စီးပွားရေးလုပ်ငန်းများအတွက် COVID-19 ကုစားရေးချေးငွေများ မတ် ၃၀ ရက်တွင် စတင်လျှောက်ထားနိုင် - Property News in Myanmar from iMyanmarHouse.com
1672 Views

စီးပွားရေးလုပ်ငန်းများအတွက် COVID-19 ကုစားရေးချေးငွေများ မတ် ၃၀ ရက်တွင် စတင်လျှောက်ထားနိုင်

### Unicode Version ###

COVID-19 ကြောင့် စီးပွားရေးထိခိုက်မူအများဆုံးကြုံတွေ့နေရသည့် ကဏ္ဍ သုံးခုအတွက် အတိုး တစ်ရာခိုင်နှုန်းဖြင့် ချေးငွေများကို မတ် ၃၀ ရက်မှ စတင်ပြီး လျှောက်ထားနိုင်ကြောင်း COVID-19ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးသက်ရောက်မူများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက သတင်းထုတ်ပြန်သည်။

ချေးငွေပေးမည့် ကဏ္ဍများတွင် လက်ခစား CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနှင့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများတို့ ပါဝင်သည်။

ကော်မတီ၏ ထုတ်ပြန်ချက်တွင် COVID-19 Fund ကျပ် ဘီလီယံ ၁၀၀ မှ ထုတ်ချေးပြီး ချေးငွေသက်တမ်းမှာ တစ်နှစ်ဖြစ်သည်ဟု ပါဝင်သည်။

လျှောက်ထားရာတွင် အချက် ၁၀ ချက်နှင့်ကိုက်ညီရမည်ဖြစ်ပြီး ၎င်းတို့မှာ နိုင်ငံသားပိုင် စီးပွားရေးလုပ်ငန်းဖြစ်ရမှာဖြစ်ပြီး လက်ရှိလည်ပတ်နေခြင်း ( သို့မဟုတ်) ကြေညာချက်မထုတ်ပြန်ပြီ ၃ လအတွင်းရပ်ဆိုင်းထားသည့် လုပ်ငန်းဖြစ်ရခြင်းတို့ပါဝင်သည်။ ထိုပြင် လွန်ခဲ့သည့် နှစ်နှစ်အတွင်း လိုင်စင်/ခွင့်ပြုချက်ရထားခြင်းနှင့် ဝင်ငွေရရှိထားခြင်းတို့ပါဝင်သည်။

ချေးငွေပြန်လည်ပေးဆပ်ရန် ခိုင်လုံသည့် လုပ်ငန်းဖြစ်ရခြင်းနှင့် ချေးငွေကို ဝန်ထမ်း/လုပ်သားအင်အားနှင့်လက်ရှိ လုပ်ငန်းလည်ပတ်ရန်အတွက်သာအသုံးပြုရမည်ဖြစ်သည်။ ကုမ္ပဏီမှတ်ပုံတင်ရပ်ဆိုင်းခံခြင်း/ မှတ်ပုံတင်စာရင်းမှ ရပ်ဆိုင်းခံထားရသည့် လုပ်ငန်းမဖြစ်ရဟုလည်းဆိုသည်။

ဝင်ငွေခွန်/ကုန်သွယ်ခွန်/ အထူးကုန်စည်ခွန်များပေးဆောင်ထားရသည့်လုပ်ငန်းဖြစ်ရမည်ဖြစ်သည်။ ထိုပြင် လူမူဖူလုံရေးထည့်ဝင်ကြေးပုံမှန်ထည့်ထားသည့် လုပ်ငန်းများကိုဦးစားပေးမည်ဟုပါရှိသည်။ နောက်ဆုံးအချက်မှာ ချေးငွေအတွက် ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ သို့မဟုတ် လုပ်ငန်းရှင်က ချေးငွေ ပြန်လည်ပေးဆပ်ရန် အာမခံချက်ပါရှိရမည်ဟု ဆိုထားသည်။

လုပ်ငန်းများအလိုက်ချေးငွေပမာဏသတ်မှတ်ချက်နှင့် လုပ်ငန်းမည်မျှထုတ်ချေးမည်ကို အဆိုပါ လုပ်ငန်း ကော်မတီ၏ အတွင်းရေးမှူး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဉီးအောင်နိုင်ဦးက "ပမာဏသတ်မှတ်ချက်မရှိပါ။ လောလောဆယ်အရေအတွက်ကန့်သတ်ဖို့ မရှိသေးပါ"ဟုဆိုသည်။

ချေးငွေလျှောက်လွှာများကို မတ် ၃၀ ရက်မှ ဧပြီ ၉ ရက်အထိ ကုန်သည်စက်မှုအသင်းချုပ်နှင့် တိုင်းနှင့်ပြည်နယ် ကုန်သည်စက်မှုအသင်းများတွင် လျှောက်ထားနိုင်သည်ဟုဆိုသည်။

ချေးငွေလျှောက်ထားရန် လုပ်ငန်းများအတွက် တစ်ပတ်သာအချိန်ပေးခြင်းထက် ပိုမိုပေးသင့်သည်ဟု စီးပွားရေးလုပ်ငန်းရှင် ဦးအေးထွန်းကဆိုသည်။

ချေးငွေများကို ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိပါက တည်ဆဲဥပဒေများအရ အရေးယူဖြစ်သည်ဟု သတိပေးထားသည်။

ထိုပြင် ချေးငွေပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက Credit Bureau တွင် နာမည်ပျက်စာရင်းသွင်း၍ ဘဏ်နှင့် အခြားငွေရေးကြေးရေးအဖွဲ့အစည်းများတွင် ချေးငွေရယူခွင့်မရအောင် ဆောင်ရွက်သွားမည်ဟု ကော်မတီက ထုတ်ပြန်ထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###















Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service