နယူးယောက် ပြည်နယ်ဆေးရုံများတွင် ရောဂါကူးစက်မှု ပိုမိုဆိုးရွားလာပါက အသက်ရှူစက်များကို ကံစမ်းမဲစနစ်ဖြင့်သာ သုံးစွဲခွင့်ပေးနိုင်တော့မည်၊ အခြားပြည်နယ်များတွင်မူ ကင်ဆာရောဂါရှိသူများနှင့် ဉာဏ်ရည်မမှီသူများကို အသက်ရှူစက် အသုံးပြုခွင့် ပေးတော့မည်မဟုတ် - Property News in Myanmar from iMyanmarHouse.com
9652 Views

နယူးယောက် ပြည်နယ်ဆေးရုံများတွင် ရောဂါကူးစက်မှု ပိုမိုဆိုးရွားလာပါက အသက်ရှူစက်များကို ကံစမ်းမဲစနစ်ဖြင့်သာ သုံးစွဲခွင့်ပေးနိုင်တော့မည်၊ အခြားပြည်နယ်များတွင်မူ ကင်ဆာရောဂါရှိသူများနှင့် ဉာဏ်ရည်မမှီသူများကို အသက်ရှူစက် အသုံးပြုခွင့် ပေးတော့မည်မဟုတ်

### Unicode Version ### 

အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကပ်ကြီး အခြေအနေယခုထက်ဆိုးရွားလာပါက အသက်ရှူစက်များကို အသုံးပြုခွင့် သတ်မှတ်ပုံစနစ်မှာ ကျင့်ဝတ်ဆိုင်ရာ မေးခွန်းများ ထွက်ပေါ်လာစေသည်။

နယူးယောက်ပြည်နယ်တွင်ဆိုလျှင် ကံစမ်းမဲစနစ်ကို အသုံးပြုသွားမည်ဖြစ်ပြီး အခြားပြည်နယ်များတွင်မူ ကင်ဆာရောဂါရှိသူများနှင့် ဉာဏ်ရည်မမှီသူများကို အသက်ရှူစက်အသုံးပြုခွင့် ပေးအပ်တော့မည်မဟုတ်ဟု ဆိုသည်။

အိမ်ဖြူတော်က ပြောကြားထားရာတွင် အသက်ရှူစက်အသုံးပြုရန် လိုအပ်သူ မည်သူကိုမဆို အသုံးပြုခွင့် ပိတ်ပင်ခြင်းမရှိဟု ဆိုထားသည်။

သို့သော် အခြေအနေတို့မှာ ပိုမိုဆိုးရွားလာနေသည့်အတွက် များစွာသောပြည်နယ်များမှာ အသက်ရှူစက် ခွဲတမ်းအတွက် ကိုယ်ပိုင်ဖြေရှင်းပုံများဖြင့် ဆောင်ရွက်လာကြရသည်။

နယူးယောက်ပြည်နယ်က သုံးသပ်သည်မှာ လူနာပေါင်းများစွာမှာ ပြန်လည်ကျန်းမာလိုကြသည်။ သို့သော် ၎င်းတို့ကို ကူညီရန်အတွက် အရင်းအမြစ်မှာ အကန့်အသတ်သာရှိလျှင် ကျပန်းစနစ် (ဥပမာ- မဲနှိုက်ခြင်း) ကို အသုံးပြုရဖွယ်ရှိကြောင်း ပြောကြားသည်။

အရင်ရောက်သူကို အရင်အသုံးပြုခွင့်ပေးသည့်စနစ်ထက် မဲစနစ်က ပိုမိုတရားမျှတကြောင်း နယူးယောက်ပြည်နယ် အာဏာပိုင်တို့က သုံးသပ်ကြသည်။

သို့သော် နယူးယောက်ပြည်နယ်၏ လမ်းညွှန်ချက်များမှာ မလုပ်မနေရ စည်းနှောင်မှုမရှိချေ။ စက်ပစ္စည်းမလုံလောက်သည့် အရေးပေါ် အခြေအနေမျိုးကြုံရပါက မည်သို့ဖြေရှင်းရမည်ကို ၎င်းတို့၏ ကိုယ်ပိုင်ကျင့်ဝတ်အခြေခံနည်းလမ်းများ ရှာဖွေထားကြပြီး ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုရှိ အခြားပြည်နယ်များတွင်မူ ကိုယ်ပိုင်ဖြေရှင်းမှုနည်းလမ်းများ ချမှတ်လာရာ ယင်းအနက် အချို့စည်းမျဉ်းများမှာ မသန်စွမ်းအခွင့်အရေးအုပ်စုတို့ အမျက်ထွက်ဖွယ်ရာ ဖြစ်လာသည်။

အယ်လ်ဘားမားပြည်နယ်တွင် နှလုံးရောဂါရှိသူများ၊ ကင်ဆာရောဂါရှိသူများ၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု အားနည်းသူများ၊ ဦးခေါင်းထိခိုက်မှုကြောင့် စိတ်ဖောက်ပြန်သူများ၊ ပြင်းထန်သော စိတ်ဒဏ်ရာရသူများသည် အသက်ရှူစက် အသုံးပြုခွင့် ရနိုင်ချေ နည်းသူများအဖြစ် သတ်မှတ်ထားသည်။

ထိုသို့ အသုံးပြုခွင့်မရမည့်သူများတွင် မွေးရာပါ ဉာဏ်ရည်မမှီသူများ (Down syndrome) များလည်း ပါဝင်သည်။

အယ်လ်ဘားမးပြည်နယ်သည် လူတို့၏ အသက်ကို သေခွင့်၊ ရှင်ခွင့် ဆုံးဖြတ်နေခြင်းဖြစ်ကြောင်း၊ မသန်စွမ်းမှုကို အခြေခံပြီး ဆေးကုသခွင့် ပိတ်ပင်မည့် ဆုံးဖြတ်ချက်ဖြစ်ကြောင်း မသန်စွမ်းသူများအခွင့်အရေး လှုပ်ရှားသူတို့က ဆိုသည်။

“ဒီလိုအကျပ်အတည်းကာလမျိုးမှာ မသန်စွမ်းမှုကို အခြေတည်ပြီး လူတွေရဲ့အသက်ကို လျှော့တွက်လို့ မရပါဘူး။ ဒါက ကျင့်ဝတ် သွေဖည်နေပါတယ်။ ဥပဒေကိုလည်း ချိုးဖောက်နေတာဖြစ်ပါတယ်” ဟု အယ်လ်ဘားမားပြည်နယ်မှ မသန်စွမ်းများအရေး ဆောင်ရွက်သည့်အဖွဲ့ဖြစ်သော Alabama Disabilities Advocacy Program (ADAP) မှ ဒါရိုက်တာ ဂျိမ်းစ် တပ်ကာက ပြောကြားသည်။

အယ်လ်ဘားမားပြည်နယ်၊ ဗက်စတာဗီယာဟေးလ်မြို့သားတစ်ဦးဖြစ်သူ အသက် ၃၇ နှစ်အရွယ်ရှိ မက်သူး ဖော်စတာသည် ပြည်နယ်၏ အရေးပေါ် စီမံချက်မူအရ ထိခိုက်ရမည့်သူတစ်ဦး ဖြစ်လာကြောင်း ADAP က ထောက်ပြသည်။

“ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ကချမှတ်လိုက်တဲ့စည်းမျဉ်းနဲ့ ပတ်သက်ပြီးပြောပြတော့ မက်သူးက ဒီလိုပြန်ပြောပါတယ်။ …..ကျွန်တော့်မှာ မွေးရာပါ ဉာဏ်ရည်မဖွံ့ဖြိုးမှုရောဂါ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ အသက်ရှင်ခွင့်ရှိပါတယ်….လို့ သူကပြန်ပြောပါတယ်” ဟု ADAP ၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။

မက်သူးသည် ဉာဏ်ရည်မမှီသော်လည်း ပြီးခဲ့သော နှစ်ပေါင်း ၂၀ တစ်လျှောက် အလုပ်အကိုင်တစ်ခုရှိကြောင်း၊ သူ့တွင် အရည်အသွေးများ၊ ဘုရားပေးသည့် ကြီးမားသောလက်ဆောင်များရှိကြောင်း မိခင်ဖြစ်သူ အဲလစ်က ပြောကြားသည်။

“သူဟာ ကျွန်မတို့မိသားစုနဲ့ ဝန်းကျင်အသိုက်အဝန်းပေါ် အပြုသဘောအကျိုးသက်ရောက်စေမှုတွေ ရှိခဲ့ပါတယ်။ သူ့ရဲ့ ဉာဏ်ရည်မမှီမှုကြောင့် အသက်ရှင်ဖို့ မထိုက်တန်ဘူးဆိုတဲ့အပေါ် ယူကျုံးမရဖြစ်ရပါတယ်။” ဟု မိခင်ဖြစ်သူက ဆက်လက်ပြောကြားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

### Zawgyi Version ###

နယူးေယာက္ ျပည္နယ္ေဆး႐ုံမ်ားတြင္ ေရာဂါကူးစက္မႈ ပိုမိုဆိုး႐ြားလာပါက အသက္ရႉစက္မ်ားကို ကံစမ္းမဲစနစ္ျဖင့္သာ သုံးစြဲခြင့္ေပးႏိုင္ေတာ့မည္၊ အျခားျပည္နယ္မ်ားတြင္မူ ကင္ဆာေရာဂါရွိသူမ်ားႏွင့္ ဉာဏ္ရည္မမွီသူမ်ားကို အသက္ရႉစက္ အသုံးျပဳခြင့္ ေပးေတာ့မည္မဟုတ္

အေမရိကန္ျပည္ေထာင္စုတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈကပ္ၾကီး အေျခအေနယခုထက္ဆိုးရြားလာပါက အသက္ရွဴစက္မ်ားကို အသံုးျပဳခြင့္ သတ္မွတ္ပံုစနစ္မွာ က်င့္ဝတ္ဆိုင္ရာ ေမးခြန္းမ်ား ထြက္ေပၚလာေစသည္။

နယူးေယာက္ျပည္နယ္တြင္ဆိုလွ်င္ ကံစမ္းမဲစနစ္ကို အသံုးျပဳသြားမည္ျဖစ္ျပီး အျခားျပည္နယ္မ်ားတြင္မူ ကင္ဆာေရာဂါရွိသူမ်ားႏွင့္ ဥာဏ္ရည္မမွီသူမ်ားကို အသက္ရွဴစက္အသံုးျပဳခြင့္ ေပးအပ္ေတာ့မည္မဟုတ္ဟု ဆိုသည္။

အိမ္ျဖဴေတာ္က ေျပာၾကားထားရာတြင္ အသက္ရွဴစက္အသံုးျပဳရန္ လိုအပ္သူ မည္သူကိုမဆို အသံုးျပဳခြင့္ ပိတ္ပင္ျခင္းမရွိဟု ဆိုထားသည္။

သို႔ေသာ္ အေျခအေနတို႔မွာ ပိုမိုဆိုးရြားလာေနသည့္အတြက္ မ်ားစြာေသာျပည္နယ္မ်ားမွာ အသက္ရွဴစက္ ခြဲတမ္းအတြက္ ကိုယ္ပိုင္ေျဖရွင္းပံုမ်ားျဖင့္ ေဆာင္ရြက္လာၾကရသည္။

နယူးေယာက္ျပည္နယ္က သံုးသပ္သည္မွာ လူနာေပါင္းမ်ားစြာမွာ ျပန္လည္က်န္းမာလိုၾကသည္။ သို႔ေသာ္ ၎တို႔ကို ကူညီရန္အတြက္ အရင္းအျမစ္မွာ အကန္႔အသတ္သာရွိလွ်င္ က်ပန္းစနစ္ (ဥပမာ- မဲႏႈိက္ျခင္း) ကို အသံုးျပဳရဖြယ္ရွိေၾကာင္း ေျပာၾကားသည္။

အရင္ေရာက္သူကို အရင္အသံုးျပဳခြင့္ေပးသည့္စနစ္ထက္ မဲစနစ္က ပိုမိုတရားမွ်တေၾကာင္း နယူးေယာက္ျပည္နယ္ အာဏာပိုင္တို႔က သံုးသပ္ၾကသည္။

သို႔ေသာ္ နယူးေယာက္ျပည္နယ္၏ လမ္းညႊန္ခ်က္မ်ားမွာ မလုပ္မေနရ စည္းေႏွာင္မႈမရွိေခ်။ စက္ပစၥည္းမလံုေလာက္သည့္ အေရးေပၚ အေျခအေနမ်ဳိးၾကံဳရပါက မည္သို႔ေျဖရွင္းရမည္ကို ၎တို႔၏ ကိုယ္ပိုင္က်င့္ဝတ္အေျခခံနည္းလမ္းမ်ား ရွာေဖြထားၾကျပီး ျဖစ္သည္။

အေမရိကန္ျပည္ေထာင္စုရွိ အျခားျပည္နယ္မ်ားတြင္မူ ကိုယ္ပိုင္ေျဖရွင္းမႈနည္းလမ္းမ်ား ခ်မွတ္လာရာ ယင္းအနက္ အခ်ဳိ ႔စည္းမ်ဥ္းမ်ားမွာ မသန္စြမ္းအခြင့္အေရးအုပ္စုတို႔ အမ်က္ထြက္ဖြယ္ရာ ျဖစ္လာသည္။

အယ္လ္ဘားမားျပည္နယ္တြင္ ႏွလံုးေရာဂါရွိသူမ်ား၊ ကင္ဆာေရာဂါရွိသူမ်ား၊ ဥာဏ္ရည္ဖြံ႔ျဖိဳးမႈ အားနည္းသူမ်ား၊ ဦးေခါင္းထိခိုက္မႈေၾကာင့္ စိတ္ေဖာက္ျပန္သူမ်ား၊ ျပင္းထန္ေသာ စိတ္ဒဏ္ရာရသူမ်ားသည္ အသက္ရွဴစက္ အသံုးျပဳခြင့္ ရႏိုင္ေခ် နည္းသူမ်ားအျဖစ္ သတ္မွတ္ထားသည္။

ထိုသို႔ အသံုးျပဳခြင့္မရမည့္သူမ်ားတြင္ ေမြးရာပါ ဥာဏ္ရည္မမွီသူမ်ား (Down syndrome) မ်ားလည္း ပါဝင္သည္။

အယ္လ္ဘားမးျပည္နယ္သည္ လူတို႔၏ အသက္ကို ေသခြင့္၊ ရွင္ခြင့္ ဆံုးျဖတ္ေနျခင္းျဖစ္ေၾကာင္း၊ မသန္စြမ္းမႈကို အေျခခံျပီး ေဆးကုသခြင့္ ပိတ္ပင္မည့္ ဆံုးျဖတ္ခ်က္ျဖစ္ေၾကာင္း မသန္စြမ္းသူမ်ားအခြင့္အေရး လႈပ္ရွားသူတို႔က ဆိုသည္။

“ဒီလိုအက်ပ္အတည္းကာလမ်ဳိးမွာ မသန္စြမ္းမႈကို အေျခတည္ျပီး လူေတြရဲ ႔အသက္ကို ေလွ်ာ့တြက္လို႔ မရပါဘူး။ ဒါက က်င့္ဝတ္ ေသြဖည္ေနပါတယ္။ ဥပေဒကိုလည္း ခ်ဳိးေဖာက္ေနတာျဖစ္ပါတယ္” ဟု အယ္လ္ဘားမားျပည္နယ္မွ မသန္စြမ္းမ်ားအေရး ေဆာင္ရြက္သည့္အဖြဲ႔ျဖစ္ေသာ Alabama Disabilities Advocacy Program (ADAP) မွ ဒါရိုက္တာ ဂ်ိမ္းစ္ တပ္ကာက ေျပာၾကားသည္။

အယ္လ္ဘားမားျပည္နယ္၊ ဗက္စတာဗီယာေဟးလ္ျမိဳ ႔သားတစ္ဦးျဖစ္သူ အသက္ ၃၇ ႏွစ္အရြယ္ရွိ မက္သူး ေဖာ္စတာသည္ ျပည္နယ္၏ အေရးေပၚ စီမံခ်က္မူအရ ထိခိုက္ရမည့္သူတစ္ဦး ျဖစ္လာေၾကာင္း ADAP က ေထာက္ျပသည္။

“ျပည္နယ္အုပ္ခ်ဳပ္ေရးအဖြဲ႔ကခ်မွတ္လိုက္တဲ့စည္းမ်ဥ္းနဲ႔ ပတ္သက္ျပီးေျပာျပေတာ့ မက္သူးက ဒီလိုျပန္ေျပာပါတယ္။ …..ကၽြန္ေတာ့္မွာ ေမြးရာပါ ဥာဏ္ရည္မဖြံ႔ျဖိဳးမႈေရာဂါ ရွိပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ့္မွာ အသက္ရွင္ခြင့္ရွိပါတယ္….လို႔ သူကျပန္ေျပာပါတယ္” ဟု ADAP ၏ ထုတ္ျပန္ခ်က္တစ္ရပ္တြင္ ေဖာ္ျပသည္။

မက္သူးသည္ ဥာဏ္ရည္မမီွေသာ္လည္း ျပီးခဲ့ေသာ ႏွစ္ေပါင္း ၂၀ တစ္ေလွ်ာက္ အလုပ္အကိုင္တစ္ခုရွိေၾကာင္း၊ သူ႔တြင္ အရည္အေသြးမ်ား၊ ဘုရားေပးသည့္ ၾကီးမားေသာလက္ေဆာင္မ်ားရွိေၾကာင္း မိခင္ျဖစ္သူ အဲလစ္က ေျပာၾကားသည္။

“သူဟာ ကၽြန္မတို႔မိသားစုနဲ႔ ဝန္းက်င္အသိုက္အဝန္းေပၚ အျပဳသေဘာအက်ဳိးသက္ေရာက္ေစမႈေတြ ရွိခဲ့ပါတယ္။ သူ႔ရဲ ႔ ဥာဏ္ရည္မမွီမႈေၾကာင့္ အသက္ရွင္ဖို႔ မထိုက္တန္ဘူးဆိုတဲ့အေပၚ ယူက်ံဳးမရျဖစ္ရပါတယ္။” ဟု မိခင္ျဖစ္သူက ဆက္လက္ေျပာၾကားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service