင်းလည်း သိရသည်။

မြန်မာပြည်ရှိ အထည်ချုပ်လုပ်ငန်းများမှ ကုန်ချောများကို ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့က ဆက်လက်မှယူနေသေးကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းချုပ်မှသိရသည်။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###









Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service